Cryptocurrency မျက်လှည့် ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ Cryptocurrency အကြောင်း ရေးသားရလျင် အစပြုရမည်က Bitcoin ။ တလောက BTC တက်ရိပ်ပြလာသည် နှင့် ကိုးရီယား ရှိ ကျွန်တော့ သူငယ်ချင်း အား သွားသတိရမိသည်။ ယခုတော့ အဆက်အသွယ်မရတော့။ email ပို့ထားသည်ပင် မပြန်တော့ပါ။

ကျွန်တော်သူနှင့် စင်္ကပူ အတူအလုပ်လုပ်နေစဉ် က သူ၏ ကောင်းမှုကြောင့် Steem ကို သိခဲ့ရသလို Cryptocurrency နှင့်ပတ်သက်၍ အကူအညီ အတော်များများ ရခဲ့ပါသည်။ ထိုစဉ်က တော့ သူ့အနေဖြင့် Steem သည် သာမန် မျှသာ။ သူအရူးအမူး စုနေခဲ့သည်က BTC ဖြစ်ပါသည်။

သူရသော လခထဲမှ ဖဲ့၍ လစဉ် BTC ဝယ်စု နေခဲ့ပါသည်။ သူအလုပ်မှ ထွက်၍ ကိုးရီးယား ပြန်သွားသော အခါ သူ့တွင် BTC 160 ကျော် စုမိနေခဲ့ပြီ ဖြစ်ပါသည်။ ထိုအချိန်က ၂၀၁၈ နှစ်ကုန်ပိုင်း ။ BTC အကျ ဈေးဖြစ်သော USD 3000$ ဝန်းကျင်။ ယနေ့ ပေါက် ဈေးဖြင့် တွက်လျင်ပင် USD ဒေါ်လာ ၈ သန်းကျော် ချမ်းသာသွားခဲ့ပြီ ဖြစ်ပါသည်။

အသက် ၃၀ မကျော်ခင် သန်းကြွယ်သူဌေး ဖြစ်သွားပြီ ဖြစ်ပါသည်။ သူ တယောက်တည်း မဟုတ် ကိုးရီးယာ လူငယ် အတော်များများ သန်းကြွယ် သူဌေးများ ဖြစ်သွားကြပါပြီ။ အားကျစရာ။ ကျွန်တော်ကတော့ Cryptocurrency လောကတွင် တဝဲလည်လည် ဖြစ်နေဆဲ။

ယနေ့ cryptocurrency လောကတွင် အတက်ပြနေကြသော Coin / token များသည်လည်း တချိန်ကျလျင် ဈေးပြန်ကျလာကြမည်သာ။ ယခင်က ကျွန်တော် ဆိုခဲ့သည့် အတိုင်း ဈေးတက်ခြင်း ကျခြင်းသည် ဈေးကွက် ရှင်သန်းခြင်း သဘောတရားသာ ဖြစ်ပါသည်။ ဈေးတက်သည် ဖြစ်စေ ကျသည် ဖြစ်စေ မိမိတွင် Cryptocurrency မပိုင်ဆိုင်ထားလျင် မိမိအတွက် ဘာမျှ အကျိုးမရှိပါ။

၂၀၂၀ - ၂၀၂၁ တွင် ကျွန်တော့အား ပညာပေးသွားသည်က Hive Engine ။ ဆိုခဲ့သည့် အတိုင်း ကျွန်တော် Hive Engine အား အထင်မကြီးခဲ့ ။ Hive Engine ရှိ token များအား ပြင်ပ ဈေးကွက် တွင် ထုတ်မရောင်း နိုင်သောကြောင့် အထင်မကြီးခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ အထင်သေးတတ်သော စိတ်က ကျွန်တော့အား ကောင်းကောင်းကြီးပညာပေးသွားခဲ့ပါသည်။

Leofinance က နည်းပညာဖြင့် ဖေါက်ထွက် ၍ ပြင်ပဈေးကွက်တွင် ဝင်ရောက်သွားခဲ့သည်ကို အားလုံးအသိဖြစ်ပါသည်။ ယခင်က မြန်မာငွေ ၁၀၀ ဝန်းကျင်သာ ရှိခဲ့သော Leo token က ယခု ၁၀၀၀ ဝန်းကျင်သို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ခက်သည်က ကျွန်တော် သတိထားမိချိန်တွင် နောက်ကျ သွားခဲ့ပြီ။ မိမိတွင်ရှိနေသော ငွေအင်အားဖြင့် Leo တလုံးတခဲ စုမိရန် မဖြစ်နိုင်တော့ပါ။

ထို့ကြောင့် ကျွန်တော် သိလိုက်သည်မှာ နည်းပညာတွင် အထင်သေး၍ မရ အချိန် ကသာ အရေးကြီးပါသည်။ ယနေ့ Hive Engine တွင် အလားအလာ ကောင်းနေသော token အတော်များများ တွေ့နေရသည်။ အချိန်အတိုင်းအတာ တခုရောက်လျင် စကားပြောလာကြမည့် token များ။ ယခင်က PAL သည် ဘာမျှ အဖိုးမတန်သော်လည်း ယခု တဖြည်းဖြည်း တန်ကြေးရှိလာပြီ ဖြစ်သလို အခြားသော token များဖြစ်သည့် CBM သည်လည်း သူ့တန်ကြေးနှင့်သူ ရှိနေပြီ ဖြစ်ပါသည်။

အခြားသော ပုံစံတူ token များ ဖြစ်သည့် Neoxag နှင့် Archon သည်လည်း အလားအလာရှိသော token များ ဖြစ်ပါသည်။ မိမိ Hive တွင် တင်လိုက်သော post အတွက် Tag တွဲလိုက်ယုံမျှ ဖြင့် အခြား token များရနိုင်သော စနစ်သည် ကျွန်တော်တို့လို Free token ရှာနေသူများ အတွက် အလွန်ပင် ကောင်းမွန်ပါသည်။

ဤသည်မှာ Hive ဈေးတက်လာသည်နှင့် အမျှ တွဲဘက် token များသည်လည် လိုက်ပါဈေးတက်သွားစေပါသည်။ အခြားတခု ကျွန်တော်သဘောကျသည်မှာ Neoxag နှင့် Archon တွင် token ( Burn ) ဖျက်စီးသည့် စနစ်ရှိနေခြင်းပင် ဖြစ်ပါသည်။

ဆိုလိုသည်မှာ token များ ဈေးကွက်တွင် ဖေါင်းပွမနေပဲ မိမိ project အောင်မြင်လာသည်နှင့် အမျှ token နည်းသွားစေကာ ဈေကွက် ဝယ်လိုအား မြှင့်လာစေသည့် အလျောက် token တန်ဖိုးကို မြှင့်တက်စေခြင်း ပင်ဖြစ်ပါသည်။ ထို့ကြောင့် Hive အကောင့်တခု ကိုင်ထားယုံမျှဖြင့် အခြားသော token များအားလည်း စုဆောင်း နိုင်နေပြီ ဖြစ်ပါသည်။

ယခုမှ စတင် ဝင်ရောက်လာသူများလည်း Hive power မရှိ၍ အားမပျက်စေလိုပါ။ အရေးကြီးသည်က အချိန် နှင့် Post တင်နေခြင်းသာ ဖြစ်ပါသည်။ တရက် တလ နှင့် ဘားမျှ မထူးခြားသော်လည်း တနှစ် နှစ်နှစ် တွင် ထူးခြားလာပါသည်။ မိမိတွင် ဇွဲ နှင့် လုံးလ ဝရိယ သာလိုပါသည်။ ငွေကြေးသည် မိမိထံသို့ အလိုအလျောက် မရောက်လာပါ။

ငွေကြေး မိမိထံ ရောက်လာစေရန် တနည်းမဟုတ် တနည်းတော့ လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။ စာရေး post တင်ရင်း မတူညီသော ပိုက်ဆံများ ရသည့် စနစ်က သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူးဟု ဆိုရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် အစမလုပ်ရသေးလျင် ယခုပင်စလုပ်စေချင်ပါသည်။ စပြီးသူများ တွေဝေ နေကြသူများလည်း ဝရိယ ထားစေချင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် Cryptocurrency ဟူသော ငွေကြေးသည် ယနေ့ ၁ ကျပ် ဖြစ်လျင် မနက် ဖြန် ၁၀၀ လည်း ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပါသည်။ Facebook တွင် post တင်ပြီး like ယူခြင်းထက် Hive တွင် Post တင်ပြီး token ရယူထားခြင်းက ပို၍ ကောင်းပါသည်။ အချုပ်ဆိုရလျင် မိတ်ဆွေတွင် cryptocurrency ရနိုင်သော အကောင့်တခု ပိုင်ဆိုင်ထားခြင်း က အနာဂတ် အတွက် ပြင်ဆင်ထားခြင်းသာ ဖြစ်ပါသည်။ အချိန်က စကားပြောပါလိမ့်မည်။

Henry Aung ( Kachin )

04/05/2021 ( Tuesday ) 09;15 AM



0
0
0.000
11 comments
avatar

အကျိုးအမြတ်ကို လက်တွေ့ မြင်နေရတာမို့ အမြဲလုပ်ဆောင်နေချင်ပါတယ်။
ကျေးဇူးပါဗျာ။

0
0
0.000
avatar

ကောင်းပါလေ့ ကောင်းပါလေ့.... အောင်မြင်ပါစေ သားလေးရေ....

0
0
0.000
avatar

HIVE ဈေး 1$ နီးပါး ဖြစ်လိုက်ချိန်မှာ လိုင်းမရလို့ မရောင်းလိုက်ရတာ နည်းနည်းနာလိုက်သလိုပဲဗျာ။
ရသလို ရှေ့ဆက်ကြရဦးမှာပါပဲ။

0
0
0.000
avatar

ဟုတ်တယ်ကိုဟိန်းရေ... လိုင်းမရလိုက်တဲ့ အချိန်တွင်းမှာ ကျွန်တော်တို့ အတော်လေး နစ်နာသွားတယ်

0
0
0.000
avatar

တက်နိုင်သလောက်လေးတော့ ကြိုးစားစုနေပါတယ် ဆာဟင်။
ဘယ်လောက်ပဲ ရရ တန်ဖိုးရှိနေတာပဲမို့ အားမပျက်မိပါဘူး။
ဆက်ကြိုးစားသွားပါ့မယ်။

!PIZZA

0
0
0.000
avatar

ကိုဟင်ပြောသလို ပေါ့... hive အကောင့် ကိုင်ထားရင် အနာဂတ် အတွက် ပြင်ဆင်ထားသလိုပေါ့

0
0
0.000
avatar

အဲ့ဆို ပိုစ့်တင်ရင်
archo ပါ ထည့်ရတော့မယ်ပေါ့
😁

0
0
0.000
avatar

ဟုတ်တယ် ကိုဒွန် Archon tag တွဲပေးရုံပဲ။ ကျွန်တော်တို့ အတော်လေးတောင် နောက်ကျနေပြီ။

0
0
0.000
avatar

အေးဟေ့ arch ကိုလည်း tag တွဲရသလား။
ရရင် လည်းတစ်မျိုး ဈေးပိုရ စာရေးလို့ကောင်း။
Crytpto က တဖြည်းဖ့ည်း ပျော်စရာကောင်းလာပြီး။
အဲ ရောင်းရမည့်အချိန်ဆိုလည်း လက်တို့ကြအုံး။
အသုံးလေးရအောင် နည်းနည်းခွဲရောင်းရအောင်လို့ပ။

0
0
0.000
avatar

ဟုတ်တယ် ဦးထွေးရေ.... ပျော်စရာ ကောင်းလာသလို စာရေးရတာ တွန်းအား လည်း ဖြစ်တာပေါ့။

0
0
0.000