ဆောင်းရယ် စပ်တယ်
ငယ်စဉ်က ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသောဘဝ
နှင့် ယခုအသက် 45 နှစ်ကျော်လာခဲ့သည့်ဘဝက
ဘာမှမဆိုင်။ မဆိုင်ဆို ငယ်စဉ်က ကိုယ်တွေက
ဂျစ်ပစီ၊ ခုခေတ်စကားလုံးနဲ့ပြောပါဆိုရင်
ဂျလေဘီ။ ဂျစ်နဲ့ ဂျလေ နည်းနည်းတော့
ဆင်ဆင်တူသလို။
ဟုတ်ကဲ့ငယ်ဘဝက အမိအဖများက
မိသားစုစားဝတ်နေရေးအတွက် ကြိုးစား
ရှာဖွေရသဖြင့် သားသမီးများကို
ရင်အုပ်မကွာ မပြုစုနိုင်ပေ။ ထိုအခါ
ကျွန်တော်သည် အထိန်းအကွပ်မဲ့
လွတ်လပ်စွာ ကစားခုန်စား ပျော်ပါး
ပါတော့သည်။
မနက်မိုးလင်း မျက်နှာသစ်ပြီးသည်နှင့်
မနက်စာထမင်းကြမ်း စားပြီလျှင်
နေ့လယ် ထမင်းစားချိန်အထိ ဆော့ကစား
သည်။ ရေချိုးချိန်ပင် တစ်ခါတစ်ရံမေ့နေ
တတ်သည်။ နွေရာသီမှာတော့ ရေချိုးဖို့မမေ့။
ဆောင်းရာသီမှာတော့ ရေချိုးဖို့ အပျင်း
ထူခဲ့သည်။ ဆောင်းမှာ ရေချိုးပျင်းသော
ကျွန်တော်တို့ မောင်နှမတစ်စုသည်
သွားကိုက်ဝေဒနာ ကိုယ်စီခံစားကြရသည်။
သွားကိုက်ဆို သွားတိုက်တံ၊ သွားတိုက်ဆေး
ဆိုသည်မှာ ကျွန်တော်တို့နှင့်မပတ်သက်သည့်
အရာများဟု ငယ်စဉ်က အထင်ရှိခဲ့သည်။
ဆားနှင့်ပလုတ်ကျင်း၊ မီးသွေးနှင့် သွားတိုက်
ခဲ့ကြသည်။ ဝမ်းမှန်ဖို့လည် သတိမထားကြ။
7တန်း၊ 8တန်း အရွယ်ရောက်မှသာ
သွားတိုက်တံ၊ သွားတိုက်ဆေးများကို စတင်
သုံးစွဲလာကြသည်။ သုံးသည်ဆိုရာဝယ်
သွားတိုက်တံ တစ်ချောင်ကိုပင်
မောင်နှမတစ်တွေ စုပေါင်းသုံးကြသည်။
နေ့လယ်ထမင်းစားပြီးသည့်နှင့် ညစာ
ထမင်းစားချိန်ထိ အဖေ အမေကမခေါ်မချင်း
ကစားသည်။ ဆောင်းရာသီ ရေမချိုး၊ အပျင်းကြီး
ခြင်းက ထမင်းစားသည့်အခါ ဒုကွခလှလှ
တွေ့ကြသည်။ နှုတ်ခမ်းပါးစောင်းများကွဲ၊
လျှာများ အက်ကွဲသဖြင့် ငရုတ်သီးပင်မဟုတ်
အရောင်တင်မှုန့်ပါသော ဟင်းကိုပင်
မစားနိုင်ကြပေ။
ငယ်စဉ်က ဆောင်းရာသီမှာ နှစ်စဉ်ခံစားနေကျ
ဒီဒုက္ခက ကျွန်တော်တို့ မောင်နှမများအတွက်
ယခုထိအမှတ်တရဖြစ်နေပါသည်။ ခုချိန်မှာတော့
ငယ်စဉ်က ဆိုးပေဆော့ကစားခဲ့သည်များကို
ပြန်လည်သတိရ လွမ်းမိပါတော့သည်။
အော် ဆောင်းရယ် စပ်လှသကွယ်။
https://twitter.com/Htwegyi1/status/1350384781909925891
Yay! 🤗
Your post has been boosted with Ecency Points.
Continue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more).
Support Ecency, check our proposal:
Ecency: https://ecency.com/proposals/141
Hivesigner: Vote for Proposal
ကျနော်လည်း ငယ်ငယ်က အဲ့လိုမျိုး ခံစားခဲ့ရဖူးတယ်။
ဟုတ်သဗျို့ အတော်ခံရ ခက်တာ