နေနှင့်အုံး စိန်တစ်လုံး

avatar

image

သရက်ပင် အ‌‌ကြောင်း ယခင်ပိုစ့်က
ရေးသားပြီးဖြစ်သည်။ သရက်ဆိုသည်
အသီးက အပူအင်မတန်ကြိုက်ပေးသည်။
ကျွန်တော်တို့ အညာဒေသမှာ အင်မတန်မှ
ပေါသည့် အသီးမျိုးလည်းဖြစ်ပေသည်။
အိမ်ဝိုင်းကျယ်ကျယ်ရှိသည့် မည်သည့်အိမ်
မျိုးမဆို သရက်ပင်တစ်ပင် အနည်းဆုံး
ရှိသည်။

အရိပ်လည်းရ အသီးလည်းစားရသဖြင့်
သရက်ပင်ကို စိုက်ပျိုးသည်။ ထိုအပြင်
အသီးမှာ သရက်
အရွက်မှာ လက်ဖက်
အသားမှာ ဝက် ဆိုသည့်တိုင်း

img_0.7756156716513625.jpg

သရက်မျိုးကောင်း စားရပါက ပါးစပ်မှာ
စွဲလန်းနှစ်ခြိုက်သွားစေသည်။ လျှာပေါ်မှ
စွဲလန်းကာ အမှတ်ရနေစေသည်။ သရက်မျိုးပေါင်
များစွာရှိသည့်အနက် စိန်တစ်လုံးသရက်သီး
ကို လူအများနှစ်ခြိုက်စွာ စားကြသည်။
ဈေးကြီးပေးဝယ်ယူစားကြသည်။
ဈေးကြီးပေး ပေးရသည့်မက စိန်တစ်လုံး
အရသာက လူကို သူရဲ့သရက်သီးအရသာ
ဖြင့် စွဲမက်အောင်ပြည့်ဝစွာပေးနိုင်သည်။

သို့သော် ထိုအနှီးစိန်တစ်လုံး သရက်ကို
ကျွန်တော်တို့များစွာ ဝဝလင်လင် ပေါများစွာ
မစားရပေ။ ကောင်းပေ့ ညွှန်းပေ့ လှပေသည့်
ထိုအနှီးစိန်တစ်လုံး များကို ဈေးကောင်း
ပေးဝယ်သည့် စိနတိုင်းသို့ ပေးပို့ရောင်းချ
ကြလေသည်။ စိနတိုင်းသာတို့ မဝယ်၊ မရချင်
မလိုချင်သည့် အကျန် အကြွင်း စိန်တစ်လုံး
သရက်သီများကိုသာ ကျွန်တော်တို့အဖို့
ဝယ်ယူစားရလေသည်။

သို့ပါသော်ကြောင့် အက်ျွနုပ်သည် ယနေ့
မှစ၍ စိန်တစ်လုံးမျိုးကောင်းများကို ရွေး၍
စိန်တစ်လုံးသရက်ပင်ပေါက်လေးများကို
ကိုယ်တိုင်ကိုယ်ကျ ပျိုးပင်ပေါက်ပျိုး၍
ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်စားသုံးရန်
သန္ဓိဌာန်ချမှတ်လိုက်တော့သည်။
ကိုယ်စိုက်သည့် သရက်ပင် အသီးသီးသည့်
အထိ နေရအုံးမည်ဆိုရင်ပေါ့လေ။

မှတ်ချက်။ သရက်ပျိုးပင် ပျိုးနည်းသိရင်
လက်တို့လိုက်အုံး။ လင့်ရှိရင်လည်း
မျှပေးခဲ့ကြပါကုန်။

@htwegyi



0
0
0.000
7 comments
avatar

ကိုဟင် စလုံးမှာ ရှိနေတုန်းက မြန်မာတွေနဲ့ ပါတ်သက်ပြီး နာမည် ကောင်းရတာဆိုလို့ အဲဒီ စိန်တလုံး သရက်ပဲရှိတယ်။ မွေးတာရော ချိုတာရော ပေါ့။

0
0
0.000
avatar

စိန်တလုံး သရက်က မျက်နှာပွင့်သကိုး နေရာအနှံ့အပြား လူကြိုက်များ။

0
0
0.000
avatar

ဟုတ်ကဲ Link ရှာပြီး မျှဝေပေးပါ့မယ် ဦးထွေး။

!PIZZA

0
0
0.000
avatar

အေးပါဟေ့ တွေ့ရင် လင့်ပေးပါအုံး။

0
0
0.000
avatar

လိုင်းရတုန်း ဝင်ဆွဲနေကြပြီလား။
စိန်တစ်လုံးတွေ ပေါရင် ပို့ပေးပါ။

0
0
0.000
avatar

စိုက်အုံးမယ် သီးရင် ပို့လိုက်မယ်

0
0
0.000