မဲပေးကြရာဝယ်

avatar

image

မနေ့က ကြိုတင်မဲသွားပေးသည်။ ကြိုတင်မဲကို
ယခုမှပေးဘူးသည်။ မဲရုံတာဝန်ကျ ကတ်ပြား
မိတ္တူပေး၍ ကြိုတင်မဲပေးရသည်။ ကြိုတင်မဲသည်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
တိုင်းဒေသကြီးလွှတ်တော် ဟူ၍ သုံးမဲ ပေးရသည်။
မဲပြားများကို စာအိတ်တွင်ထည့်၍ မဲပုံအတွင်း
ထည့်ရသည်။

မဲလက်မှာတွင် ရှေ့မျက်နှာ တံဆိပ်တုံးထုမည်နေရာ၌
မဲရုံမှူး၏ လက်မှတ်ထိုမထားပေ။ မဲလက်မှတ်
နောက်ကျောတွင် ‌သာတံဆိပ်ဝိုင်းနှင့် လက်မှတ်ထိုးထားသည်။ မဲလက်မှတ်တွင် ပြည်သူလွှတ်တော်
ဆိုပါလျှင် စာအိတ်တွင်လည်း ပြည်သူ့လွှတ်တော်
စာအိတ်ဖြစ်ရပါမည်။ အမျိုးသားလွှတ်တော်အတွက်
မဲလက်မှတ်ဆိုပါလျှင်လည်း အမျိုးသားလွှတ်တော်
စာအိတ်ဖြစ်ရပါမည်။

အမှန်က သုံးနေရာခွဲ၍ ပေးရမည်ဖြစ်သော်လည်း
ကြိုတင်မဲဖြစ်၍ အနည်းငယ်စီခြားကာ
သုံးနေရာအတွက် မဲလက်မှတ်များပေးသည်။
ထိုသို့ မဲလက်မှတ် 3 စောင်ပူးတွဲပေးရသည့်အခါ
စာအိတ်များသည်လည်း အမည်သုံးမျိုးဖော်ပြထားသည်။

20201031_171820.jpg

ပြည်သူ့လွှတ်တော်

အမျိုးသားလွှတ်တော်

တိုင်းဒေသကြီးလွှတ်တော် ဟူ၍ ဖြစ်သည်။

ကျွန်တော်သည် မဲလက်မှတ်များထဲ့ပြီးမှ
စာအိတ်များ မှားထဲ့မိသလားဟု သံသယဖြစ်၍
စာအိတ်များကို ပြန်ခွါကာ ကြည့်မိ၊ စစ်မိသည်။
သူ့မဲလက်မှတ်နှင့် သူ့စာအိတ်ဖြစ်သည်ကို
တွေ့ရ၍တော်သေးသည်။ စာအိတ်မှ ကော်များက
မခြောက်သေး၍ ပြန်ခွါကြည့်ခွင့်ရသည်။

ကျွန်တော်သည် မဲတံဆိပ်တုံးနှိပ်ရန်အတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ အား ရှာခြင်း၊
စိတ်လှုပ်ရှားခြင်း၊ စိတ်လောကြီးခြင်းကြောင့် နမော်နမဲ့နိုင်မှုဖြစ်သွားသည်။ မိတ်ဆွေတို့လည်း
မဲပေးသည့်အခါ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် သတိထားမဲပေးနိုင်ကြပါရန် အတွေ့အကြုံအား
ဝေမျှပါသည်။

@htwegyi



0
0
0.000
4 comments
avatar

ရဲရဲနီခဲ့ မဟုတ်လား

0
0
0.000
avatar

နီတာ ရဲတာမှ ဘာပြောကောင်းမလဲ

0
0
0.000