ပျားရည် ကြိုက်သူများ

avatar
(Edited)

image

Happy New year နယူးရီးယား ခဲ့တာက
နှစ်ရက်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေသည်။
ကိုယ်တွေလည်း စာရေးမယ်စိတ်ကူးတိုင်း
စိတ်မပါ ဖျားချင်သလိုလိုဖြစ် ကိုဗစ်များလား။
တောင်တွေးမြောက်တွေး၊ ဟိုတွေးဒီတွေး
အတွေးများဖြင့် ချာချာလည်နေခဲ့သည်။

ကိုဗစ်ရောဂါပိုးတွေ့ရှိသူက နည်းပါးသွား၍
2021 ခုနှစ်ရဲ့ အဖွင့်ကတော့ မင်္ဂလာရှိခဲ့သည်။
သို့သော် Happy New year ညရဲ့
ဗျောက်ဖောက်သံနဲ့ ဝမ်းခေါင်းသံကြီးများက
ရောဂါပိုးတို့ အကြိုက်ဖြစ်စေသည်။
အုပ်စုဖွဲ့၍ စားကြ၊ သောက်ကြ၊ အော်ကြ
ဟစ်ကြ ဒီလူအုပ်တွေမှာ ရောဂါပိုးနောက်ထပ်
မတွေ့ပါစေနဲ့ ဆုတောင်းရပါအုံးမည်။

img_0.39916294105670846.jpg

Happy New year အပျော်မကြူမပါနဲ့၊
အုပ်စုမဖွဲ့ကြပါနဲ့ ပြောပါသော်လည်း။
သိတယ်မဟုတ်လား ကျုပ်တို့က ရွှေမြန်မာတွေ
အပျော်အပါး အလွန့်ကြိုက်တဲ့သူတွေ။
ဒီ Happy New year ဆိုတာကြီးက သူများ
ဟာကြီးကို လိုက်ပြီး ပျော်ပါးချင်တော့
အပျော်အပါးကို မွေးစားယူကြသည်။

ကိုယ့်မှာရှိတဲ့ 12လရာသီ အပျော်များကိုပင်
မတင်းတိမ်မရောင်ရဲနိုင်ဘဲ သူများ
အပျော်အပါးကို တမင်မွေးမြူးကြလေသည်။
အပျော်ရဲ့နောက်မှာ အပျက်များလိုက်လာသည်။
ထိုအပျက်များကိုပင် အပျော်ဟုထင်ကြသည်။
လူတို့သည် မှန်ကန်သည့်လမ်းကြောင်းကို
လိုက်ဖို့ခက်ခဲပေမင့်၊ မှားယွင်းသည့်အပြုအမူကို
လုပ်ကြဖို့ ဝန်မလေးကြပေ။

အမှန်တကယ်ဆို ယခုလို ရောဂါကပ်ဆိုးကြီး
ကျရောက်နေသည့်အချိန်မှာ နှစ်သစ်ကူးကို
မေတ္တာတရားများ၊ ရတနာသုံးပါးတို့ဖြင့်
ဖြတ်ကျော်ဖြတ်သန်းကြရပေမည်။
မိမိတို့အသိမှာ နောင်တ တရားများရရှိကြရ
ပေမည်။ သို့သော် ရောဂါဆိုးကြီးကို
ဂရုမစိုက်သည့်အပြင် သောက်စားပျော်ပါး
မူးရမ်းကား၍ ရပ်ကွက်မှ တားယူရသည့်အထိ
ဖြစ်ခဲ့ကြသည်။

စည်းလွှတ် ဝါးလွှတ်ပျော်ကြသည်။
အဆိုပါသူတို့က ဒုက္ခက ပျားရည်လို
ချိုတယ်ဆိုတဲ့ ကိုချစ်ကောင်း သီချင်းလို။
ကိုညီထွဋ် ရဲ့ ဓားသွားထက် ပျားရည်ကို
ခုံမင်နေကြသူများ ဖြစ်ပေတော့သည်။

@htwegyi



0
0
0.000
5 comments
avatar

ပျားရည်လို ချိုမြိန်တဲ့အရသာရဲ့....နောက်မှာ....ခါးသီးတဲ့ ဒုက္ခလို့.....ချပြသွားတာလှတယ်...ဆရာ

0
0
0.000
avatar

ကျေးဇူးတင်ပါတယ် ဆရာဗစ် မြင်ရ ကြားရ စိတ်မသက်သာလှဘူး

0
0
0.000
avatar

ဓားသွားထက်က ပျားရည်ကို လျက်ချင်ကြတာလည်း လူ့သဘောပါပဲ။
လူ့စိတ်က ထိန်းရခက်သား မဟုတ်လားဗျာ။

0
0
0.000
avatar

စိတ်ကို အလိုလိုက်ကြသူက အများသား
တန်ဆေး လွန်ဘေး သတိတော့ထား‌ရမှာပါလေ။

0
0
0.000