ရောက်တတ်ရာရာ

avatar
(Edited)

image

Hive မိတ်ဆွေအနည်းငယ်သောသူတို့ရေ
ငထွေးတို့ရဲ့ ချစ်လှစွာသော ဖက်တွယ်ထားသော
ဆုပ်ကိုင်ထားသော ဤအနှီး hive သည်က
ဈေးမတက် တည်ငြိမ်လွန်လှပေသည်။

Steemit မှ သည် Hive ဆီသို့ချီတက်လာကြ
ရာတွင် ယခုအခါ Steemit မှ sbd က
ဈေးကောင်းနေပြီး ငထွေးတို့၏ hbd က
1$ပြည့်ဖို့ မနည်းဆုတောင်းနေရပေသည်။
ယခုလိုမြင်နေရတာ များစွာစိတ်မကောင်း
ဖြစ်မိပေသည်။

img_0.0808797709238653.jpg

ကိုဗစ်ကာလ အလွန်မည်သို့ဖြစ်လာမည်မသိ။
ငထွေးတို့ခေါင်းဆောင် ကိုဟင်နရီအောင်
ကတော့ စာရေးပိုစ့်မတင်တာကြာပေါ့။
သူ့ဆေးဆိုင်နှင့် အလုပ်များနေရှာသည်ထင်။

ငထွေးလည်း မည်သို့လုပ်ကိုင်ရမည်မသိ
သောကြောင့် ပျင်းပျင်းရှိသည်နှင့်
မြသန်းတင့်၏ မမ အမည်ရှိသည့်
စာအုပ်ကို မိတ်ဆွေထံမှယူ၍ ဖတ်ရှုမိသည်။

ပျင်း၍ စာအုပ်ဖတ်ပါသည်။ စာအုပ်မှ ဇာတ်လိုက်
များ၏ အိမ်ထောင်ရေးဇာတ်ရှုပ်နဲ့ ထပ်၍
ရှုပ်ရပြန်ပါသည်။ အရှုပ်ထုပ်အား ပြန်၍
မျှဝေမိပါသည်။ အို hive မိတ်ဆွေအပေါင်းတို့
အိမ်ထောင်ရေး၏ ဒေါက်တိုင်များအား
ကြံ့ခိုင်စွာ ထောက်နိူင်ကြပါစေရန်
ဝတ္ထုပါ စာသားအချို့အား မျှဝေပါသည်။

img_0.8363798851241333.jpg

အိမ်ထောင်ရေးသည် သာယာချမ်းမြေ့မှုကို
ရှာရာ၌လည်း လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦး
စိတ်တူကိုယ်မျှဖြင့် ချစ်ခင်၊ ကြင်နာဖို့လိုသည်။
ချစ်ခင်၊ ကြင်နာမှု လျော့ပါးလာကြပြီဆိုလျှင်
အနည်းဆုံးတစ်ဦးကို တစ်ဦး လေးစား၊
စောင့်စည်းမှုရှိဖို့လိုသည်။

ချစ်ခင်၊ ကြင်နာမှုနှင့် လေးစား၊ စောင့်စည်းမှု
မရှိတော့ဘူးဆိုသည့်နှင့် အိမ်ထောင်ရေးသည်
အခြေမခိုင်တော့ဘဲ ယိမ်းယိုင်လှုပ်ရှားလာတော့
သည်။ များစွာသော အိမ်ထောင်များသည်
အဆိုပါအချက်ကို သိရှိကြသော်လည်း ပြုပြင်
နိုင်ခြင်းမရှိ၊ ခိုင်ခံ့တည်မြဲခြင်းမရှိဘဲ
ယိမ်းယိုင်ပြိုလဲ၍ လူ့လောကမှ ပျောက်ကွယ်
သွားကြသည်။

@htwegyi



0
0
0.000
7 comments
avatar

အိမ်ထောင်သည်တွေ လိုက်နာသင့်အပ်လှပေါ့ဗျာ

0
0
0.000
avatar

ဒါပေ့ါဗျာ အိမ်ထောင်သာယာဖို့ နှစ်ဦးလုံးမှာ ကိုယ်စီ တာဝန်ရှိတာပ

0
0
0.000
avatar

I will be back soon ... Meanwhile busy with my own business

0
0
0.000
avatar

ကိုဟင့်ပိုစ့်တွေ စာတွေ မျှော်နေပါမည်
မိသားစု ကျန်းမာ ချမ်းသာပါစေ။

0
0
0.000
avatar

အိမ်ထောင်ရေး အသိလေး မျှဝေပေးလို့ ကျေးဇူးပါဗျာ။

0
0
0.000
avatar

အေး ကြိုသိထားရတာပ နော့ 😆

0
0
0.000