ဆိုင်ကယ် ပုံပြင်

avatar

image

ဆိုင်ကယ်စီးချင်သူ ကျွန်တော်အကို
ယခုတော့ မရှိတော့ပါ။ ဟိုယခင်ပိုစ့်များ
ရေးခဲ့စဉ်က ရေးပြီးသားဖြစ်ချင်ဖြစ်ပေမည်။
ကျွန်တော်အကို သည် ရေနံဌာနမှာ
အလုပ်လုပ်သည်။ ဓာတ်ဆီဆိုင်အသစ်များ‌
ဆောက်သည့်အခါလိုက်လံ ကြည့်ရှု
ကြီးကြပ်ရသည်။ ထိုစဉ် ကျွန်တော်က
ငယ်သေး၍ အကို အလုပ်ကို
သေချာမသိပါ။

အကို က ခရီးထွက်သည်က များသည်။
အကိုတို့ခေတ်က ဆိုင်ကယ်စီးဖို့
အတော်ခက်ခဲသည်။ သူဌေးများသာ
စီးနိုင်သည်။ ဂျပန်စူပါကတ် အဖြူရောင်၊
ရွှေအိုရောင်နှင့် ဇီးရောင်များက
ခေတ်စားသည်။ ဆိုင်ကယ်စီချင်သူ
အကိုအတွက် ကံကောင်းသည်ဟု
ပြောရမည်။

အကို့သူငယ်ချင်းတစ်ဦးက ‌စီးပွားရှာ
ကောင်း၍ ကာဝါဆာကီဟုခေါ်သည့်
ဆိုင်ကယ်ကြီးတစ်စီးဝယ်သည်။
ဆိုင်ကယ်စီးချင်သူနှင့် ဆိုင်ကယ်
ဝယ်ထားသူ သူငယ်ချင်းနှစ်ဦး
ဆိုင်ကယ်ပေါ်က မဆင်းကြတော့ပေ။
နောက်တော့ စီးရတာ ရိုးသွားတော့
သိပ်ပြီးမစီကြတော့ပေ။ထိုနောက်တော့
အကိုသည် ယမကာ လုလင်ဖြစ်သွားကာ
အသက် 31နှစ်မှာဆုံးပါးသွားရှာသည်။

သူတို့ရိုးတော့ ကျွန်တော်တို့က
တစခန်းထကြသည်။

"အမေ ဆိုင်ကယ်တစ်စီးလောက်
ဝယ်ရအောင်၊ ဓာတ်ဆီထုတ်
ရောင်းစားလည်းမြတ်တယ်၊
စီးရတာလည်း အမြတ်ပဲ"

20210803_142632.jpg

ဟုအမေကိုပြောကာ 15သိန်းတန်
စူပါကတ်ဇီးရောင် အဟောင်းကို
ဝယ်လိုက်ကြသည်။ စုဆောင်းထာသည့်
ရွှေစ‌လေးများရောင်း၍ဝယ်သည်။
ယခုရွှေဈေးနှင့်တွက်ပါက အတော်ကိုရှုံးသည်။
ဓာတ်ဆီရောင်းစားချင်၍ ဝယ်ကာမှ။
ဆိုင်ကယ်ဝယ်ပြီး သုံးလေးနှစ် အကြာမှာ
အစိုးရဓာတ်ဆီဆိုင်များ ဖျက်သိမ်းလိုက်သည်။
ပြင်ပပုဂ္ဂလိက ဓာတ်ဆီဆိုင်များ ပေါ်ပေါက်
လာသည်။ တရုတ်ဆိုင်ကယ်များလည်း အမျိုးမျိုး
ပေါ်ပေါက်လာသည်။

ဇီးရောင်ဆိုင်ကယ်ကြီးကတော့
အိမ်မှာ ခန့်ခန့်ကြီးပါပဲ။
ဆိုင်ကယ်ကြီးကို မြင်ရတိုင်း
"အော် အဖတ်တင်တာပ" ဟု၍သာ။

@htwegyi
3-8-21



0
0
0.000
9 comments
avatar

ရွှေတွေကစျေးအရမ်းတက်လာတယ်....

0
0
0.000
avatar

ဟုတ်ပ ဆိုင်ကယ်က အကျိးနဲပ

0
0
0.000
avatar

ဆိုင်ကယ်ကတော့ စီးရတာအမြတ်ပဲဆိုတဲ့ ပစ်စည်းထဲမှာပါတယ်ပြောရမှာပဲ။

0
0
0.000
avatar

ဟုတ်ပါတယ်လေ

0
0
0.000
avatar

ကျွန်တော်တို့ ငယ်ငယ်ကတော့ စူပါကတ် ဆိုင်ကယ် စီးနိုင်ရင် သူဌေးပဲ။ နောက်တော့ Yamaha DT ဆိုတာတွေပေါ်လာတာပဲ။ ဆိုင်ကယ်တော့ မန်းလေးမှာ နေတုန်းက စီးသင်လိုက်တာပဲ။ အမျိုးသမီးရဲ့ စူပါကတ် အစိမ်းလေးနဲ့။ ဝတုတ် ၂ ယောက်စီးတာ ဆိုင်ကယ်က ငယ်သံတောင်ပါရုံမက အင်ဂျင်ကနေ ညှော်နံ့တွေတောင် ထွက်တယ်။

0
0
0.000
avatar

အတော်သနားစရာကောင်သော ဆိုင်ကယ်စိမ်းလေးပေါ့

0
0
0.000