ဒီလိုသာဆိုရင်ဖြင့် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော Wifi အဆင်မပြေသည်က တကြောင်း ၊ Covid-19 ကြောင့် ပရဟိတ အသေးစားလေးများ လုပ်နေရသည့်အတွက် Hive ပေါ်သို့ မရောက်ဖြစ်ခဲ့ပါ။ ရန်ကုန်အား Stay Home စည်းကမ်း ချထားသည့် အတွက် မည်သူမျှ အပြင်မထွက်ကြတော့။ Stay Home ကာလတွင် Wifi ပျက်သွားသော မိမိ၏ ကံကြမ္မာ အားသာ ပုံချလိုပါတော့သည်။ လောလောဆယ် လမ်း အတွင်းသို့လည်း လူစိမ်း အဝင်မခံ။ မည်သို့ လုပ်ရပါမည်နည်း။

ကံကောင်းထောက်မစွာ နေ့လည်က ကိုယ်တော်ချော Wifi ပြင်သူတို့ ရောက်လာသော ကြောင့် ယခုတော့ Wifi ပြန်ရပြီ ဖြစ်ပါသည်။ သို့မဟုတ်လျင် တော့ Stay Home နေထိုင်ရသည့် ကာလတွင် အင်တာနက် တရားသာ ရှုရတော့မည် ဖြစ်ပါသည်။

" ဪ.... မရှိမဖြစ် ရအပ်သော အင်တာနက်တို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်း သဘော ဆောင်ပါတကား " ဟု အင်တာနက် ဝိပသနာ ရှုလိုက်လျင် Stay Home ကာလလွန် မြောက်လျင် သောတာပန် ဖြစ်လောက်ပါသည်။ ရှိစေတော့။ ယခုတလေး Covid-19 ကူးစက်ရောဂါ ကူးဆက်နှုန်းက အတော်လေးပင် ကြောက်စရာ ကောင်းနေပါတော့သည်။

ယခင်က ၁၀ ယောက်ပိုးတွေ့ မှ ၅၀ / ၁၀၀ ဖြစ်လာသည် ။ ယခု တော့ ၃၀၀ / ၄၀၀ ဖြစ်လာပါတော့သည်။ ကျွန်တော့ ဆေးခန်း ပိတ်ထားသော်လည်း တံခါး လာခေါက်ကာ တောင်းပန်၍ ဆေးလာဝယ်ကြပါသည်။ မရောင်းဘူး ဟုကလည်း ပြောမထွက်။ ဘေးအိမ်ရှိ ရာအိမ်မှူးကလည်း ဆေးဆိုင်တော့ မပိတ်ပါနဲ့ တရပ်ကွက်လုံး ဒီဆေးဆိုင်လေးပဲ အားကိုးဝယ်နေရတာ။ ဘယ်သူမှ တခြား လမ်း မထွက်ချင်ကြတော့ဘူး .... ဆိုတော့ ပြန်ဖွင့်ပေးရပါတော့သည်။

၆ ပေ စည်းကမ်းလိုက်နာ ။ ဆိုင်အတွင်း ဝင်ခွင့် မပြုတော့။ သံပန်းမှ ကြိုးတားလိုက်ကာ တုတ်တပ်ထားသော ခြင်း ကလေးဖြင့် ဆေးပေးဆေးယူ ၊ ငွေပေးငွေယူ။ လွန်ခဲ့သော တရက်ကျော်က လမ်းထဲရှိ တိုက်တတိုက် Lock Down ထိပါတော့သည်။ Lock Down ဆိုသည့် အတိုင်း ကြိုးဝါ တား ။ ဆေးဖြန်း ။ အပြင်လူ အတွင်း မဝင်ရ ၊ အတွင်းလူ အပြင်မထွက်ရ ။ ရပ်ကွက် လူကြီးများ ကြပ်မပ်ရပါတော့သည်။

မိတ်ဆွေတို့သိကြသည့် အတိုင်း ပိုးက အနီးအနား သို့ ရောက်လာပြီ ဆိုတော့ လမ်းထဲရှိလူများက ၂ ဆတိုးကြောက်ကာ Panic Buying လုပ်ကြပါတော့သည်။ ပါရာစီတောမော ၊ စီဗစ် ၊ အားဆေးများ ၊ ကြက်ပေါင်းရည်များ ၊ အလုအယက် ဝယ်ကြပါတော့သည်။ ကျွန်တော်လည်း ရှိသည်ကတော့ ရောင်းပေးနိုင်သည်။ မရှိတော့လျင် တော့ မတတ်နိုင်။ ယခု အချိန် ဘယ်ဆေးကုပ္မဏီ မှ ဆေးလိုက်မပို့ပါ။ အော်ဒါ လက်ခံမှုများ ရပ်နားထားကြပါသည်။

ထို့အပြင် ရန်ကုန် အား အဝင်အထွက် ပိတ်ထားသည် ဖြစ်၍ ရန်ကုန် အတွင်း၌ ရှိသော ဆေးတို့ဖြင့် တောင့် ခံထားရုံသာ။ ဆိုခဲ့သည့် အတိုင်း ယနေ့မှ စကာ ၁၄ ရက် Stay Home ရမည်ဖြစ်သည့် အပြင် ဌာန ဆိုင်ရာများကပါ ကြပ်မတ် နေသောကြောင့် နေ့ခင်း နေ့လည် လမ်းတွင် လူမရှိ။ ယခင်က ဆူညံနေသော လမ်းမ .... ယခုတော့ တိတ်ဆိတ်ငြိမ်သက် လို့နေပါတော့သည်။

လူအများကလည်း တကယ်ပင် သေရမည်ကို ကြောက်ကြသော ကြောင့် အပြင်မထွက်ကြတော့။ ရန်ကုန် သည် တကယ်ပင် အရေးပေါ်အခြေအနေသို့ ရောက်နေပြီ ဖြစ်ပါသည်။ ယခုဆိုလျင် ရောဂါ အခြေအနေမဆိုးသူများ .... အနံ့ ပျောက်နေသော လူနာ များအတွက်လောက်တော့ မိမိအိမ်တွင် Home Quarantine ဝင်ရန် ပြန်လွတ်နေကြရသည့် အခြေအနေဖြစ်ပါသည်။

ဤတွင် Dominos affect ရောက်လာပါတော့သည်။ လူများ မထွက်ရ ၊ မထွက်တော့ ဆိုက်ကား စီးမည်သူမရှိ ၊ ဆိုက်ကားသမား တွင် မိသားစုရှိသည်။ ဖခင်ပြန်လာမည့် အချိန်အား ထမင်းချက်ရန် မျှော်နေသည့် ဇနီးမယား သားသမီးများ ရှိသည်။ လမ်းဘေး အကြော်ဖိုအား အမှီပြုစားသောက်နေသော မိသားစုသည် ခြေက်ကပ်နေသော လမ်းမကြီးအားကြည့်ကာ ဝမ်းမဝနိုင်ပါ။

အစိုးရက ထောက်ပံ့ကြေးများ ပေးတော့မည် ပြောကြသည်။ သို့သော် ဟိုနေ့ ပေးမယောင် ဒီနေ့ ပေးမယောင်... အထည်ချုပ်ကဲ့သို့သော လူအင်အားများသည့် လုပ်ငန်းများ ရပ်နားကြတော့မည်။ အချို့က လုံးဝပိတ်သိမ်းကြတော့မည်။ အစိုးရကတော့ ဤ Covid-19 ကြောင့် ပျက်စီးနေသော အနေအထားအား ကုစားရန် ဘီလီယံနှင့် ချီ၍ သုံးမည်ဟု သတင်း ဖတ်မိပါသည်။

သို့သော် တဖက်ကလည်း နေ့ပြန်တိုး မပေးနိုင်သော ငွေရှင်များ၏ အော်ဟစ် ကြိမ်းမောင်း ဆဲဆိုသံကို ကြားနေရပါသည်။ ဟုတ်သား။ ငွေတိုးပေးသူတို့ကာ ... Covid-19 အားနားမလည်ပါ... သူတို့နားလည်သည်က ... သည်နေ့ ဘယ်သူ့ထံမှ အတိုး ဘယ်လောက် ရမည် ဟူသည်သာ။

စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ထော့ကျိုး အစိုးရ ၊ နောက်တခါ လက်တလုံး အလို ချောက်ထဲမှ ကယ်တင်ချင် နေသော သူများ ၊ ရွေးကောက်ပွဲကလည်း နီးလာ ၊ Covid ကလည်း အားကောင်း ၊ ပဲပင်ပေါက်ကလည်း အညှောင့် ထွက်လာသလို ၊ နှင်းဆီပန်း ကလည်း အခုကြမှ လန်းဆန်လာပါတော့သည်။လေယူရာသိမ်း ယိမ်း တတ်သော ကျွန်တော်တို့ လူမျိုးများသည် " ဒီလိုသာ ဆိုရင်ဖြင့် " ကိုဟင် အနည်းငယ်စိတ်ပူမိပါသည်။

Henry Aung ( Kachin )
18;35 pm ( Thursday )

H1.jpeg



0
0
0.000
6 comments
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You distributed more than 21000 upvotes. Your next target is to reach 22000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @hivebuzz:

Update for regular authors
0
0
0.000
avatar

ကာကွယ်ဆေးတွေ ပေါ်နေပြီတော့ ကြားမြင်နေရပါတယ်
ဖြစ်သလိုနေတတ်တဲ့ နိုင်ငံသားတွေ တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်ချင်ပါတယ်။

0
0
0.000
avatar

ပဲပင်ပေါက် အညှောက်ပေါက်တာက စစ်ဘက်အတွက် နှင့် နှင်းဆီပန်း နီမြန်းလာတာက တီရုပ်ကြီးအတွက် ဖြစ်လာရင်တော့ မြန်မာပြည်သူတွေ
အို မတွေးရဲ မတွေးချင်စရာတွေ

0
0
0.000
avatar

ကျနော်တို့ပြင်ဦးလွင်တော့ အခြေနေမဆိုးသေးဘူးဗျာ။
နဲနဲတော့ခံသာသေးတယ်။ ဒါပေမဲ့ အဝေးကလာရင် ရပ်ကွက်ထောက်ခံစာပါမှ ခွင့်ပြုတယ်။

0
0
0.000
avatar

ဂရုစိုက်ပါဗျ

0
0
0.000
avatar

အခုပဲ ကျွန်တော်တို့ ချမ်းအေးသာစံမြို့နယ် စတေးဟုမ် သတ်မှတ်လိုက်ပါပြီ

0
0
0.000