မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Cryptocurrency အကြောင်းရေးရန်သာ အားသာနေသဖြင့် Cryptocurrency အကြောင်းသာ ရေးပါအုံးမည်။ သည်းခံ၍သာ ဖတ်ကြပေရော့။ ကျွန်တော်တို့ cryptocurrency လောကထဲဝင်လာကာစ ဖြစ်သော ၂၀၁၆ မှ ၂၀၁၈ လောက်အထိ Cryptocurrency လောကမှာ ICO ဖြင့် ခေတ်စား ပါသည်။
Coin / token အသစ်ထုတ်လျင် ICO အရင် ခေါ် token အား ဈေးနည်းနည်းဖြင့် များများဝယ်ထား ။ ထို့နောက် ထို ICO ခေါ်ထားသော Project အောင်မြင်လာလျင် ထို token တို့ အား တက်ဈေးပြန်ထုတ်ရောင်း ။ ထို့နောက်တော့ ICO ပိုမို အောင်မြင်စေရန် Airdrop ချပေးသည်စနစ် ခေတ်စားလာခဲ့ပါသည်။
Airdrop ခေတ်စားလာသည်နှင့်အတူ လိုက်ဖမ်းကြစမ်း ဟူသည့် Airdrop ။ အချို့က ဖုန်းပူလာသည် အထိ လိုက်ဖမ်းကြသလို အချို့ကလည်း Gmail အကောင့်ပေါင်းရာချီဖွင့် ၍လေပြုတ်ကျ များလိုက်ဖမ်းခဲ့ကြပါသည်။ ထို့ နောက်တော့ ICO အစား IEO ( Initial Exchange Offering ) များလုပ်လာကြပါတော့သည်။
Coin / token များ Exchange Site များတွင်ကြိုတင်ဝယ်ယူနိုင်ကာ ထို token ၏ project များ လွင့်တင်သည်နှင့် token များအား ဝယ်ယူထားသော Exchange တွင်ပင် ချရောင်း နိုင်ပါသည်။ ၂၀၂၀ တွင်တော့ Cryptocurrency များပုံစံ တမျိုးပြောင်းသွားကြပါတော့သည်။ မိမိတို့ Coin / token များအား စုထားရုံဖြင့် အတိုးနှုန်း ရသည့် စနစ်ဖြစ်ပါသည်။
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့သော ၃ နှစ်သာ ကာလ တွင် Cryptocurrency သည် ပုံစံအမျိုးမျိုးပြောင်းလည်းလာခဲ့ပါသည်။ ကျွန်တော်တို့ကလည်း Cryptocurrency ပြောင်းလည်း လာခြင်း နှင့် အညီ လိုက်ပါ ပြောင်းလည်းလာခဲ့ကြပါသည်။ ဤကဲ့သို့ လိုက်ပါ ပြောင်းလည်းလာခြင်း နှင့် အတူ Cryptocurrency အနိမ့်အမြင့် များအားလည်း ကြုံတွေခဲ့ကြရပါသည်။
မည်သို့ပင် ဆိုစေ ကျွန်တော်အပါ အဝင် ကျွန်တော့ မိတ်ဆွေ ၅ ယောက်ခန့်ကတော့ ဤလမ်းကြောင်းပေါ်တွင် ကျန်နေကြဆဲဖြစ်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ၂၀၂၀ ပြီးနောက် ၂၀၂၁ ထို့ နောက် ၂၀၂၂ ထို့နောက် ကျွန်တော်တို့ သက်တမ်း ရှိသရွေ့ ၂၀၂၅ , ၂၀၃၀ ,၂၀၅၀ လောက်အထိ ကျွန်တော်တို့ ရှိနေအုံးမည်ဟု ထင်ပါသည်။
ထိုအချိန် ဆိုလျင်တော့ ကျွန်တော်တို့လည်း အတော်လေး ရင့်ကျက်သော အနေအထားတွင် ရှိနေလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့ လက်ထက် တွင် မအောင်မြင်ခဲ့ သော Cryptocurrency အကြောင်းများအား ကျွန်တော်တို့ သားသမီးများအား လက်လွဲကာ သူရို့ လက်ထက်တွင် အောင်မြင် အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်ပါသည်။
ယခု ကျွန်တော်တို့ ဖေါက်ခဲ့သော လမ်းသည် ဘိုးဘိုးလေး ဒွန် ၊ အရီး ယွန်းသီရိ ၊ ဘိုးဘိုး ထွေး ၊ အဘိုးဟိန်း နှင့် ဘကြီးအောင် တို့ လက်ထက်တွင်တော့ မအောင်မြင်ခဲ့ကြပါ။ သားတို့ မြေးတို့ ခေတ်တွင်တော့ အောင်မြင်စွာ ဆောင်ရွက်ကြပါရန် အမွေပေးနိုင်မည်ဟု ထင်ပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့ hive လည်း အတော်ခရီးရောက်နေလောက်ပြီဟု ထင်ပါသည်။
Henry Aung ( Kachin )
9/12/2020 - Wednesday- 18;30 Hrs