မင်္ဂလာပါ။ လွန်ခဲ့သော ၂၀၁၇ ဒီဇင်ဘာလအား အားလုံးမှတ်မိကြအုံးမည်ဟုထင်ပါသည်။ BTC ဘူပေါင်း ပေါက်ခြင်းနှင့် အတူ တရုတ်တို့၏ Cryptocurrency အပေါ်အရေးယူမှု အနေအထားများကြောင့် ဈေးကွက် အတွင်း Cryptocurrency သွေးစွန်းသော နေ့ရက်များကို ဖြစ်ပေါ်စေခဲ့ပါသည်။
Bitcoin Investment များကြောင့် တရုတ်ပြည်သူ အတော်များများ အထိနာခဲ့ကြကာ တရုတ်တို့၏ BTC investment Site အတော်များများ အပိတ်ခံရကာ Exchange site များလည်း အပိတ်ခံခဲ့ရပါသည်။ ထို့နောက် ဆက်တိုက်အနေဖြင့် တောင်ကိုးရီယား တို့၏ Cryptocurrency အရေးအခင်း များ ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုအကြောင်းအရာအား အသေးစိတ်သိလိုလျင် ၂၀၁၈ နှစ်စပိုင်းတွင် ကျွန်တော်ရေးသားခဲ့သော " cryptocurrency သွေးစွန်းသော နေ့ရက်များ " ဆောင်းပါးတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
ထူးခြားချက်မှာ ဤ Cryptocurrency သွေးစွန်းသော နေ့ရက်များ မဖြစ်ပေါ်မှီ BTC ဈေးသည် မကြုံစဘူး အလွန်အမင်း ထိုးတက်သွားခြင်း ဖြစ်ပါသည်။ ပထမဆုံးသော Cryptocurrency သွေးစွန်းသော နေ့ရက်များ ဖြစ်ပွားခဲ့ပြီး ၃ နှစ်ကြာပြီးနောက် ယခု ၂၀၂၀ ဒီဇင်ဘာလတွင် BTC သည် မကြုံစဘူး ထူးကဲ ဈေးတက်သွားခဲ့ကာ ယခု Cryptocurrency သွေးစွန်းသော နေ့ရက်များ ထပ်မံ ဖြစ်ပေါ်လာမည့် အရိပ်အယောင်များ ပြနေပြီ ဖြစ်ပါသည်။
ထိုအရာမှာ အမေရိကန် ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေး ကော်မရှင် ခေါ် SEC ( Security and Exchange Commission ) က Cryptocurrency (Ripple ) အား ယနေ့ တွင် တရားစွဲဆို လိုက်ပြီ ဖြစ်ပါသည်။ တရားစွဲဆိုလိုက်သည့် အကြောင်းအရင်းမှာ Ripple CEO နှင့် တာဝန်ရှိလူကြီမင်များက ရင်းနှီးမြုပ်နှံသူများအား အသိမပေးပဲ Ripple ၏ ၁.၃ ဘီလီယံ တန်ဖိုးရှိသော XRP token များအား တရားမဝင် ရောင်းဝယ်ခဲ့ကြသော ကြောင့် ဖြစ်ပါသည်။
အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့်လည်း အသေးစိတ် မသိရှိရသေးပါ။ ထိုအကြောင်းအရာ အသေးစိတ်အား လိုက်လံရှာဖွေ ဖတ်ရှုနေရဆဲသာ ဖြစ်၍ မနက်ဖြန် လောက်တွင် အကြောင်းအရင်း အပြည့်အစုံအား Post တင်ပေးနိုင်မည်ဟု ထင်ပါသည်။ လက်ရှိအချိန်တွင်တော့ XRP token အနေဖြင့် ဈေးကွက် တွင် ၃၂% ဆုံးရှုံးလျက်ရှိနေသလို ဆုံးရှုံးနေသော ငွေကြေးပမာဏမှာ USD ဒေါ်လာ ၁၆.၆ ဘီလီယံ ဖြစ်ပါသည်။ စိတ်ဝင်စားစရာ တော့ ကောင်းနေပါပြီ။
Henry Aung ( Kachin )
23/12/2020- Wednesday - 17:38 pm