ကျွန်တော် ဝမ်းမနည်းပါ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် လက်ရှိ Hive platform ပေါ်တွင် post တင်ရင်း cryptocurrency များ ရှာဖွေရာတွင် တခါတရံ Steem ဈေးအား ဝင်ရောက်ကြည့်ရာ Steem ဈေး အနေဖြင့် အမြဲတမ်း Hive ထက် တဆင့်မြင့်နေသည်ကို တွေ့ရမြဲဖြစ်ပါသည်။

ဤအချိန်မျိုးတွင် ကျွန်တော်တို့ Steemit အားကျောခိုင်းခဲ့သည်မှာ မှားသွားပြီးလားဟူသော အတွေးများ ဝင်လာပါသည်။ နောက်ဆက်တွဲ အနေဖြင့် တွေးတောမိသည်မှာ Steemit ပိုင်ရှင်သည် တရုတ်လူမျိုး ဖြစ်သည်ဟူသော အတွေးဝင်လာမိသည်နှင့် မိမိ Steemit အား စွန့်ခွာခဲ့သည်မှာ ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သဘောပေါက်လာပါတော့သည်။

အခြားတဖက်ကကြည့်လျင်လည်း မိမိတို့ မြန်မာစာ ရေးသူများ အနေဖြင့် တရုတ်နှင့် ကိုးရီယားတို့ထံမှ အကူအညီရနိုင်ရန် အလွန်ပင် ခက်ခဲမည်ပင် ဖြစ်ပါသည်။ ယခု Hive တွင်ကော အကူအညီ ရသလားဟု မေးလာလျင် အနည်းအကျင်း တော့ရပါသေးသည်။ မိမိတို့ Post တင်လျင် ဘဲဥမကွဲသည့် post တော့မရှိသေးပါဟု ထင်ပါသည်။

Steemit အား စွန့်ခွာခဲ့ပြီးနောက် Steemit မည်သို့ ရှေ့ဆက်နေသည် မသိရပါ။ Hive ကတော့ အရှိန်အဟုန် နှင့် ဆက်သွားနေပါသည်။ Leofinance / Hive Engine စသည်တို့သည် နေ့စဉ်နှင့် အမျှ အင်းအားကောင်းကောင်းဖြင့် လည်ပတ်နေကြပြီ ဖြစ်ပါသည်။ Hive platform အတွက် လိုအပ်သည်မှာ မီးစလေး တစသာ ဖြစ်ပါသည်။

ပေါက်ကွဲ ထွက်ရန် အားယူနေသော အချိန် တွင် Leofinance ၏ Cubfinance က မီစလေး တစ ဖြစ်လာမည်ဟု ထင်ပါသည်။ Social Media / Gaming / Finance project များအတွက် အကုန်အဆင်ပြေသော ဤ Hive platform သည် တချိန်မဟုတ် တချိန်တွင် အောင်မြင်လာပါလိမ့်မည်။ ကျွန်တော် အထက်တွင် ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း မီးစလေး တစသာ လိုအပ်ပါသည်။

ကျွန်တော်တို့အနေဖြင့်ဤ Hive platform ပေါ်တွင် အချိန် တနှစ်ကျော်သာ ရှိပါသေးသည်။ နောက်ထပ် ၃ နှစ် ၅ နှစ် ခန့်တွင် မည်သို့ရှိမည် မသိပါ။ ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း Cryptocurrency သည် အချိန်ပေးရပါသည်။

ကျွန်တော်တို့ကဲ့သို့ ငွေအရင်းအနှီး စိုက်ထုတ်ကား Cryptocurrency မဝယ်စု နိုင်သူတို့အတွက်ကာ ဤ Hive Platform သည် အကောင်းဆုံး ဖြစ်ပါသည်။ ကျွန်တော်တို့ အတွက် အရေးကြီးသော ဖေါ်မြူလာတခု ရှိပါသည်။ ထို ဖေါ်မြူလာမှာ Hive platform + အချိန် + ဝရိယ = cryptocurrency ( ငွေကြေး ) ဖြစ်ပါသည်။

ဤ သို့ဆိုလျင် Steemit တွင်လည်း မဖြစ်နိုင်ပါမည်လောဟု မေးစရာ ဖြစ်လာပါသည်။ ဟုတ်ကဲ့ ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်တော့ အကောင့် အား အချိန်မရွေး ပိတ်လိုက်နိုင်သော မိမိအကောင့် လုံခြုံမှု မရှိသော နေရာတွင် cryptocurrency မရှာလိုပါ။ ရှင်းပါသည်။ တစုံတယောက်၏ ထိန်းချုပ်ခံထားရသော နေရာတွင် နေလိုခြင်း မရှိပါ။

ထို့ကြောင့် Steemit အား စွန့်ခွာ ခဲ့ခြင်း အတွက် နောင်တရခြင်း မရှိသလို ဝမ်းနည်း ခြင်းလည်း မရှိခဲ့ပါ။ Hive platform သည် ကျွန်တော်တို့ အတွက် အသင့်လျော်ဆုံးသာ ဖြစ်သလို ကျွန်တော့ မိတ်ဆွေများကလည်း Hive ဖြင့် အနေသားကျ နေပြီဟု မျှော်လင့်ပါသည်။

Hive တွင် Post တင်ရင်း မတူညီသော Cryptocurrency များ ရယူကြပါစို့ ။ မိမိ post များတွင် Leo / Palnet / Neoxag / Creativecoin/ Archon စသည် tag များတွဲပေးရန်သာ လိုပါသည်။ မိတ်ဆွေများ Hive ဖြင့် အောင်မြင်ကြပါစေ။

Henry Aung ( Kachin )

09/05/2021 - Sunday - 10;55 Am



0
0
0.000
7 comments
avatar

မည်သို့ပင်ဆိုစေကာမူ ကိုယ်ရွေးထားတဲ့လမ်း ဆက်လျှောက်ရမှာပဲဗျာ။
HIVE မှာက အခွင့်အလမ်းတွေ ပိုများပါတယ်။

0
0
0.000
avatar

ကျွန်တော်လည်း Hive ကို ပိုသဘောကျပါတယ်။ ခက်တာက သူများတွေလို အများကြီး မရင်းနိုင်ဘူး ဖြစ်နေတာ။

0
0
0.000
avatar

ကိုဟင် ကနောင်တ မရဘူးဆိုတော့ ကျုပ်တို့လည်
နောင်တ မရပါဘူး။ တရုတ်ဆိုတော့ ပိုတောင် အသည်းနာသေး ။
မီးစ တစ်စသာ လိုတော့တဲ့ hive မှာ ဝိရိယကောင်းကောင်း
ဇွဲရှိရှိနဲ့ စာတွေရေးတင်နေရမှာပ။

0
0
0.000
avatar

ဝရိယသာထား... အကျိုးထူးလိမ့်မယ်။ ကိုဟင်လည်း တတ်သလောက် တော့ ရေးတင်နေတယ်။ မနက်ဖြန် Hive Engine token တွေ အကြောင်း ရေးတင်ပေးမယ်။

0
0
0.000
avatar

နောင်တ မရပါဘူးဗျာ။ Hive က စပြောင်းလာခဲ့ကတည်းက
အကျိုးအမြတ်မယူပဲ ရှိရင်း HP မလျော့ပဲ ပြောင်းလာခဲ့တာပဲဗျာ။
Hp 130 ဝန်းကျင်နဲ့ စခဲ့တာ ခုဆို HP 500 ပြည့်တော့မယ်😍...

!PIZZA

0
0
0.000