ဗီယက်နမ်သွား တောလား - အပိုင်း ( ၆ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးဆုံးနိုင်သေးသော ဟာလောင်ဘေး ခရီးစဉ်အား ဆက်ပါရစေ။ယခင်ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီးဖြစ်သည့်အတိုင် ကျွန်တော်တို့ ၏ ကြိုပို့ယာဉ်သည် နေ့လည် ၁၂ နာရီခန့်တွင် အပျော်စီးသင်္ဘောများစီးရာ ဆိပ်ကမ်းသို့ရောက်လေတော့၏။ ထိုဆိပ်ကမ်း သို့ရောက်သောအခါ စကားပြန်မှ သင်္ဘောလက်မှတ်များအား ဝေငှပေး၏။

ထိုလက်မှတ်မှာ သင်္ဘောစီး လှက်မှတ်ဖြစ်သည့်အပြင် သင်္ဘောစီးရင်း ၊ ဟာလောင်ဘေး ရှုခင်းများကြည့်ကာ နေ့လည်စာ သုံးဆောင်နိုင်၏။ နေ့လည်စာအား သင်္ဘောပေါ်မှ စာဖိုမှုးများက ချက်ပြုတ်ကျွေးမွေးကြခြင်း ဖြစ်၏။ မိမိတို့ ထိုခရီးစဉ် ရွေးကတည်းက မိမိစားသောက်လိုသော အစားအသောက်အား ကြိုတင်မှာကြားထားနိုင်၏။ ဥပမာ သားသက်လွတ်စားသူ ၊ ဝက်သား မစားသူ ၊ ဟာလာ အစားအစာ စသည်ဖြင့်ကြိုတင်မှာကြားထားနိုင်၏။

မိမိတို့အား လက်မှတ်များ ဝေငှနေစဉ် အခြားသော ခရီး သွားများလည်း ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ရောက်လာကြ၏။ တခဏ အတွင်း ထို ကားရပ်နားကွင်းမှာ လူများ ကားများ ဖြင့် ပြည့်ကျပ်သွားကာ သင်္ဘော လက်မှတ်ဝယ်ယူသောနေရာအဆောက်အဦးမှာ ခရီးသွားများဖြင့် ပြည့်ကျပ်သွားလေတော့၏။

ဤထောင်သောင်းချီသော ခရီးသွားများမှာ ဟာလောင်ဘေးသို့ အပျော်စီး သင်္ဘော စီးရင်း နေလည်စာ သုံးဆောင်ကာ ရှုခင်းကြည့်ရန်လာကြခြင်းဖြစ်၏။ ကျွန်တော်လည်း စကားပြန်အား နေ့တိုင်း ဤသို့ လူအုပ်များသလော ဟု မေးကြည့်သောအခါ မုတ်သုန် မိုးရာသီ တွင်သာ ခရီးသွားနည်း၍ ခရီးသွားရာသီဖြစ်သော အောက်တိုဘာ ၊ နိုဝင်ဘာလတို့တွင် တရက်လျင် သင်္ဘော အစီး ၅၀၀ ကျော် ၆၀၀ ခန့်ထွက်ရသောဟူ၏။ ယခုနောက်ပိုင်း ခရီးသွားများ လာရောက်ခြင်း နည်းပါးသွား၍ တရက်လျင် အစီး ၂၀၀ ကျော် ခန့်သာထွက်ရသည်ဟူ၏။

သောက်ကျိုးနည်း ခရီးသွား များ နည်းသွားလို့ သာပဲ။ ယခုထက်ပိုများလျင် လူပိသေဖို့သာရှိတော့၏။ မိမိလည်းဤ နိုင်ငံ ၏ ခရီးသွားလုပ်ငန်းအား အားကျသည်ဟူသော အဆင့်ထက် ကျော်လွန်ကာ အမှန်ကို ဝန်ခံရလျင် မနာလိုသည့် စိတ်ပင် ဝင်မိ၏။ တရက်တရက်လျင် ဟာလောင်ဘေး ခရီးစဉ် မှ ရလိုက်ကြမည့် နိုင်ငံခြားဝင်ငွေ။

ထိုဟာလောင်းဘေး ခရီးစဉ် မှာ သင်္ဘောလက်မှတ်နှင့် နေ့လည်စာ အပြီးအစီး တယောက်လျင် USD$100 ကျသင့်၏။ တရက်လျင် လူ ၂၀၀၀ ကျော် ၃၀၀၀ ကျော် စဉ်းစားသာကြည့်ပေတော့။ ထိုထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ခရီးသွားလုပ်ကြောင့် ကြိုပို့ယာဉ်တို့အလုပ်ဖြစ်ရ၏။ ဈေးဆိုင်များ ရောင်းကောင်း၏။ သင်္ဘောများ အလုပ်ဖြစ်၏။ သင်္ဘောတစီးလျင် သင်္ဘောမောင်းသူ ၊ စာဖိုမှုး အလုပ်သမား စသည်တို့ အလုပ်အကိုင် ပေါများ ၏။ အားကျစရာကောင်းလှပါဘိ။

ဆိုခဲ့သည့်အတိုင်း ကျွနုပ်တို့လည်း ပြွတ်သိပ်ကြပ်ညပ်နေသော လူအုပ်ကြီးအားဖြတ်သန်းကာ သင်္ဘောစီးရာ ဆိပ်ခံတံတားသို့ ဆင်းလာခဲ့၏။ အပျော်စီး သင်္ဘောမှာ မကြီးလွန်း မသေးလွန်း သော အနေတော် သင်္ဘောအမျိုးအစား ဖြစ်၏။ အပေါ်ထပ်တွင် လေညှင်းခံရာ အထပ်ဖြစ်၍ အောက်ထပ်ကာ မှန်လုံး air con ခန်းဖြစ်၏။ တဖက်လျင် စားပွဲ လေးလုံး ဖြင့် စုစု ပေါင်း စားပွဲ ရှစ်လုံးပါ၏။

ဤ အောက်ထပ်တွင် အစား အသောက်စားရင်း ဟာလောင်ဘေး၏ အလှများကို ကြည့်ရှုခံစားနိုင်၏။ ဤဟာလောင်ဘေး သို့ သွားရောက်လည် ပါတ် သော ခရီးစဉ် ၂ မျိးရှိ၏။ နေ့ခြင်း ပြန် ခရီး စဉ်နှင့် ဟာလောင်ဘေး သင်္ဘော ပေါ်တွင် ညအိပ်ကာ ဟာလောင်ဘေး ၏ ညအလှများအား ခံ စား နိုင်သော ခရီးစဉ် ဖြစ်၏။ ထိုညအိပ်ခရီး စဉ် ကာ ဟာလောင်ဘေး နောက်ခံ ညနေနေဝင်ဆည်းဆာနှင့် နံနက် အာရုဏ်ဦး နေခြည် အလှများကို ခံစားနိုင်၏။

မိမိ တို့က နောက်တနေ့ Hoi An ဟူသော ဗီယက်နမ် ရှေ့ဟောင်းမြို့တော်နှင့် Hua Lu ဟူသော အရပ်ရှိ ကုန်းပေါ်မှ ဟာလောင်ဘေး သို့ သွားရောက်လည်ပါတ်ရန်ရှိသေးသဖြင့် နေ့ခြင်း ပြန် ခရီးစဉ်သာ ယူခဲ့၏။ ထိုကုန်းပေါ်ရှိ ဟာလောင်ဘေး မှာ ကင်းကောင် ဇာတ်ကားရိုက်ရာ က်ရိုကွင်းများ ဖြစ်၏။ နောက်ဆောင်းပါးများတွင် ဖေါ်ပြပေးပါမည်။ ပင်လယ်ပြင် ဟာလောင်ဘေး ခရီးစဉ်အား ဆက်ကြပါအုံးစို့။ မိမိတို့လည်း နေ့လည်စာ သုံးဆောင်ရန် ပြင်ဆင်ကြ၏။

စကားပြန်မှ မိမိတို့ နေ့လည် စာ မသုံးဆောင်ခင် ရေခဲသေတ္တာ မှ ရေဘူး ၊ အအေးဘူး နှင့် ဘီယာဘူးများ တွင် ကြိုက်နှစ်သက်ရာတခု ယူ၍ သုံး ဆောင်နိုင်ကြောင်း အသိပေး၏။ ပထမ တကြိမ်သာ အခမဲ့ဖြစ်၍ ဒုတိယအကြိမ်ဒူလျင် ပိုက်ဆံပေးရမည့်အကြောင်း ရှင်းပြ၏။ မဟေသီကာ သူ့အတွက် ရေဘူးနှင့် ကျွန်တော့အတွက် ဗီယက်နမ် နိုင်ငံထုတ် ဘီယာတဘူး ယူလာပေး၏။ အလိုက်သိပေစွ။

ထို့နောက် မိမိတို့လည်း အသီးသီး နေရာယူကာ နေ့လည်စာ သုံးဆောင်ရန် ပြင်ဆင်ရ၏။ မိမိတို့ စားပွဲကာ အမျိုးသား သုံးယောက် နှင့် အမျိုးသမီး သုံးယောက် ဖြစ်၏။ အားလုံး စုံတွဲများ ဖြစ်ကြ၏။ မိမိတို့လည်း အချင်းချင်း မိတ်ဖွဲ့ကာ သိကျွမ်းစေရ၏။ ထိုစုံတွဲများကာ မိမိတို့ ကြိုပို့ယျဉ်နှင့် လိုက်ပါလာကြသူများ မဟုတ်ကြပါ။ထိုသူတို့ကာ ဤသင်္ဘောပေါ်တွင် နေ့လည်စာ စားချင်ရုံသက်သက် လာရောက်ကြသူများ ဖြစ်ကြ၏။

ကျွနုပ်တို့လည်း ဟာလောင်ဘေး အလှအား နေ့လည်စာစားရင်း ငေးမောကြ၏။ ဟာလောင်ဘေးရှိ ပင်လယ်ပြင်ပေါ်မှ ထိုးထွက်နေတောင် တောင်များမှာ မြင့်မား မတ်စောက်လှ၍ တောင်တလုံးချင်းစီ ထီးထီး ရှိနေကြခြင်းဖြစ်ပါသည်။ ထိုတောင်များကလည်း သစ်ပင် နွယ်ပင်တို့ဖြင့် စိမ်းလန်းလျက်ရှိ၏။ဤ တောင်တန်းများကြားတွင် သင်္ဘောများ လှည့်ပါတ်သွားရင်း ရှု့ခင်းများ ကြည့်ကြခင်း ဖြစ်၏။

မဟေသီကတော့ နေ့လည်စာအား တို့ကနန်း ဆိတ်ကနန်းစားကာ အပေါ်ထပ်ရှိ လေညှင်းခံရာ နေရာတွင်selfie ဆွဲရန် တက်သွားလေတော့၏။ ခရီးသွားရာတွင် အမျိုးအစား မည်မျှ ရှိသည် မသိသော်လည်း ကျွန်တော့ဝါသနာမှာ မရောက်ဖူးသေးသော ဒေသအား လေ့လာလို၏။ သူတို့၏ ရိုးရာအားသိလို၏။ အနုပညာအား စိတ်ဝင်စား၏။ ပြတိုက်များ ပြခန်းများတွင် ကိုယ့်စိတ်ကူးနှင့်ကိုယ် အေးအေးဆေးဆေး လိုက်ကြည့်လို၏။ စားသောက်ချိန် ရောက်လျင် လည်း အစားတမျိုးစီ၏ မတူညီသော အရသာအား အေးအေးဆေးဆေးစားကာ အရသာခံလို၏။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
3 comments
avatar

ခရီးသွားလုပ်ငန်းက အားကျစရာ တစ်နေ့ ကျုပ်တို့ရွှေမြန်မာတွေ
မှီမယ်ထင်ပ။ အမေစု အစိုးရ နောက်ထပ် သက်တမ်း၂ခါလောက်
ဆိုရင်ဖြင့် မှီနိုင်မယ်ထင်ပ။

0
0
0.000
avatar

တနေ့နေ့တော့ဖြစ်လာမှာပါ လို့...

0
0
0.000
avatar

အားကျရင်း အားကျရင်းနဲ့ အားကျနေရုံက လွဲပြီး
ဖြစ်လာရင် ကောင်းသပါ့ဗျာ

0
0
0.000