တဏှာကောင်ကြီးကိုဗျ။
သဝေထိုး င ဝဆွဲ ငွေ။ ငွေနဲ့ ပတ်သက်လာရင်
သိက္ခာဆိုတာ ဗလာနတ်ထိ မရှိတော့သည့် ခေတ်မှာ
သိက္ခာဆိုတာကလည်း ဘာလဲလို့မေးကြ
ရပေတော့မည်။ တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးတောင်
သိက္ခာပျောက်ဆုံးသောလမ်းမှာ စမ်းတဝါးဝါးပါလေ။
ငွေနဲ့ သိက္ခာ၊ အာဏာနဲ့ သိက္ခာ ရွေးကြသည့်အခါ
ငွေနဲ့ အာဏာကိုသာ အလေးထားလာသည့်
ကမ္ဘာကြီးက အကျိုးနည်းပေစွ။

ငွေရဖို့ အာဏာ ပါဝါတည်မြဲဖို့ ကိုသာ အာရုံစိုက်
လာကြသည်။ ကိုယ်ကျင့် သိက္ခာဆိုသည်ကို
ချောင်ထိုးထားသလို ဖြစ်နေကြလေသလား။
အမှန်တရားသည်က အမှားများကြား ပုန်းအောင်း
နေရှာပေရော့မည်။ ငွေ ငွေ အရာရာတိုင်းမှာ
ငွေကိုသာ ရှေ့တန်းတင်နေသည်။ ငွေသည်
ဒုတိယဘုရားသခင်ဖြစ်သမို့ ငွေမျက်နှာကြည့်သူ
တွေပေါလာသည်ကလည်း အများသား။

တနေ့ တနေ့မှာတော့ အဲ့သည့် ငွေနဲ့ အာဏာ
တွေကို ထားသွားခဲ့ရမှာကို မေ့နေကြသည်။
ထိုသို့ ထားခဲ့ရမည့် အချိန်မှာတော့ အသိနောက်ကျ
နေသူတွေ များလာနေပေသည်။ ထားခဲ့ရတဲ့ အချိန်မှ
ထားခဲ့ရပေါ့ ရတုန်းရှာထားမှ ဆိုသူကလည်း အများသား။
လောဘတွေနောက် လိုက်ရင်း။ နောင်တတွေ
ကလည်း နောက်က လိုက်ပါနေသည်ကို သတိမထား
မိကြ။

ခက်သည်က ထိုအရာများကို သိနေကြပါလျှက်
လောဘနဲ့တွေ့ပြီး မေ့နေကြသည်။ အာဏာ ပါဝါ
မှာ ယစ်မူးကာ မေ့မေ့မူးမူး ရူးရူးမိုက်မိုက်တွေ
ဖြစ်နေကြသည်။ ဒီရေတက်ချိန်များမှာ တဟုန်ထိုး
ဖြစ်နေကြပြီး ဒီရေကျချိန်ရောက်သည့်အခါမှာ
ဘာဆို ဘာမှ မဘာနိုင်လေသောအခါ။ ဒီအရာ
တွေက လွယ်သလား၊ ခက်သလားဆိုပါမူ။
လွယ်မလိုလိုနဲ့ အခက်သားဗျ ဆိုရပေမည်။
ကိုယ်တွေ ဆိုပါမူ ယနေ့ Hive ဈေး ငါးဒေါ်လာ၊
ဆယ်ဒေါ်လာဖြစ်ချေပါမူ လူက မည်သို့ဖြစ်နေပေမည်
မသိပေ။ ခက်တော့ ခက်သား။ အများကိုသာ
အကဲသာ ရေးနိုင် ပြောနိုင်သည်။ ကိုယ်တိုင်
ငွေနဲ့ အာဏာ ရပါမူ ဘာဖြစ်မလဲ မပြောနိုင်
ပေဘူး။ အင်း တဏှာကောင်ကြီးကိုဗျ။
@htwegyi
June 22, 2026
ဗျူးတွေက လှနေရောပဲ။
!PIZZA
!HUG
$PIZZA slices delivered:
@golden.future(6/10) tipped @htwegyi
Learn more at https://hive.pizza.