ဆီမီးထိန်သာ သီတင်းကျွတ်အခါ

avatar

image

မိုးကအေးအေး စောင်ခြုံထဲကွေး ဇိမ်ရှိပါ့။
သီတင်းကျွတ်ည ရွာလိုက်သည့်မိုးက ယနေ့ထိ
မစဲ တဖွဲဖွဲဆွေကာရွာလျှက်ရှိသည်။
သီတင်းကျွတ်ညက မိုးရွာ၍ တော်သေးသည်။
နို့မို့ဖြင့် ဗျောက်၊ မီးရှူးတို့က ကြောက်စရာ၊
ထိတ်လန့်စရာကောင်းပေသည်။

လူမာများ၊ သက်ကြီးရွယ်အိုများနှင့် မွေးကင်းစ
မီးနေသည်တို့အတွက် သီတင်းကျွတ်
ဗျောက်၊ မီးရှူးတို့က ဒုက္ခပေးလွန်လှပေသည်။
ခေတ်မီတိုးတက်လာသည့်နှင့် ဗျောက်၊ မီးရှူးတို့က
အင်မတန်မှ အသံမြည်လွန်းလှပေသည်။
ရိုးရာပွဲဆိုပေသည့် အကောင်းထက် အပျက်ကို
ပိုအားသာကြသည်။ ရိုးရာမပျက် ဆီမီးပူးဇော်
ကုသိုလ်ယူကြပါက အင်မတန်မှ ပျော်ရွှင်သာယာ
ဖွယ်ကောင်းသည့် ရိုးရာပွဲသည် စိန့်တိုင်းမှ
စီးပွားဖြစ် ဗျောက်၊ မီးရှူးတို့ကြောင့်
အလှတရားပျက်လေသည်။

ယခင်နှင့် ယခု တော်ပေးသေးသည်။
တော်ပေးသည်ပြောရခြင်းမှာ ယခင်က
ဗျောက်များကို လူငယ်များက လမ်းသွား
လမ်းလာ မိန်းကလေးငယ်တို့အား စ နောက်
ဖောက်ကြသည်။ အတော်အန္တရာယ်များသော
စ နောက်ခြင်းဖြစ်ပေသည်။ ယခုအခါမှာ
လမ်းလျှောက်သူနည်းပြီး ဆိုင်ကယ်စီးသူ
များလာသောကြောင့် အဆိုပါ စနောက်ခြင်း
နည်းပါးခြင်းဖြစ်ပေမည်။

20201102_163206.jpg

အပျော်အပါးနှင့် အန္တရာယ်အားခွဲခြားနိုင်ကြ
စေချင်ပါသည်။ မိမိ၏ အပျော် အပျက်ကြောင့်
သူတစ်ပါးထိခိုက်သွားပါက စိတ်ဆင်းရဲရပေမည်။
နောက်တစ်ခု လမ်းမများထက် စွန် (လေတံခွန်)
လွှတ်သူများကြောင့် လမ်းသွားလမ်းလာ
ဆိုင်ကယ်စီးသူတို့ အန္တရာယ်ဖြစ်စေပါသည်။
ကိုယ့်ပျော်ရွှင်မှုက တစ်ပါးသူ စိတ်အနှောက်
အရှက် ဖြစ်စေပါက ပျော်ရွှင်ဖွယ်ကောင်းမည်
မဟုတ်ပေ။

သီတင်းကျွတ် အခါသမယမှာ မိမိကိုယ်ကို
ပျော်ရွှင်မှုအတွက် တစ်ပါးသူများ မထိခိုက်ပါစေနဲ့လား၊ သူတစ်ပါးမထိခိုက်စေဖို့ သတိထား
ပျော်ပါးနိုင်ကြရန် ရေးသားလိုက်ရပါသည်။

@htwegyi



0
0
0.000
4 comments
avatar

ပျော်လည်းပျော် ပျက်တော့ မပျက်စေနဲ့ ပေါ့

0
0
0.000
avatar

ဟုတ်သာပ အပျော်နောက်မှာ အပျက်တွေက တန်းစီပါလာစမြဲ

0
0
0.000
avatar

ဝါကျွတ်မိုးက အငြိုးနဲ့ ရွာနေတယ်

0
0
0.000
avatar

မိုးရွာတာ ကောင်းသွားတယ် ကျုပ်တို့ ကိုဟိန်းတော့ လွမ်းကောင်းပေါ့

0
0
0.000