Protest Performance

avatar
(Edited)

ဒီနေ့က ကျွန်တော်ရဲ့ မွေးနေ့ဖြစ်သလို၊
ကျွန်တော်တို့ရဲ့့ မီးရထားဝန်ထမ်းအမျိုးသမီး
ထုကလည်း ထူးထူးခြားခြား
သပိတ်တိုက်ပွဲကို ဆန်းသစ်
တီထွင်စွာ ပါဝင်ဆင်နွဲလိုက်သည်။

ဆန္ဒပြ သပိတ်တိုက်ပွဲဝင်ရာတွင် ပါဖော့မန်နှင့်
ဆန္ဒပြခဲ့ကြသည်။ ယနေ့ နေ့လယ် 2နာရီအချိန်
ပူပြင်းသည့် နေ‌ရောင်အောက် တံလျှပ်ထ‌နေ
သည့် ပေတရာလမ်းမပေါ်တွင် အပူရှိန်ကို
မမှုပဲ အံတုကာ အိမ်ထောင်ရှင်မသပိတ်
ဆင်နွဲခဲ့သည်။

ရှေ့ဆုံးမှ အမျိုးသမီးလေးက အောင်သပြေ
ငွေဖလားခွက်ကိုင်သည်။ သူမနောက်မှ အဝတ်ဖြူ
ဝတ်ထားသည့် အမျိုးသမီးက မျက်နှာကို
ပဝါအနက်စည်း၍ ချိန်ခွင်ကိုင်လိုက်သည်။
သူမတို့နောက်မှာတော့ ကျောင်းသား/သူများနှင့်
ဗိုက်ကြီးသည်၊ ကလေးပွေ့ချီထားသည့်
အမျိုးသမီးများက လိုက်ပါကြသည်။

သူရို့နောက်မှာ တော့ အမျိုးသမီးထုကြီးက
မီးဖိုချောင်သုံးပစ္စည်းများ ကိုင်လိုက်ပါကာ

img_0.5494544941225951.jpg

တို့အရေး.....

တို့အရေး ......

ကြွေးကြော်ကာ လိုက်ပါလှည့်လည်
ဆန္ဒပြခဲ့လေသည်။

img_0.17471899095332533.jpg

img_0.07904267125693153.jpg

img_0.749901046030497.jpg

img_0.9132339983712211.jpg

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

@htwegyi



0
0
0.000
2 comments