ကျွန်တော်နှင့်ဂွဈေး ( အပိုင်း-၁ ) ( Henry Aung )
မင်္ဂလာပါ။ ခေါင်းစဉ် ဖတ်လိုက်သည်နှင့် မိတ်ဆွေအနေဖြင့် ဂွ ဈေးဟူသည်မှာ အဘယ်နည်း ဟု မေးခွန်းထုတ်ချင်စရာ ဖြစ်နေပြီ ဖြစ်၏။ လောက်လေးဂွ များ ဘတ်ဂွ များ ရောင်းသော ဈေးလော။ မဟုတ်ပါ။ ဤသို့ဆိုလျင် မူလီများ ကျပ်သော ဂွ များ ပလာယာများ ရောင်းသော ဈေးလော။ မဟုတ်ပါ။
ဈေး၏ အမည်ကိုယ်တိုင်က ဂွဈေးဖြစ်၏။ စုံစီနဖာ ၊ အဝတ်ထည် ၊ သားငါး ၊ အသီးအရွက် အစုံရနိုင်သော ဈေးလတ်ဖြစ်၏။ အဘယ်ကြောင့် ဈေးလတ်ဖြစ်ရပါသနည်း ဆိုသော် ဈေးအကြီးကြီးလောက်လည်း မကြီး ဈေးသေးသေးလေးလောက်လည်း မသေးသဖြင့် ဈေးလတ်ခေါ်ရခြင်း ဖြစ်၏။ အလယ်အလတ်ရှိသော ဈေးဖြစ်သောကြောင့် ဈေးလတ်ဟု ခေါ်ခြင်း ဖြစ်၏။
ဤ ဈေးသည်ကာ စမ်းချောင်းမြို့နယ် အတွင်းရှိ ရှမ်းလမ်းဟု ခေါ်သော ဗဟိုလမ်း နှင့် မကြီးကြီးလမ်း ထောင့်တွင် ရှိသော ဈေးဖြစ်၏။ ဤယနေ့ကာ ကျွနုပ် ဈေးသွားသော နေ့ဖြစ်၏။ မကြီးကြီးလမ်း ဘက်မှ ဂွဈေးသို့ ဝင်သော ဝင်ပေါက်ဘေးတွင် အမှိုက်ပုံကြီးရှိ၏။ အမှိုက်ပုံဟု ဆိုသော်လည်း သပ်သပ်ရပ်ရပ် ရှိပါ၏။
အမှိုက်သိမ်းကား၏ ကိုယ်ထည်ချထားပေးသည်ဖြစ်ရာ လူတိုင်းက အမှိုက်အိတ်များ ဖြင့် အမှိုက်ပစ်ကြ၏။ အလုပ်သမားများကလည်း အမှိုက်အိပ်များ ဖွင့်ကာ ရေသန့်ဘူးခွံ ၊ အချိုရေဘူးခွံများ ၊ အရက်ပုလင်း ဘီယာပုလင်းခွံများအား သီးသန့်ထုတ်ယူကြ၏။
အန်တီကြီးတယောက်ကာ အမှိုက်အိတ်ပေးရင်း အထဲမှာ ဖန်ကွဲတွေပါတယ်ဟု သတိပေး၏။ ကောင်းလေစွ။ မိမိအမှိုက်ကြောင့် အခြားသူ အနာတရ မဖြစ်စေရန် သတိပေးဖေါ်ရ၏။ ဤစိတ်ဓါတ်မျိုးကာ နိုင်ငံကြီးသား စိတ်ဓါတ်ဖြစ်၏။ မုဒိတာ ပွားရပါ၏။
ဈေး အဝင်ဝတွင် ပန်းရောင်းသော ဦးလေးကြီးတယောက်ရှိ၏။ ပန်းတို့ကာ မျိုးပေါင်း စုံလင်စွာ ။ ဦးလေးကြီးက ပန်းဝယ်သောအမျိုးသမီးကြီးအား ပန်းကောင်းကြောင်း ယနေ့နံနက်မှ ကြိုလာသော ပန်းများ ဖြစ်ကြောင်း ဘုရားကပ်ရန် သင့်လျော်ကြောင်း ရှင်းပြနေ၏။ ဦးလေးကြီး၏ ပန်းခုံအောက်တွင်ကာ ခွေးလေခွေးလင့် တကောင်အိပ်နေ၏။
ထို ခွေ၏ ဘေးတွင်ကာ အစားအစာအား ပလားစတစ်အိတ်ဖြင့်ခွေးစာ ချထားပေးသည်ကို တွေ့ရ၏။ ခွေးကာ ဗိုက်တင်း၍ ပဲလား တညလုံး ကင်းစောင့်ရ၍ ပဲလားမသိ အစားအစာ အားစိတ်မဝင်စားကာ အိပ်မောကျနေ၏။ လမ်းဘေးခွေး ဆိုပေသိ စိတ်ချမ်းသာစရာကောင်းလှ၏။ အပူအပင်မရှိ။
ဈေးအတွင်းသို့ ဝင်သွားသော် ကုန်စုံဆိုင် များတွေ့ရ၏။ စုံစီနဖာ ရောင်းသော ဆိုင်များလည်းတွေ့ရ၏။ တခုသော ဒေါင့်တွင်ကာ ရှမ်းပြည်ထွက် အစားအစာများ ရောင်းနေသည်ကို တွေ့ရ၏။ လက်ဖက်များ ၊ အကြော်စုံများ ၊ ပဲကြော် ၊ ကြက်သွန်ကြော် များဘအပြင် နေကြာစေ့များ အထုပ်ကြီးဖြင့် ထုပ်ထားသည်ကိုလည်း တွေ့ရ၏။
နေကြာစေ့ကာ အလေးချိန်ဖြင့် ရောင်း၏။ လက်ဖက်ခြောက် အိတ်ကြီးကာ ပွင့်လျက်။ ဖရုံယို လည်းရှိ၏။ ရှမ်းခေါပုတ်လည်းရှိ၏။ ပဲပုတ်ခြောက်လည်း ရှိ၏။ အတော်စုံလင်သော ဈေးဆိုင်ဖြစ်၏။ ရောင်းနေသူမှာ ရှမ်းသံဝဲဝဲဖြင့် လက်ဖက် အစိုများ ကောင်းကြောင်း ရှင်းပြနေ၏။ အစိမ့် ယူမည်လား အစပ်ယူမည်လား မေးနေ၏။
ခရမ်းချဉ်သီး စိမ်း နိုင်နိုင်ဖြင့် သုပ်ထားသော လက်ဖက်သုပ်နှင့် ထမင်းကြမ်းဖြင့်စားလိုက်ရလျင် အတော်ပင်ကောင်းမည်ဟု စဉ်းစားမိ၏။ ကောက်ညှင့်နံ့မွှေးနေသော လက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးကြမ်းသာ သောက်ရလျင် တနေကုန် ရေသောက်စရာ မလိုတော့ဟုလည်း အာရုံရမိ၏။ အသီးမှာ သရက် အရွက်မှာ လက်ဖက်ဟု ဆိုကြသည်မဟုတ်လား။
အတန်ငယ်သွားမိသော် အန်တီကြီးတယောက် စက်ချုပ်နေသည်ကိုတွေ့ရ၏။ အန်တီကြီးကာ အပျိုကြီးဖြစ်၏။ ကျွန်တော့အားတွေ့လျင် ချိုသာသော အပြုံးဖြင့် နှုတ်ခွန်းဆက်စကားဆို၏။ ကျွန်တော်လည်း ပြန်လည် နှုတ်ဆက်ကာ စကားစမြည်းပြောရ၏။
ထိုအန်တီကြီးကာ ကျွန်တော့ ဆေးဆိုင်မှ ဖေါက်သည် တယောက်ဖြစ်၏။ မှတ်မိသေးသည်။ သူပထမ ဆုံးအကြိမ်ဆေးလာဝယ်သော အခါ မဟေသီက ဘာဆေးလိုချင်ကြောင်းမေးလျင် သူ့ထံတွင် တနှစ်သား သမီးလေး နှစ်ယောက်ရှိကြောင်းနှင့် ယခု အစားမစားကြောင်း ဖျားနေကြောင်း ပြောပြ၏။
လွန်ခဲ့သော လက သားလေးတယောက်လည်း ထိုကဲ့သို့ ဖြစ်ကာ ဆုံးပါးသွားကြောင်းပြောပြ၏။ ကျွန်တော့ မဟေသီကာ အလွန်အမင်း စိုးရိမ်သွားကာ ခလေးငယ်များအား စပ်ဆေးများ မတိုက်သင့်ကြောင်းရှည်လျားစွာရှင်းပြ၏။ တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့် ပြသင့်ကြောင်း လည်း ရှင်းပြ၏။
နောက်မှ တဖြည်းဖြည်း ပြောရင်းဖြင့် နားလည် လာသည်မှာ သူ့ခလေး များဆိုသည်မှာ ကြောင်ခလေးများ ဖြစ်ကြောင်းသိရ၏။ ထူးဆန်းပေစွ။ ထို အပျိုကြီး၏ စက်ခုံတွင်ကာ ကြောင် တကောင် အိပ်နေ၏။ ပေါင်ပေါ်တွင် နောက်တကောင်။ အနောက်ဘက်ရှိ အဝတ်ပုံဘေးနားတွင် ကြောင်အိပ်ယာ ဖြင့် နောက်တကောင် အိပ်နေ၏။ ကြောင်သားပေါက် လေးကောင်လည်းတွေ့၏။ ဈေးဆိုင်ထောင့်တွင်ကာ ကြောင်အစာခွက်နှင့်ရေခွက်ချထားပေး၏။
ဤကဲ့သို့ ကြောင် ချစ်သူတယောက်အား စင်္ကပူတွင်လည်း တွေ့ဘူး၏။ ယုံချင်ယုံ မယုံချင်နေ ထို ကြောင်ချစ်သူ စင်္ကပူ နိုင်ငံသူ၏ နေအိမ်တွင် ကြောင် ( မျိုးမတူသောကြောင်) အကောင်ပေါင်း ၂၀ ရှိ၏။ သူ့အိမ်သွားလျင် ထိုင်စရာနေရာမရှိ။ နေရာတကာ ကြောင်များဖြင့်သာပြည့်နေ၏။ ထူးဆန်းပေစွ။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
31/05/2021 - Monday - 09;25 Am
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
အင်း ကြောင်ဆိုလို ကျုပ်အမ တစ်ဝမ်းကွဲ အပျိုကြီးလည်း ကြောင် အတော်ချစ်။ ကျုပ်တော့ ကြောင် မချစ်တတ်ဘူး။
ကျွန်တော်ကတော့ ခွေးတွေ ကြောင်တွေတော့ ချစ်ပါရဲ့.... အဲလောက်လွန်လွန်ကြူးကြူးတော့မဟုတ်ဘူး။
ကြောင်ကလေးတွေ အတွက် ဆေး ဘယ်လိုစပ်ပေးလိုက်သလဲဗျ
လူစားတဲ့ ဆေးတွေပဲ.... အမှုန့်ကြိတ်ပြီး တိုက်ခိုင်းလိုက်တာ.... မဟေသီ ပေးလိုက်တာပဲ... ကိုယ်တော့မသိဘူး
ဂွစျေးသိတယ်။စမ်းချောင်းမြို့နယ်ထဲပဲနေတာဆိုတော့။ညီမက စမ်းချောင်း(တောင်)ဘက်က။
ဂွဈေးထဲ ဈေးဝယ်ဖြစ်သလား... ညီမက ဘယ်ဈေးသွားလာပဲ။
မသွားဘူးအကို။ဝေးလို့။မြင့်မိုရ်လမ်းထိပ်တင်ဘဲစျေးရှိတယ်လေ။အဲ့ဒီ့ဘဲသွားတာ။
ကျနော်ကတော့ အိမ်မွေးတိရိစ္ဆာန်တွေ ချစ်တက်တယ်။
ကြောင်တော့ သိပ်မချစ်တက်ဘူး။ ခွေးလေးတွေဆို ပိုချစ်တယ်။
ရှမ်းပဲပုတ်တော့ အသေကြိုက်တယ်😁
!PIZZA
@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.
Learn more about $PIZZA Token at hive.pizza
အစ်ကိုလည်း ကြောင်ထက်စာရင် ခွေးတွေကို ပိုချစ်သလားလို့....
Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more