Hive Engine Tokens များ ( အပိုင်း - ၂ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော် Hive Engine token များ အကြောင်းမပြောခင် အမှားပြင်စရာ ရှိပါသေး သည်။ မနေ့က POB အကြောင်း post တင်ရာတွင် ထည့်ရမည့် tag နေရာတွင် POB tag ဟုသာ မှားယွင်းစွာ ရေးသား ဖေါ်ပြမိပါသည် ။ အမှန်တော့ ထည့်ရမည့် tag မှာ proofofbrain ဖြစ်မည်ဟု ထင်ပါသည်။

အဘယ့်ကြောင့် ထင်သည်ဟု ရေးရသနည်း ဆိုသော် ကျွန်တော်လည်း ယခု post မှ စတင်၍ proofofbrain ဟူသော tag တွဲရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ မနေ့က post တွင် POB ဟူ၍ tag တွဲလိုက်ရာ Proofofbrain.io blog တွင် မိမိ post ပေါ်မလာခဲ့ပါ။ ယနေ့တော့ အဆင်ပြေမည်ဟု ထင်ပါသည်။

ဟုတ်ကဲ့။ Hive Engine token များ အကြောင်း စလိုက်ကြပါအုံးစို့။ ကျွန်တော် ယနေ့ ဖေါ်ပြပေးလိုသော အခြား သော token တခုမှာ SIM ခေါ် ( Dcity token ) ဖြစ်ပါသည်။ Dcity မှာ Gaming platform ဖြစ်၍ မိမိကိုယ်ပိုင်မြို့ပြ တည်ဆောက်ရသော Game ဖြစ်ပါသည်။

အစပိုင်တွင် လူဦးရေ ဝယ်ထည့်ရ၍ ရက်ကြာလာသည်နှင့် အလုပ်သမား များ ဖြစ်လာ ပြည်သူ များလာလျင် ဆေးရုံ ဆေးခန်း ကျောင်း ဈေးဝယ်စင်တာ စသည်ဖြင့် တည် ဆောက်သွားကာ မိမိမြို့ပြအား ကိုယ်တိုင်တည် ဆောက်ယူရသော game ဖြစ်ပါသည်။ ထို game ထဲတွင် မည်သို့ Reward ရသည်တော့ ကျွန်တော်လည် မသိပါ။

မိတ်ဆွေတို့ သိသည့် အတိုင်း ကျွန်တော်က Game စိတ်ဝင်စားသူမဟုတ်။ token စိတ်ဝင်စားသူသာ ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင် Dcity ၏ SIM token မှာ လက်ရှိအချိန်တွင် Hive Engine ဈေးကွက် ၏ ထိပ်တန်း အဆင့် ၅ ဝင်သော token ဖြစ်ပါသည်။ နေ့စဉ် USD $ 2000 အထက် ဝယ်ရောင်း ဖြစ်နေသော token ဖြစ်ပါသည်။ Gaming community ခိုင်မာပါသည်။

SIM အနေဖြင့် token ၁ ထရီလီယံ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး လက်ရှိ Game နှင့် ဈေးကွက်တွင် လည်ပတ်နေသော token မှာ ၂၀၂ သန်းရှိပါသည်။ SIM အနေဖြင့် လက်ရှိပေါက်ဈေးမှာ 0.001 Hive ဈေးသာရှိ၍ ဝယ်ပျော်သော ဈေး အနေအထား ဖြစ်ပါသည်။

ဈေးကွက်လည်း ခိုင်မာသည် ဈေးလည်း နည်းနေသေးသည် ဖြစ်၍ ဝယ်စုထားသင့်သော Token ဖြစ်ပါသည်။ Staking လုပ်ထား၍ မရသောကြောင့် Stacking reward မရှိပါ။ ဝယ်စုထား၍ ဈေးတက်လျင် ရောင်း သို့မဟုတ် Game ထဲတွင် ထည့်ဆော့ကာ ပွားများ လာအောင် လုပ်နိုင်ပါသည်။ ကျွန်တော်ကတော့ game မဆော့တတ်၍ ဝယ်စု ထားယုံသာ။

ဤ နေရာတွင် ကျွန်တော် SWAP token များအား မဖေါ်ပြတော့ပါ။ SWAP.BTC / SWAP. Doge စသည့် token များမှာ Hive Engine token များ ဖြစ်သော်လည်း ပြင်ပသို့ ထုတ်ရောင်းနိုင်သော token များမဟုတ် ပြီးလျင် ဈေးနှုန်မှာ ပြင်ပဈေးနှုန်းအတိုင်း သာ ဖြစ်၍ ဈေးကြီးပါသည်။ ကျွန်တော် ပိုက်ဆံ တတ်နိုင်လျင်တော့ SWAP token ဝယ်မည့်အစား ပြင်ပတွင် BTC / ETH တိုက်ရိုက် ဝယ်ယူမည် ဖြစ်ပါသည်။ ရှိစေတော့ ။

Hive Engine တွင် ကျွန်တော်သဘောကျသော အခြားသော token တခုမှာ Starbits ဖြစ်ပါသည်။ Starbits သည်လည်း Gaming token ဖြစ်ပါသည်။ သာမန် အဆင့်မှ သီချင်းဆိုရင် တဖြည်းဖြည်း super star / mega star ဖြစ်လာအောင် ဆော့ရသော game ဟု ထင်ပါသည်။ အသိအကျမသိပါ။ အပြည့်အစုံအား www.risingstargame.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Starbits token သည် token ပမာဏ ၁ ထရီလီယံ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး လက်ရှိ ဈေးကွက် နှင့် game ထဲတွင် လည်ပတ်နေသော token မှာ သန်း ၁၃၀ ဖြစ်ပါသည်။ ကျွန်တော် အဘယ့်ကြောင့် ဤ token အား သဘောကျရသနည်း ဆိုသော် game ထွက်လာသည်မှာ မကြာသေး ခိုင်မာသော Community ကိုပိုင်ဆိုင်ထားပြီး ဈေးကွက်တွင်လည်း နေ့စဉ် ဝယ်လိုအား ရောင်းလိုအား ဒေါ်လာ ၂၀၀ အထက်ရှိပါသည်။ လက် ရှိ Starbits token ပေါက်ဈေးမှာ 0.0002 Hive သာ ရှိသေး၍ အလွန်ဝယ်ပျော် သော အနေအထား ဖြစ်ပါသည်။

လက်ရှိ အချိန်ထိ Hive Engine တွင် ထိပ်တန်းမှ နေရာယူ ဝယ်ရောင်းနေကြသော token မှာ ကျွန်တော်တို့ ဇတ်လိုက်ကျော် Leo ဖြစ်ပါသည်။ Leofinance ၏ Leo token မှာ အများသိပြီး သားမို့ အကျယ်မချဲ့တော့ပါ။ Leo token အား ၁ ဘီလီယံ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။

လက်ရှိ အချိန်ထိ လည်ပတ်နေသော Leo token အရေအတွက် မှာ ၇.၈ သန်းသာ ရှိပါသေးသည်။ Leofinance သည် Project အတော်များများ ဖေါ်ဆောင်နေသည် ဖြစ်ရာ Leo token သည် အလွန်ပင် ဝယ်စုသင့်သော token ဖြစ်ပါသည်။ သို့သော် လက်ရှိအချိန်တွင် Hive ထက် ဈေးကြီးကာ 1 Leo = 1.2 Hive ဈေးပေါက်နေပါသည်။

ဤတွင် စကားကြုံ၍ ဦးထွေးမေးထားသော မေးခွန်းအား ဖြေပေးလိုပါသည်။ ဦးထွေးအနေဖြင့် Leofinance ၏ down vote မိထားဘူး၍ ထင်ပါသည် tag တွဲရန် မဝံ့မရဲ​ ဖြစ်နေပုံရပါသည်။ အမှန်မှာ မိမိ Hive တွင် Post တင်လိုက်လျင် Leo / Neoxian / Archon / Palnet/ Creativecoin အစရှိသည်ဖြင့် လွတ်လပ်စွာ tag တွဲနိုင်ပါသည်။

Tag တွဲလိုက်ရုံဖြင့် သက်ဆိုင်ရာ Platform များတွင် မိမိ post သွားပေါ်ပါသည်။ အမှန်ကတော့ ယခင်က မိမိတို့ မသိသော ကြောင့် post တွင် Leo tag တွဲရမည့်အစား Leofinance ဟူသော tag တွဲမိသော ကြောင့် ဒုက္ခ ရောက်ကြရခြင်း ဖြစ်ပါသည်။ မနက်ဖြန်တွင် အခြားသော Hive Engine token များအား ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

13/05/2021 - Thursday - 12;07 Pm



0
0
0.000
10 comments
avatar

Htwegyi , Golden.future နှင့် ကိုဒွန် အကောင့်တို့သည် LeoFinance မှ ဘန်းထားတာ ဖြစ်ပါမည်။ LeoFinanceမှာ post တင်လည်း မပေါ်ပါ။ leo tag တွဲလည်း မပေါ် မရပါ။ ကိုဟင် ပို့စ်ကို သူတို့မှ လာဗုတ်လည်း leo reward မရပါ။ သူတို့ leo tag တွဲထားလည်း leo reward မရပါ။

0
0
0.000
avatar

စိတ်မကောင်းစရာပဲ။ အမှန်က Leo က ပို အဖိုးတန်တာရယ်။ ဒါပေသိ Hive ကနေ နည်းနည်းချင်း ဝယ်စု ရုံပါ့။

0
0
0.000
avatar

Proofof brain က
hive
Pw နဲ့ပဲဝင်ရတာလားကိုဟင်

Posted Using LeoFinance Beta

0
0
0.000
avatar

ဟုတ်တယ် ကိုရှိန်းသူ။ Hive engine က ထုတ်တဲ့ Blogging platform တွေ အားလုံး Hive Key တွေနဲ့ပဲ ဝင်ရတာ။

0
0
0.000
avatar

သီချင်းဆိုကတော့ စိတ်ဝင်စားတယ်ဗျ။ ဝင်ပြီးလေ့လာကြည့်အုံးမယ်။
စျေးကတော့ ဝယ်ပျော်တယ်။ Pizza စပြီးဝယ်ထားတုန်းက
Weekly Reward အနေနဲ့ Starbits token
ရထားတယ်။ ခုလို မျှဝေပေးလို့ ကျေးဇူးပါ ဆာဟင်။

!PIZZA

0
0
0.000
avatar

တန်းဖိုးနည်းသည် များသည် အရေးမကြီးဘူး... စုသာစု... တချိန်ကျရင် တန်ဖိုးရှိလာလိမ့်မယ်။

0
0
0.000
avatar

ဆော့ချင်တ,် game ဆိုရင်တော့ ဆော့ဖြစ်တယ်

0
0
0.000
avatar

ဆော့ကြည့်.... တချို့ game token တွေက ဈေးမကြီးသေးဘူး။

0
0
0.000