တိုးတိတ် စိုးထိတ်

avatar

image

ကျွန်တော်နှင့် လမ်းကြောင်းကြီးကို ဆက်ရေးဖို့
ကာလကြာမြင့်ခဲ့သည်။ ကြာဆို ကိုဗစ်ဖြစ်လိုက်
၍ အိမ်ဂရန်သက်တမ်းတိုးပြုလုပ်မှု
နှောင့်နှေးခဲ့သည်။ ထိုအပြင် ဖေဖော်ဝါရီ၌ အာဏာသိမ်းမှုဖြစ်ခဲ့သည်။
ထိုအကြောင်းများကြောင့်လမ်းကြောင်းကြီး
ဆက်ရေးဖို့ ပြတ်တောက်ခဲ့သည်။

အိမ်ဂရန်မြေသက်တမ်းတိုးရန်
ဖေဖော်ဝါရီ 1ရက်နေ့၌ မြို့တော်စာချုပ်စာတမ်းရုံး
သွားခဲ့သည်။ နံနက် 8နာရီကျော်ခန့်သွားရောက်
သည်။ ရုံးရောက်သည့်အခါ လူသူရှင်းနေသည်။
ပုံမှန်အတိုင်းဆို အဆိုပါရုံးသည် ရှေ့နေ
များဖြင့် စည်ကားနေလေ့ရှိသည်။
ယနေ့မှာတော့ ရုံးမှာထူးထူးခြားခြား
တိတ်ဆိတ်နေပေသည်။

ရုံးအပြင်ဖက် မိတ္တူကူးဆိုင်၊ လက်နှိပ်စက်
ဆိုင်တွင်လည်း လူစည်ကားခြင်းမရှိပေ။
ယခင်ကာလများက အဆိုပါဆိုင်တွင်
စာစီစာရိုက်ဖို့ တစ်ရက်ကြိုစောင့်ရပေသည်။
ထိုဆိုင်သို့သွား၍ ရုံးကိစ္စပြုလုပ်ရန်
စာရိုက်သွားသည့်အခါ ယနေ့ရုံးလုပ်ငန်း
လုပ်ပေးမည် မပေးမည်ကို မသိရသေးကြောင်း
ပြောသည်။

"ဘာဖြစ်လို့လဲ" မေးမြန်ရာ

img_0.26842173131730035.jpg

"ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်
တို့အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း"
ပြောကြားသည်။ သူတို့၏ပြောစကားကို
ကျွန်တော်တို့က မယုံကြသေးပေ။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ
ပိတ်ထားသည်။ တစုံတခုတော့
ထူးခြားနေသည်ဟု ခံစားရသည်။
သူတို့ပြောစကား မမှန်ပါစေနှင့်ဆုတောင်းရင်း
မြေဂရန်သက်တမ်းတိုးခြင်းကိစ္စကို
ဆောင်ရွက်နေလိုက်ကြရသည်။

@htwegyi



0
0
0.000
0 comments