Cryptocurrency စားပွဲတော် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော ကျွန်တော်တို့ အဆက်ဟောင်း Steemit မှ လှုပ်လှုပ် ရှားရှား အသံများ ပြန်ကြာလာရသဖြင့် ဘာရယ်မဟုတ် Steemit အကောင့် ဟောင်းအား ဝင်ကြည့် ဖြစ်ခဲ့ပါသည်။ steemit ကတော့ အမှန်ဆိုရလျင် ကိုးရီးယား နှင့် တရုတ် တို့၏ အချင်းချင်း vote ယူကာ ငွေထုတ်စား ရာနေရာတခု ဖြစ်နေသည်ကို တွေ့ရပါသည်။

Power အားကြီးသူတို့ လွတ်လပ်စွာကျင်လည် ရာ နေရာ တခု အဖြစ်ရှိနေသည်ကို တွေ့ရပါသည်။ အမှန်တော့ ယခုတလော SBD အား ဈေးမြှင့်လိုက်သော ကစားကွက်သည် ယခင် Steemit လူဟောင်း များအား အနည်းနှင့် အများ ရိုက်ခတ် သွားခဲ့ပါသည်။

လူဟောင်းတိုင်း နီးပါး ကိုယ့် Steemit အကောင့် ဟောင်း လေးတွင် SBD လက်ကျန်လေးများ ရှိသေးသလား ဟူ၍ ဝင်ရောက်ကြည့်မိကြသည်သာ ဖြစ်ပါသည်။ အမှန်တော့ Justin ကစားကွက် လှပါသည်။ လူတိုင်းက မျှော်လင့်ထားကြသည်မှာ Justin သည် Steemit နှင့် ပတ်သက်၍ Hive နှင့်ပြသနာတက်ပြီး သူမျက်နှာပျက်ခဲ့ရသည်ကို အဖတ်ဆယ်သည့် အနေဖြင့် Steem အား တနည်းနည်းဖြင့် ဆွဲတင်လိမ့်မည်ဟု ထင်ထားခဲ့ကြပါသည်။

ကျွန်တော်လည်း ထိုအတိုင်းသာ ထင်ခဲ့ပါသည်။ သို့သော် သူ့အနေဖြင့် Steem အား ဆွဲတင်လိုက်လျင် အတက်ဈေးတွင် ထိုးရောင်းမည့်သူများ စောင့်နေကြသည်ကို သူလည်းသိပါသည်။ သူဆွဲတင်လိုက်သည်က SBD ။ Justin နှင့် ကိုးရီးယား တို့ပတ်သက်မှုအား ကျွန်တော့အနေဖြင့် အသေအချာမသိပါ။ သို့သော် Justin အား အရှက်ခွဲခဲ့သူမှာ ကိုးရီးယား အကောင့် တခု ဖြစ်သည်ကိုတော့ သိထားပါသည်။ ထားပါ။ ဤသည်က Justin နှင့် ကိုးရီးယားတို့ ပြသနာ။

လက်ရှိ SBD ကို ဆွဲတင်ကြသည်က ကိုးရီးယားတို့ ဖြစ်ပါသည်။ အဓိက လိုရင်းမှာ Steemit အကောင့် တွင် TRX wallet ပါလာပြီ ဆိုသည်ကို ကြေညာလိုရင်း ဖြစ်ပါသည်။ ဆိုတော့ Trx wallet ဖွင့်လိုက်လျင် Steem airdrop ရမည်လားဆိုတော့ မဟုတ်ပါ။ ထို Trx wallet တွင် Trx ဖြည့်ပြီး Tron project များကို voting ပေးရမည် ဖြစ်ပါသည်။

မိမိပေးထားသော voting များအလိုက် မိမိအနေဖြင့် အချိုးကျ ( မည်ကဲ့သို့ အချိုးချသည်ကို မသိပါ ) ပြန်ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိ post တင်လိုက်ပြီးနောက် Steem ရသလို Trx ရနိုင်မည်မဟုတ်ပါ။ မိမိက Trx ဝယ်ထည့်ကာ Tron Project များအား vote ထားပေးရမည် ဖြစ်ပါသည်။ ဆိုတော့ vote ပေးရုံဖြင့် token ရမည်ဆိုတော့ ဘာရယ်မဟုတ် Trx ဝယ်ထည့်ထားကြမည်သာဖြစ်ပါသည်။

အမှန်တော့ Justin လိုချင်သည်ကလည်း ထိုအရာသာ ဖြစ်ပါသည်။ သူအနေဖြင့် Social media / decentralised ဘာညာ စိတ်မဝင်စားပါ။ သူ့ token ဖြစ်သော Tron ( Trx ) အား Ethereum ကဲ့သို့ အောင်မြင်စေချင်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့အနေဖြင့် သူ့ Tron project များအား support ပေးမည့် Community များအား လိုက်ဝယ်နေခြင်း ဖြစ်ပါသည်။

တကယ်တမ်း တွက်ကြည့်လျင် Trx ဝယ်ပြီး stack လုပ်ကာ Tron project များအား vote ပေးနေရသည်ထက် Hive ဝယ်ကာ power up ပြီး @leo.voter အား Delegate လုပ်ထားခြင်းက ပို၍ တွက်ခြေကိုက်ပါသည်။ မယုံလျင် တွက်ကြည့်ပါ။

လက်ရှိ Hive သော်လည်းကောင်း Leo token သည်လည်းကောင်း Tron ၏ Trx ထက်ပို၍ တန်ဖိုးရှိနေသည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ SBD ဈေးတက်ခြင်းကြောင့် Steemit အကောင့် ပိုင်ဆိုင်ထားသူတို့ အမြတ်မရကြပါ။ သို့သော် Justin ၏ Trx wallet ကို လူအတော်များများ သိသွားကြပါသည်။ Justin လိုချင်သည်ကလည်း ထိုအရာသာ ဖြစ်ပါသည်။ Attention ယူတတ်သူတို့ Cryptocurrency လောကတွင် ကျင်လည်နေကြပါသည်။

အချို့က ဝက်သားကြိုက်သည်။ အချို့က ကြက်သား ကြိုက်သည် ။ အချို့က အမဲသား ဆိတ်သား ကြိုက်သလို အချို့က အသားမစားသော သားသက်လွတ် သမားများ ဖြစ်ကြပါသည်။ Cryptocurrency တွင်လည်း အချို့က BTC ကြိုက်သည် အချို့က ETH မှ ETH ဖြစ်သလို အချို့က BNB ကို အသေစုကြပါသည်။ ဟုတ်ကဲ့ မိတ်ဆွေကော မည်သည့် အမျိုးအစားတွင်ပါပါသနည်း။ ရောင်းသူများကတော့ သူရို့ အသားသည် အကောင်းဆုံးဟု ပြောကြပါလိမ်မည်။ ဟုတ်ကဲ့ ။ ကျွန်တော်ကတော့ အစုံစားပါသည်။

Henry Aung ( Kachin )

04/12/2020- Friday - 18;00 hrs



0
0
0.000
7 comments
avatar

ကျွန်တော်ကတော့ ပြန်ဝင်မကြည့်တော့ပါဘူးဗျာ။
SBD လည်း ရှိမှမရှိပဲကိုး😁။
ဘာပဲဖြစ်ဖြစ် Hive ကိုတော့ အများကြီးညမျှော်လင့်မိတယ်။

0
0
0.000
avatar

အတူတူပါပဲ..... အများကြီးတော့ မမျှော်လင့်ပါဘူး....

0
0
0.000
avatar

သူရို့တွေ ဘာစားစား ကျုပ်တို့ကတော့ အစုံစားပြီး
အသီးအရွက်လေးလည်း စားချင်မိပါသည်။

0
0
0.000
avatar

အစုံစားတာပဲ ကောင်းပါတယ်..... နည်းသည် များသည် မရွေးပေါ့

0
0
0.000
avatar

ဘာပဲဖြစ်ဖြစ် လတ်တလော အာရုံဝင်စားမှုတွေ ရှိသွားကြတာပဲဗျ။
Reward မှာ SP ရသည့် အတိုင်း TRX ရပါမယ်။ ဒါက အပို ရသည့် သဘောတော့ ဆန်ပါတယ်။
တရုတ် ကိုရီးယား ကောင်တွေနဲ့ ဆက်နွယ်မှု မရှိရင်တော့ ခု ဆောင်ရွက်လို့ မလွယ်၊ မကိုက်တော့ပါဘူးဗျာ။

Posted Using LeoFinance Beta

0
0
0.000
avatar

ကျွန်တော်တို့လည်း အစုံကြိုက်ပါတယ်ခင်ဗျာ။

0
0
0.000
avatar

ကိုဟင့် ဆောင်းပါးတွေ ဖတ်ရတာ အကြောင်းအရာတွေ ထပ်သိချင်လာစေတယ်

0
0
0.000