ငထွေး လည်းမသိဘူး

avatar

image

Crytocurrency လောက က စိတ်ဝင်စားစရာ
ကောင်းသလို အံ့ဩစရာကောင်းပြီး
စိတ်ကိုလည်း ထိခိုက်စေတယ်။ အံမယ်
ငထွေးက ဘာတွေများ ဒီလောက်
Crytocurrency ကြီးကို ဝေဖန်နေတာလဲ။
ဘယ်လောက်များ Crytpto အကြောင်းသိလို့လဲ။
အဟဲ သိပါဘူး။ မနေ့က ကိုဟင့်ပိုစ်ဖတ်ပြီး
စိတ်ထဲမှာ နည်းနည်းခံးစားမိလို့။

Leo platform က Hive platform ထက်
ရှေ့ပြေးနေတယ်ဆိုတာ ဖတ်လိုက်ရတော့။
စိတ်ထဲ အတော်ခံပြင်းသွားတာ။ ကိုယ်နောက်က
ဟာက ရှေ့ကျော်တက်သွားသလို။ Steemit
မှာလည်း စောင့်စားခဲ့ရတယ်။ ခု Hive platform
ကလည်း HF တင်ပြီသော်လည်း ထူးခြားမှုမရှိ
ဆိုတော့။ နည်းနည်းတော့ ခံစားရတယ်။
2017 ကနေ 2020ထိ ပြောင်းလဲမှုကို စောင့်စား
ခဲ့သည်။

20201020_154314.jpg

စောင့်စားမှုအတွက် အချင်းအနှီးတော့ မဖြစ်ပါ Steemit မှ Hive ပြောင်းလဲသည့်အခါ
Steemit မှာရှိသည့် ပါဝါအတိုင်း Hive မှာ
ရရှိခဲ့သည်။ Steem တွေရောင်းစားခဲ့ရသည်။
အဲ့အချိန်ကတော့ ပျော်ခဲ့သည်ပေါ့။ steem
ဈေး 10$ကျော်သည့်အချိန်ကထက်ပင် ပျော်ရပါသည်။ အဲ့အချိန်က ငထွေးမှာ steem
များများစားစားမရှိသေးပါ။ ရောင်းရမှန်းလည်း
မသိ။ ရောင်းလဲ မရောင်းတတ်သေးပါ။

ယခု Hive platform ၏ HF ကတင်ပြီးပြီ။
ဘာတွေဆက်ဖြစ်လာမလဲ။ စောင့်စားရပေအုံးမည်။
စောင့်နိုင်ရင် အကျိုးဖြစ် တဲ့။
Hive platform ထက် Leo platform က
သာနေသည်ဆိုတော့ Leo platform သို့
ပြောင်းကြမည်လား။ hive မှာပဲ စောင့်စားနေ
ရအုံးမလား။ တစ်နေ့နေ့တော့ အချိန်ကြာလာ
သည်နှင့် အဖြေပေါ်လာပေမည်။ မည်သည်
တွေက မည်သို့ဖြစ်ပြီး မည်သည်က
ဘာတွေဖြစ်လာမည်ဆိုတာတော့
အချိန် က ပြောပြပါလိမ့်မည်။
ငထွေးလည်းမသိ 😁😜။

@htwegyi



0
0
0.000
3 comments
avatar

Leo ကတော့ လူကြိုက်များနေတယ်ဗျ။ စျေးကလည်း Hive ထက်သာနေတယ်။
ခုချိန် leo power ဝယ်စုမယ်ဆိုရင်တောင် သိပ်မလွယ်တော့ဘူး။

0
0
0.000
avatar

ဝယ်တော့မစုပါဘူး ကိုယ့် hive က အမှီလိုက်ပေးရင် ရပြီ 😁

0
0
0.000