တို့ရဲ့ ကမ္ဘာ ငြိမ်းချမ်းရစေသား
ယနေ့ 17-1-2021နေ့မှာ RFA ကသတင်းကို
နားထောင်မိသည်။ ခါတိုင်းလည် အခြားသတင်း
များကို နားထောင်နေကျပါ။ ဒီနေ့သတင်း
ကြားရတာ စိတ်မချမ်းသာဖြစ်မိသည်။
ပထမသတင်းက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး
ကိုယ့်တိုင်းရင်းသားတွေ ရန်ဖြစ်နေကြသည့်
သတင်းဖြစ်သည်။
ယခင်ကတည်းက ရန်ဖြစ်နေကြတာပါ။
ယခုမှ အဆန်းလုပ်ပြောနေလား။
အဲတာ ပြောတာပါ ယခုထိ ဝေလို့ ခြမ်းလို့
ဝေစုခွဲလို့ မပြီးကြသေးဘူးလား။
သူများနိုင်ငံတွေ တိုးတက်နေပြီ။
ဝေစုခွဲတာ ရပ်ပြီး အခြားနည်းလမ်းနဲ့
ကိုယ့်ပြည်နယ်တိုးတက်အောင်
ကြံဆောင်ကြပါအုံး။
ငါမဟုတ်တဲ့ ငါရုပ်တွေနဲ့
ငါလုပ်ချင်နေကြတာနဲ့
ပြည်သူတွေ အပြစ်မဲ့ လူထုတွေ
အမိတကွဲ၊ အဖတကွဲ
အမိမဲ့၊ အဖမဲ့ ခြေလက်မစုံ
ဘဝတွေများစွာ ပျက်စီးခဲ့ကြရသည်။
ကလေးငယ်တွေ ငြိမ်းချမ်းရေး
ပန်းခင်းကြီးများထဲမှာ
ပျော်ပျော်ပါးပါး အေးချမ်းစွာ
ပြေးလွှား ဆော့ကစားကြပါစေ။
အလန့်တကြား၊ မျက်လုံးပြူး
မျက်ဆန်ပြူးပြူးလေးတွေနဲ့
စာအံသံတွေ ဆိတ်သုဉ်းနေတာ
စိတ်မချမ်းသာစရာပါ။
နောက် သတင်းတစ်ခုက
ထိုင်းနိုင်ငံမှာ ကိုယ့်မြန်မာနိုင်ငံသား
အမျိုးသမီးတစ်ဦးကို ထိုင်းရဲတစ်ဦး၏
စော်ကားခြင်း ခံခဲ့ရသည့် သတင်းဖြစ်သည်။
ထိုအမျိုးသမီးက ဗမာလား၊ တိုင်းရင်းသားလား
မည်သူပဲဖြစ်ဖြစ် ဝမ်းနည်းစရာကောင်းပေသည်။
သူများနိုင်ငံမှာ အစော်ကားခံရသည့်အပြင်
အစော်ကားခံရသူက အချုပ်မှာနေရပြီး
စော်ကားသူက အာမခံဖြင့် ပြင်ပမှာ
လွတ်လပ်စွာနေ နေရသည်။
ရင်နာဖွယ်ကောင်းပေစွ။
ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်း
စီးပွားရှာနိုင်ပါက ဤကဲ့သို့ ဆိုးရွားသည့်
အဖြစ်များမှ ကင်းလွတ်ပေမည်။
ကိုယ့်နိုင်ငံမှာ အေးချမ်းစွာ နေထိုင်နိုင်ဖို့
ကိုယ့်တိုင်းပြည်အေးချမ်းသာယာဖို့
တစ်ဦးတိုင်း တစ်ယောက်စီတိုင်း
စည်းကမ်းလိုက်နာပြီး
သည်းခံခွင့်လွှတ် အနစ်နာခံနိုင်ကြပါစေ။
https://twitter.com/Htwegyi1/status/1351501526464823299
Yay! 🤗
Your post has been boosted with Ecency Points.
Continue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more).
Support Ecency, check our proposal:
Ecency: https://ecency.com/proposals/141
Hivesigner: Vote for Proposal