ရောဂါကပ်ဆိုးကြီးမှ လွတ်မြောက်နိုင်ကြပါစေ။ ကျော်လွှားနိုင်ကြပါစေ။

avatar
(Edited)

image

May they be free from the plague. May they overcome.

စိတ်မကောင်းစရာ အကြောင်းတစ်ခု ရေးရပါအုံးမည်။ ကျွန်တော်တို့ရုံးက စီနီယာအစ်မတစ်ယောက်
၏ ဆွေမျိုးအချို့က ရန်ကုန်တွင်နေထိုင်သည်။
ထိုစီနီယာအစ်မ၏ ရန်ကုန်ကဆွေမျိုးအစ်မက
တနှစ်တစ်ခါ မန္တလေးမြို့မြောက်ဖက်ရှိ
မင်းနှစ်ပါးပွဲ‌တော် တောင်ပြုံးသို့ နှစ်စဉ်လာ
လေ့ရှိသည်။

ထိုကြောင့် စီနီယာ၏အစ်မကို သိရှိနေသည်။
သူမက ဝဝတုတ်တုတ်ခန္ဓာကိုယ်ရှိသည်။
သူမတွင် သမီးတစ်ယောက်၊ သားတစ်ယောက်
နှင့် မြောက်ဥက္ကလာပ၌ နေထိုင်ကြသည်။
တစ်နေ့က သူမအမျိုးသားသည် ဆီချိုရောဂါ
ရှိ၍ ခြေချောင်းလေးမှာ အနာဖြစ်သည်။
ဆေးရုံးပြသည့်အခါ ခြေ‌ချောင်းသုံးချောင်း
ဖြတ်လိုက်ရသည်။

ထိုသတင်းကို သူမက သိရှိသောအခါ
နှလုံးရောဂါအခံရှိသူ သူမအတွက်
ရောဂါတိုးတော့သည်။ နှလုံးရောဂါကြောင့်
နေမကောင်းဖြစ်ကာ ဆေးရုံးတက်ရသည်။
ယောက်ျားဖြစ်သူက ဆေးရုံးကဆင်း
သူမက ဆေးရုံးတက်ရသည်။ ဆေးရုံးတက်ပြီး
နှစ်ရက်အကြာ သူမသည် အသက်ရှုကြပ်
လေသည်။ အသက်ရှုကြပ်သည်ဆို၍
သူမအား ကိုဗစ်ရောဂါအတွက် စစ်ဆေး
သည့်အခါ သူမတွင် positive ဖြစ်လေသည်။

20201005_154742.jpg

‌positive ဖြစ်သည့်အပြင် သူမတွင်
ဆီးချိုပါဖြစ်နေသည်ကို စစ်ဆေးတွေ့ရသည်။
နှလုံး၊ ဆီးချိုနှင့် ကိုဗစ်ပိုးပါတွေ့ရှိသော
သူမသည် ဆေးရုံးတက်ပြီး 4ရက်မြောက်နေ့မှာ
သေဆုံးလေသည်။ ကျွန်တော်တို့မှာ
သတင်းကြားကြားချင် မယုံနိုင်အောင်
ဖြစ်ရသည်။ မိသားစုမှား တကွဲတပြား
ဖြစ်ရသည်။ သားက Qစင်တာမှာနေရသည်။
အဖေနှင့် သမီးက အိမ်မှာ Qဝင်ရသည်။

မန္တလေးမှ သူမညီမက သူမအတွက်
မန္တလေးမှနေ၍ ကုသိုလ်ကောင်းမှုပြုလုပ်
ပေးရရှာသည်။ ကိုဗစ်က ခဏလေးအတွင်းမှာပင်
မယုံနိုင်အောင် လူတို့အား ဒုက္ခပေးသည်။
ကိုဗစ်ရောဂါကပ်ဆိုးကြီးမှ သတ္တဝါအပေါင်း
အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။
ကျော်လွှားနိုင်ကြပါစေ။

@htwegyi



0
0
0.000
10 comments
avatar

ဟုတ်တယ်ဗျာ လုံးဝ​ပေါ့လို့ မဖြစ်ဘူး။ ကိုယ်ခံအား နည်းတာနဲ့ ဒီ​ကောင်က ဝင်ဖို့​ချောင်း​နေတာ။

0
0
0.000
avatar

ကိုယ့်ကို ကျန်းမာအောင် ဂရုစိုက်ကြပါ အဟာရရှိအောင်စား
အိပ်ရေးဝဝအိပ်ပါ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You published more than 600 posts. Your next target is to reach 650 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @hivebuzz:

Feedback from the October 1st Hive Power Up Day
0
0
0.000
avatar

Stay safe and home
မိမိကိုယ်သာ ကာကွယ်ကြပါ
အားရှိအောင် နေကြပါ

0
0
0.000
avatar

ဒါပဲ ဒီလိုပဲ လုပ်ကြရမှာ ဆေးကလဲ နှစ်ကုန်လောက်မှ သေချာမှာတဲ့။
နှစ်လ လောက်တော့ တောင့်ခံထားကြရမှာပါ။

0
0
0.000
avatar

စိတ်မကောင်းစရာပဲ
ဘထွေးလည်း ဂရုစိုက်ပါဗျ

0
0
0.000
avatar

ဘုရားလဲတ စည်းကမ်းအတိုင်းလဲကြိုးစားလိုက်နာနေရတာပ

0
0
0.000
avatar

အော် Covid ကြောင့် သက်တမ်းစေ့တောင် မနေနိုင်တော့ဘူး။
လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်နေပါတော့တယ်ဗျာ။

0
0
0.000
avatar

အသံတိတ်ရော အသံကျယ်ရော အမျိုမျိုးနဲ့လာတဲ့ ပိုး
သတိထားရှောင်ရှားကြရမှာပါ

0
0
0.000