ကျွန်တော်နှင့် ခွေးကောင် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့ cryptocurrency ဈေးနှုန်းများ ကြည့်လိုက်လျင် အံ့ဩစရာ တခုအား တွေ့ရမည် ဖြစ်ပါသည်။ ထိုအရာမှာ Doge ဟူသော ခွေး coin ဖြစ်ပါသည်။ အဘယ့်ကြောင့် ယခုလောက်ဈေးတက်လာရပါသနည်း ။ XRP ဟူသော Ripple ကို ကျော်တက်ကာ ၂၄ နာရီ ရောင်းဝယ်အား ဒေါ်လာ ဘီလီယံ ၄၀ အထက်နှင့် ယနေ့ cryptocurrency ညွန်းကိန်း အဆင့် ၄ နေရာတွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။

အမှန်ဆိုရလျင် doge coin သည် အပျော်တမ်းထုတ်ထားသော coin တခုသာ ဖြစ်ပါသည်။ cryptocurrency ဝယ်ရောင်း ကစားနေကြသူတို့အား ကျွန်တော်နားမလည် နိုင်တော့ပါ။ Hive ကဲ့သို့သော blockchain platform များတွင် ရင်းနှီမြုပ်နှံမှု မလုပ်ပဲ Doge ကဲ့သို့သော coin အား ဝယ်ယူနေကြသည်မှာ အံ့ဩစရာ။

ပူပေါင်းပဲ ဖေါက်ကြမလား .... တကယ်ပဲ ဝယ်စု ကြသည်လား ။ ဒေါ်လာ သန်း ရာကျော်ဆိုလျင် ထားတော့ ။ ယခု ဘီလီယံ ၄၀ ကျော်ဆိုတော့။ မိတ်ဆွေတို့ သိကြပြီး ဖြစ်သည့် အတိုင်း လွန်ခဲ့သော နှစ်များက Doge coin ဈေးနှုန်းမှာ $ 0.002 အဆင့် သာ ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ယခုတော့ $0.6 ဆိုတော့ မနာလို ချင်စရာ။

အမှန်တော့ ဘာမှမဟုတ်ပါ။ ကျွန်တော့ အနေဖြင့် Doge coin ဝယ်မစုထားသောကြောင့် မချိမခံသာ ဖြစ်နေခြင်းသာဖြစ်ပါသည်။ Cryptocurrency ဝယ်ရောင်း ကစားနေသူတို့ကလည်း Hive ကို ဘယ်အချိန်ကျ မှ မျက်စိ ကျလာမည် မသိ။ ဝယ်လိုက်ကြပါတော့လား Hive ၁၀ ဘီလီယံဖိုးလောက်။

လောလောဆယ် တော့ Cryptocurrency ခွေးကောင် နှင့် မြန်မာပြည်ခွေးကောင် ကတော့ ဖလမ်း ဖလမ်း ထနေပါသည်။ ခွေးကျကျ မည့် အချိန်သာ စောင့်မျှော်နေမိပါတော့သည်။

Henry Aung ( Kachin )

06/05/2021 - Thursday - 09;45 Am



0
0
0.000
8 comments
avatar

ဝိုး 35 Doge free ရထားတာ 1$ လောက်ပဲ ရှိလို့ Trust Wallet ထဲ ပစ်ထားတာ ကိုဟင် ပို့စ် ဖတ်ပြီး သွားကြည့်တော့မှ 22$ တတ်ကြေး ရှိနေတယ်။
ရောင်းပစ်သင့်တယ်မလားဗျ။

0
0
0.000
avatar

ကိုဟိန်းရေ... သဘောရှိပါပဲ။ coin / token တွေက ရှေ့ရေး ခန့်မှန်းရခက်တယ်။ ကိုယ်က စိတ်ပြတ်သားဖို့လိုတယ်။ ရောင်းရင် အပြတ်ရောင်း နောက်ဈေး ထပ်တက်လည်း ဝမ်း မနည်းနဲ့... မပြတ်သားဘူးဆိုရင် စုထား... target တခုရောက်ရင် ရောင်းမယ်။ အဲဒီလိုလုပ်။

0
0
0.000
avatar

ဝိုး ဝယ်ထားသူ ကိုဟိန်း ကံကောင်းပ။
ဘာမှမသိသူ ကိုယ်တွေ ဝမ်းသာအားကျ။
Hive အလှည့်ရောက်လာမှာပါ ကိုဟင်ရ။

0
0
0.000
avatar

ဟုတ်ပ ဦးထွေးရာ..... Hive များ 10 ဘီလီယံဖိုး လောက် ဝယ်လိုအား ရောက်လာကြည့် ဝက်ဝက်ကွဲမှာ

0
0
0.000
avatar

ခွေးဆို ကောင်းကျိုးကို မပေးပါဘူးဗျာ။
မြန်မာပြည်က ခွေးကတော့ ဘယ်တော့ သေပန်းပွင့်မလည်း
မျှော်နေရတာပဲ.... 😁

!PIZZA

0
0
0.000
avatar

ဟုတ်ပါ့... သေပဲ မသေနိုင်ဘူး.... အလုပ်တွေ ကောင်းကောင်းမလုပ်ရဘူး ဒင်းအသက်ရှင်နေသရွေ့

0
0
0.000
avatar

Doge က ​ခွေးကျ မကျ​တော့ မသိဘူး။ မြန်မာပြည်က ​ခွေးကောင်က​တော့ ​ခွေးကျ ကျမှာ အ​သေအချာပဲ

0
0
0.000