ဝန်ထမ်းနှင့် လက်ဖက်ရည်ဘိုး

avatar
(Edited)

image

မြေကွက်ဂရန်သက်တမ်းတိုးသည်နှင့်
ပတ်သက်၍ အခြားဌာနဆိုင်ရာများသို့
ရောက်ရှိခဲ့ပါသည်။ ထိုအစိုးရာဌာနများတွင်
သူ့နေရာနှင့်သူ ဝင်ငွေများရရှိကြသည်။
ကျေနပ်၍ပေးရသည်ကတစ်မျိုး၊ မကျေနပ်ပဲ
ပေးရသည်ကတစ်မျိုး ပေးကြရ၍
နည်းအမျိုးမျိုးဖြင့် ရရှိကြသည်။
ကိုယ်ကလည်း အစိုးရဝန်ထမ်း
ဆိုတော့ကာ ထိုဝင်ငွေရရှိသူများကို
အားကျစိတ်ဖြစ်မိသည်။

ကိုယ့်ဌာနမှာတော့ ဒီလိုဝင်ငွေမျိုး
ဘာလိုမဝင်တာပါလိမ့်လို ငယ်စဉ်က
စဉ်းစားမိသည်။ ကိုယ့်အထက်က စီနီရာ (senior)များကို မေးကြည့်မိသည်။

"ဟ ကောင်ရ နင့်ဌာနက ပက်ပလစ်(public)နဲ့မှ
မဆက်ဆံရတာ၊ သူများဌာနက ပက်ပလစ်နဲ့
ဆက်ဆံရတော့ ငွေရတာပေါ့၊ အခြားမကြည့်နဲ့
မီးရထားတစ်ခုတည်းကို ပို့ဆောင်ရေးဌာနနဲ့
နင့်ဌာနနဲ့ တူသလား။ ဟိုက လက်မှတ်ရောင်း၊
ကုန်ပစ္စည်းပို့ဆောင်တော့ ပက်ပလစ်နဲ့တွေ့။
အဲ့တော့ ပိုက်ဆံရရောပေါ့"

"အော်ဒီလိုလား
အော် ပက်ပလစ် ပက်ပလစ်"

20200721_131825.jpg

‌"ကတောက်စ် တို့ဌာနနဲ့ကွာ ဘာလို့မှား
ပက်ပလစ်နဲ့ မဆက်သွယ်တာပါလိမ့်" လို့
ငယ်စဉ်က အတွေးကို ပြန်သတိရမိပါသည်။

ကိုယ့်ဌာနကတော့ ရထားသံလမ်းများ၊
ဇလီဖားတုံးများ၊ လမ်းခင်းကျောက်များနှင့်
ပင်ပင်ပန်းပန်းလုပ်ကိုင်ကြသည့် သံလမ်းလုပ်သားများနှင့် ဝန်ထမ်းဘဝကို သံသရာ
လည်ခဲ့သည်။

အဲ မှတ်မှတ်ရရ ဝန်ထမ်းဘဝလုပ်သက်
15နှစ်ကျော်မှာ ပက်ပလစ်တစ်ခုနဲ့ ဆက်ဆံရသည်။
တစ်ခါဆို တစ်ခါအမှတ်တရဖြစ်ရသည်။
ရထားလမ်းပိုင်းနှင့်ပတ်သက်၍ ပစ္စည်းများ
လာသွင်းခြင်းဖြစ်သည်။ ကိုယ့်အထက်လူက
အခြားဌာန‌ပြောင်းသွားသည့်ချိန်ဖြစ်သည်။
လက်ဖက်ရည်၊ မုန့်ဘိုးဆိုကာ ငွေသုံးသောင်း
ရဖူးသည်။ ဒါ ကျွန်တော့်ဝန်ထမ်းဘဝမှာ
ယခုအချိန်ထိ လက်ဖက်ရည်ဘိုး အများဆုံး
ရဖူးခြင်းဖြစ်ပေသည်။ ပိုက်ဆံ‌ရေတွက်
ကြည့်‌တော့ လက်တွေတောင်တုန်တယ်။

အခြားအချိန်များတွင် ရဖူးပါသည်။ အမှန်တကယ်လက်ဖက်ရည်ထုပ်လေးများဖြင့် အမှန်တကယ်
လက်ဖက်ရည်သောက်ရခြင်းဖြစ်ပါသည်။
အဲ့တစ်ခါ လက်တုန်ပြီး နောင်အခါများမှာ
အဆိုပါ ပစ္စည်းသွင်းသူသည် ရန်ကုန်သို့
သွားရောက်သွင်းပါလေတော့သည်။
လက်ဖက်ရည်ဘိုး ဆိုသည်မှာ ဝန်ထမ်းတစ်ဦး
အတွက် ဘီယာဘိုးလည်းဖြစ်နိုင်သလို၊
ဆန်တစ်ပြည်ဘိုးလည်းဖြစ်နိုင်သည်။
အခြား အခြားသောအရာများလည်း
ဖြစ်နိုင်ပေသည်။

@htwegyi



0
0
0.000
8 comments
avatar

လဖက်ရည်ဖိုးပေါ့နော်.... ဘယ်လို ပြောရမလဲပေါ့ နော်....

0
0
0.000
avatar

အဟဲ ပြောချင်ရာပြောပေါ့နော် 😁

0
0
0.000
avatar

လက်ဖက်ရည်က ဘယ်နိုင်ငံထုတ် အကောင်းစားမို့ အဲလောက်ဈေးကြီးရလဲ😁😁

0
0
0.000
avatar
(Edited)

မန်းမြို့တော်က ဆိုင်သောက် 500ကျော် ပါဆယ် 1000လားမသိဘူးပေါ့နော်။ လက်ဖက်ရည်ထုပ်လေးပါရင်ကို ပျော်ပါပြီလေ 😁

0
0
0.000
avatar

ဝန်ထမ်းဘာဝ

0
0
0.000
avatar

ဘာသာ ဘာဝပေါ့။

0
0
0.000
avatar

ဟိုတယ်ဝန်ထမ်းဘဝများလည်း Tip money(လက်ဖက်ရည်ဖိုး)
လေးတွေ မျှော်ကြရတာ။ ဘဝတူတွေပါလေ။

0
0
0.000
avatar

တူသလို မတူသလိုပဲဗျ။

0
0
0.000