စာရေးရတာပျော်စရာ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ နေ့စဉ်နှင့်အမျှ စိတ်မချမ်းသာစရာများဖြင့်ကျော်ဖြတ်နေကြရသော ကျွန်တော့ မိတ်ဆွေများအတွက် နောက်ထပ် စိတ်မချမ်းသာ စရာများ ရေးသားလိုစိတ်မရှိတော့ပါ။ ယခု အချိန်ကာလတွင် စိတ်အားတက်စရာ ဝမ်းသာ စရာ များသာရေးသား ချင်ပါသည်။ ဟုတ်ကဲ့ cryptocurrency အကြောင်းပါပဲ။

ဘာလိုလိုနှင့် ကျွန်တော်တို့ Hive platform ပေါ်တွင် ၁ နှစ်ကျော် အချိန်ပေးလာခဲ့ပြီးနောက် ယခု အချိန် တွင် Hive သည် အရှိန် တခုရလာခဲ့ပြီ ဖြစ်ပါသည်။ Hive platform နှင့် Hive Engine အားအမှီပြု၍ project အတော်များများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သလို ထို project များကလည်း မိမိတို့ project အောင်မြင်စေ ရန်အတွက် အစွမ်းကုန် လုပ်ဆောင်နေကြသည်ကို အားရဖွယ် တွေ့မြင်နေရပါသည်။

ကျွန်တော်တို့ အနေဖြင့် Hive Vote တချက်တွင် မတူညီသော Cryptocurrency များ ရရှိနေနိုင်ပြီ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် နည်းသည် များသည် အရေးမကြီးပါ။ မိမိ Vote တချက်ကြောင့် အခြားသူများ ဝင်ငွေရစေနိုင်သော ဤ Blockchain အား အလွန်ပင်သဘောကျ နေပြီ ဖြစ်ပါသည်။

Hive Engine မှ ထုတ်သော token များ ဖြစ်သော်လည်း Hive ဖြင့် အချိန်မရွေး ပြောင်းလည်း ယူနိုင်သော token များ ဖြစ်သောကြောင့် တန်ဖိုးရှိနေသည်သာ ဖြစ်ပါသည်။ ကျွန်တော့ Vote တချက်ကြောင့် Hive 0.1 / PAL 0.1 / Leo 0.1 / Neoxag 2 / Archon 0.3 များရရှိနိုင်ပြီ ဖြစ်ပါသည်။ လက်ရှိ အနေဖြင့် နည်းသည်ဟု ဆိုနိုင်သော်လည်း ရက်လများကြာလာလျင် တဖြည်း ဖြည်း များလာမည်သာ ဖြစ်ပါသည်။

Creative coin လည်း စုထားသောကြောင့် Creativecoin tag လည်း တွဲနိုင်ပြီ ဖြစ်ပါသည်။ Creative coin အား ယခု ဆောင်းပါးမှ စ၍ tag တွဲရမည် ဖြစ်သောကြောင့် မည်မျှ ရနိုင်မည် မသိသေးပါ။ သို့သော်လည်း အနည်းအများ မဆို ရနိုင်သည်ကတော့ သေချာပါသည်။

ထို့အတူ Pizza project အားလည်း သဘောကျနေပါသည်။ ဘီယာ game ကဲ့သို့ Pizza ဖုတ်ရသော ဂိမ်းဟုသာ အကြမ်းဖျင်းသိထားပါသည်။ အသေးစိတ်မလေ့လာရသေးပါ။ မည်သို့ပင်ဆိုစေ Hive တွင် Post တင်ရသည်က ပျော်စရာကောင်းလာသည်ကတော့ သေချာပါသည်။

မိတ်ဆွေတို့ အနေဖြင့် လည်း မသိသေးလျင် ကျွန်တော် ဖေါ်ပြထားသော tag များသာ တွဲ၍ post တင်လိုက်ပါ။ Vote ပေးရန် ကျွန်တော့တာဝန်ထားပါ။ မသိသေးသူများအား လည်းလက်တို့ လိုက်ပါရန် နှင့် စာရေး post တင်ကြပါရန် ဆြော်ဩ လိုက်ရပါသည်။ Hive Platform ဖြင့် အဆင်ပြေကြပါစေ။

Henry Aung ( Kachin )

05/05/2021 - Wednesday - 09;25 AM



0
0
0.000
8 comments
avatar

I don't know what this says, but it's a beautiful-looking language. I read a lot about Burma lately due to what's happening there and wish you safety and peace.

Posted Using LeoFinance Beta

0
0
0.000
avatar

Thanks a lot for your warm comment. Actually , the article is about Hive Platform and the benefits of Hive-Engine's tokens.

0
0
0.000
avatar

ဟုတ်ကဲ့ leo tag တော့ သိပ်မတွဲရဲဘူးဗျ။ မြန်မာ Community က အားနည်း
သေးတော့ သိပ်ပြီး မြန်မာစာကို အရေးတယူ မရှိလှဘူး။ CCC နဲ့ Archon တွဲလို့
ရပြီဆိုတော့ ကျေးဇူးပါကိုဟင်။ Archon က စျေးအတင့်အသင့်ရှိလို့ ဝယ်ပြီး
မရင်းနိုင်လို့၊ စျေးနည်းသေးပေမဲ့ Community ကောင်းရှိတဲ့ Sports ကို​တော့
အနည်းငယ် ဝယ်စုထားမိတယ်။
Foodie Community လည်းတွေ့ထားတယ် ကိုဟင်။
https://foodiesunite.net/hive-101690/@myanmarkoko/my-daily-activities-roasted-steps-report-3-may-2021

ပြီးတော့ CTP Platform
https://ctptalk.com

proofofbrain ကလည်း ခုနောက်ဆုံးထွက်လာတာဗျ။
https://www.proofofbrain.io

ခုနောက်ပိုင်း movie အကြောင်းတင်လို့ရတဲ့ Platform ထွက်လာပြီဗျ
https://www.cinetv.io/chinese-movie/@myanmarkoko/the-yinyang-master-movie

ကိုဟင်တစ်ချက်လောက် လေ့လာပြီး အလားလာရှိတာလေးတွေ မျှဝေပေးပါဦးဗျ။

0
0
0.000
avatar

ကျေးဇူးပဲ Myanmar koko ရေ.... အစ်ကိုကတော့ Hive Engine ထဲမှာ ၂၄ နာရီအတွင် ဒေါ်လာ ၁၀၀ ဝန်းကျင် trading volume ရှိတာကို ရွေးပြီ အလားလာရှိတယ်လို့ သတ်မှတ် ထားတာပါ။ အမှန် တော့ coin / token တွေရဲ့ ရှေ့ရေးက ခန့်မှန်းရခက်ပါတယ်။ sport ကို ကြိုက်ပေမယ့် ထုတ်မယ့် token က ၁၀ ထီရ်လီယံ ဆိုတော့ များလွန်း သလားလို့ .... အဓိကတော့ မိမိ အကြိုက်တွေ့ဖို့ရယ် သူတို့ စည်းမျဉ်းဥပဒေ ကိုလိုက်နာပြီး tag တွဲ နိုင်ရင်တော့ အကောင်းဆုံးပေါ့။

0
0
0.000
avatar

Tag တွေအများကြီးတွဲရမှာဆိုတော့ coin တွေအများကြီးရလာပြီး
ငွေတွေလည်အများကြီးဝင်လာကြပေတော့မည်။
မျှော်လင့်ချက်ရောင်ခြည်သန်းလာချေပြီ။

0
0
0.000
avatar

တရက် တလ မသိသာပေမယ့် တနှစ် ၂ နှစ်ဆိုရင် အတော်သိသာလာပါလိမ့်မယ်။

0
0
0.000
avatar

Connection က ပုံတောင် တင်မရသေးလို့
သိပ်မလုပ်နိုင်သေးဗျာ။
ဒါနဲ့ ကိုဟင် ဘာလိုင်း သုံးလဲဗျ

0
0
0.000
avatar

အမှန်ကို ပြောရရင် လက်ရှိ internet က Mobil banking တွေ အတွက် ဖွင့်ပေးရုံ သက်သက်ပါ။ တရက်ပဲ data တွေ ဖွင့် ပေးလိုက်တာပါ။ နောက်တော့ Google , Facebook, အခြား website တွေ အကုန် ပိတ်တာပါပဲ.... ကိုဟင်လည် VPN နဲ့ သုံးနေလို့ပါ။ . ဘယ်နေ့ VPN တွေပါ အပိတ်ခံရမယ်မသိပါဘူး။ မြန်မာပြည်မှာ လူဖြစ်လာရပြီကိုး..... ဒုက္ခတွေမျှဝေခံစားရုံပေါ့...

0
0
0.000