ဒီပရက်ရှင် စာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ cryptocurrency အနေဖြင့် အကျဘက်သို့ ပြန်လည် ဦးတည် လာနေသည်ကို တွေ့နေရပါသည်။ ကျွန်တော်တို့၏ Hive အနေဖြင့်တော့ ဤ တကြိမ် တွင် USD $ 0.50 ခန့်လောက် တွင် တင်ကျန်ခဲ့ လိမ့်မည်ဟု ထင်ပါသည်။ Hive ၏ အခြေအနေနှင့်ပတ်သက်၍ ကျွန်တော်ရှာဖတ်ရသလောက်တော့ အားရစရာမရှိလှပါ။

ဘယ်အချိန်တွင် ဘာထပ်လုပ်မည် နောက်ထပ် HF ဘယ်အချိန် ထပ်လုပ်မည်ဟူသည်ကို ရှာမတွေ့သေးပါ။ အားရစရာ သိပ်မရှိလှ။ ဤသို့ အီလည် လည် နှင့် ပြီး သွားမည်ကို စိုးရိမ် မိပါသည်။ ရေးသာ ရေးရပါသည်။ ဤသည်က ကိုယ်တွေ တတ်နိုင်သည့် ကိစ္စမဟုတ်။ ကိစ္စမဟုတ် ဆိုသော်လည်း မိမိတို့က Hive တွင် ပါဝင် နေပြီ ဆိုတော့ လျှာရှည် မိသည်ပေါ့။

တခါတလေတော့လည်း မိမိတို့ Hive ဈေးတက်သွားလျင် ဘာလုပ်မည်။ ဘယ်လောက် တက်သွားလျင် တော့ မိမိ Wallet တန်ဖိုး ဘယ်မျှ တက်သွားမည် စိတ်ကူးယျဉ်ရသည်က ပျော်စရာ။ ခက်သည်က Hive က ဈေးတက်မလာခြင်း ဖြစ်ပါသည်။

ကဆုန်လ နေပူချက်က လည်း ကြောက်ခမန်းလိလိ... ဒီအတိုင်း ထိုင်နေရင်းကပင် ချွေးတွေ တပေါက်ပေါက်။ နံနက် ၈ နာရီ နေအပူချိန်က သူများနိုင်ငံ၏ ၁၂ နာရီ နေအပူချိန်လောက်ရှိသည်။ နေပူကြီးပဲလားဆိုတော့ ရင်ထဲက အပူက ပိုကြီးပါသည်။ ဘယ်ရက်များ ဘာဖြစ်လာမည်လဲ။

ရင်တထိတ်ထိတ်... ကြားရသည့် သတင်းစကားများကလည်း တခုမှ အကောင်းမရှိ။ တော်လောက်ပြီ ထင်ပါသည်။ နဂို က မိုတီဗိတ် ဖြစ်သည့် စာရေးရန် ရည်ရွယ်ထားသော်လည်း .... ရေးရင်းဖြင့် ဘယ်လို ဒီပရက်ရှင် ဖြစ်သွားသည်မသိ။ ရှိစေတော့... ဒီနေ့တော့ ဒီလောက်သာ။

Henry Aung ( Kachin )

16/05/2021 - Sunday -11:40 Am



0
0
0.000
6 comments
avatar

နေကပူ ရင်ကပူ
တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ကြားထဲ
ရှို့မီးတွေ လေပင့်ခံနေရတော့
လောကငရဲမှာ သောကပွဲဆူနေရတာ
ဟိုမသာကောင် ကာလနာ မြွေ‌ပွေးကိုက် အာဏာရူး သရေကြိုးတင်းအောင်ကိုင်
ငရဲမြန်မြန်ကျမှ အေးမှာပါ။
အပူရှိန်တွေ အတော်ဟပ်ခံရတယ်ဗျာ

0
0
0.000
avatar

ဟုတ်ပါ့ဗျာ.... အဲဒီ စောက်ရူး အပူပေးသမျှ တတိုင်းတပြည်လုံး ပူနေတာ....ဒင်းမသေသ၍ အပူတွေ ဘယ်လောက် ပေးအုံးမယ်မသိ။

0
0
0.000
avatar

နေက ပူ
‌လေက ပူ
ရင်က ပူ
အပူတွေထဲ ကျွမ်းလုနေလဲ
ရုန်းကန် ထရအုံးမှာပဲ။

0
0
0.000
avatar

ရုန်းကန် နေရတာ မွေးကတည်းက ကိုထွေးရေ... ဘယ်တော့များ အေးအေးနေရမယ်မသိ။

0
0
0.000
avatar

ဘယ်လောက်ပူပူ ဗျောက်တွေကတော့ ဖောက်နေတုန်းဘဲ 🤣🤣🤣🤣

0
0
0.000
avatar

ဗျောက်တွေက ဖေါက် မီးတွေက လောင်.... နေကပူ... အပြင်သောကမီး အတွင်းသောကမီး.... မြန်မာပြည် ပဲကွက်ပြီး ငရဲကျနေတာ။

0
0
0.000