မျှားခေါ်ခြင်း

avatar

image

ငွေမျှောရင် ငွေနဲ့လိုက်
လှေမျှောရင် လှေနဲ့လိုက်။

အဲ့စကားလုံးကို ငယ်စဉ်က
ခဏခဏ ကြားဖူးသည်။
ကြားရသည့် နေရာက
လောင်းကစားပြုလုပ်သည့်နေရာများတွင်
အများဆုံးကြားရသည်။ အများအားဖြင့်
ဖဲဝိုင်းတွင် ပိုကြားရသည်။

ဒီးစကားက ဘာအဓိပ္ပါယ်လဲဆိုတာ
သေချတော့မသိဘူး။ ကျွန်တော်ကတော့
လောင်းကစားဝိုင်းနဲ့ ပတ်သက်၍
ဒီစကားအဓိပ္ပါယ်က မြှောက်ပေးသည်ဟု
အဓိပ္ပါယ်ယူမိသည်။

ငယ်စဉ်ကလေးဘဝ လောင်းကစားဝိုင်းနား
ဘေးမှထိုင်၍ ကြည့်ရှုခြင်း၊ ဘေးပေါက်ထိုးရင်း
ကြားခဲ့ရသည်။ မျက်နှာ အဆီပြန်များဖြင့်
လောဘမျက်နှာများမှ လောဘစကား
များဖြင့် နိုင်ရင်ပြုံးပြုံး၊ ရှုံးရင် သုန်သုန်
မှုန်မှုန် မျက်နှာများကိုတွေ့ရသည်။
ပါးစပ်များ လှုပ်ကာပြောဆိုသည်တွင်

"ငွေမျှောရင် ငွေနဲ့လိုက်
လှေမျှောရင် လှေနဲ့လိုက် ပါဟ"တဲ့။

20210731_132726.jpg

ယခု ကျွန်တော့်အိမ်ရှေ့က ဓာတ်တိုင်ကတော့
"လျှပ်စစ်မျှောဖို့ လျှပ်စစ်လိုက်စို့"
ဖြစ်နေသည်။ လျှပ်စစ်ကို မျှားခေါ်ရသည်။
ဝန်ထမ်းတိုက်ခန်းမှာ နေစဉ် ညအိပ်ချိန်
တအိမ်လုံး မီးမှောင်ချအိပ်ကြသည်။
မီးမှောင်မှ အိပ်တတ်ကြသည်။
လျှပ်စစ်မီးချွေတာရာရောက်သည်။
နေ့ခင်းတွင် ထမင်းအိုးတည်၊ အိုက်ပူမှ
ပန်ကာဖွင့်၊ မီးကြွေအိုးထိုးဒီလောက်သာ
အသုံးပြုသည် ကျန်အချိန်မီးမသုံး
အကုန်ပိတ်ထားသည်။

ယခု အဖေ့ခြံ၌ ထိုသို့ပြုလုပ်၍မရ။
ညအချိန် မီးချောင်း (သို့) မီးလုံးတစ်ခု
ဖွင့်ထားရသည်။ နို့မို့ လျှပ်စစ်က မီးကြိုး
တစ်လျှောက်စီးမလာပေ။ နေ့ခင်း မီးအသုံး
မပြုပါကလည်း မီးကတော်တော်နှင့် ဖွင့်မရ။
အိမ်ရှိ မီးချောင်းနှင့် မီးလုံးများဖွင့်ကာ
မိန်းကို တင်လိုက် ချလိုက် သုံးလေးကြိမ်
ပြုလုပ်ပေးမှသာ လျှပ်စစ်မီးက
လာပေသည်။
အင်း ခုမှ လျှပ်စစ်မျှော လျှပ်စစ်နဲ့
လိုက်နေရတဲ့ဘဝ။

@htwegyi
31-7-21



0
0
0.000
13 comments
avatar

Switch မှာ lost ဖြစ်နေတာများလား ဦးထွေး Switch ရဲ့ Contact တွေထိလိုက် မထိလိုက်ဖြစ်တာမျိုး ကြိုးအဝင်အထွက် မှာ လွတ်နေတာမျိုး ဖြစ်တက်ပါတယ်ဗျ။

0
0
0.000
avatar

ဟုတ်မယ်ဗျို့ ကြိုးမှာ ချိတ်ထားတဲ့ မီးကြိုးချိတ်လေးတွေက လေးတိုက်ရင်
မီးပွင့်သလိုလို အသံထွက်နေတယ်။

0
0
0.000
avatar

လျပ်စစ်ကို အဲသလို လုပ်ရတယ်လို့ တခါမှ မကြားမိပါဘူး။ ဘယ့်နှဲ့ လျပ်စစ်ကို မိန်းအတင်အချ လုပ်ပြီး ချူဆီထည့်ပြီး လျပ်စစ်ချူရတယ်လို့.... ဆန်းတပြားပြား ပါလား...

0
0
0.000
avatar

မီးမသုံးတော့ လျှပ်စစ်က ပြတ်သွားတယ်ထင်ပ။
လေတိုက်၊ မိုးရွားတော့ ဓာတ်ကြိုးကလှုပ် လျှပ်စစ်က လွတ်သွားတယ်
ထင်တာပဲဗျ။

0
0
0.000
avatar

အင်း လျှပ်စစ် အန္တရယ်တော့ သတိထားပါဦးထွေးရေ...
ဖြစ်နိုင်ရင်တော့ ကျွမ်းကျင်သူတွေကို ခေါ်ပြတာ အကောင်းဆုံးပဲ။
အဲ့လိုမျိုးဖြစ်တာတော့ မကြုံဖူးလို့ အကြံမပေးတက်ဘူးဗျ။

!PIZZA

0
0
0.000
avatar

လေ တိုက် မိုးရွာတော့ ကြိုးက လှုပ်ပြီး လျှပ်စစ်မကူးတာလို့ပြောတာပဲ။

0
0
0.000
avatar

ဦးထွေးရေ ကျွန်တော်က လျပ်စစ်ပိုင်းလုပ်တာပါ။အဲဒီလိုဖြစ်နေတာ တစ်နေရာရာမှာ Lose connection သဘောမျိုး မထိတထိ ဖြစ်နေတာပါ။
ဥပမာ ကြိုးထိပ်က ချိတ်ဆိုရင်လည်းအဲဒါမျိုးဖြစ်နေမှာပါ။
Breaker ဆိုလည်း မကောင်းရင် လဲရမှာပေါ့။
ကြိုးကချိတ်မှာ spark ထွက်နေရင်တော့ အဲဒါကြောင့်ပါဦးထွေးရေ။

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ ကျွမ်းကျင်တဲ့သူ ပြကြည့်ရမှာ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Day - August 1st 2021 - Hive Power Delegation
0
0
0.000