မဲပေးကြပါစို့

avatar

image

စာရေးဖို့အမှန်ပျင်းမိပါသည်။ စာဖတ်ဖို့လည်း
မဖတ်ဖြစ်တာ အတော်ကြာသည်။ ဘာလုပ်၍
ဘာရေးရမှန်းမသိဖြစ်သည်။ ကိုဗစ်ကာလမှာ
2020ပြည့်နှစ် နိုဝင်ဘာလ 8 ရက်နေ့၌
မဲရုံအကူ တာဝန်က ကျသည်။ မဲလက်မှတ်များ
ထုတ်ပေးသည့် တာဝန်ဖြစ်သည်။
ချမ်းအေးသားစံမြို့နယ်၊ ဟေမာဇလရပ်ကွက်
ဆုတောင်းပြည့်ဘုရားဝင်းအတွင်း မဲရုံအမှတ်
(2) ၌ တာဝန်ကျသည်။

မဲပေးသည့်နေ့၌ မဲရုံသို့ နံနက် 4:30 နာရီ
အရောက်သွားရမည်ဖြစ်သည်။ မဲပေးသူများက
နံနက် 6:00နာရီမှ ညနေ 4:00နာရီထိ မဲများ
လာရောက်ပေးကြမည်။ မဲရုံသို့ မဲပေးသူ
အရေအတွက် အနည်းအများကိုမူတည်၍
မဲရုံတာဝန်ကျသူတို့ အနှေး အမြန်ပြီကြရ
ပေမည်။ မဲရုံ က ကိုယ့်အိမ်နှင့်နီး၍ တော်ပေ
သေးသည်။ အခြားမဲရုံတာဝန်ကျသူတို့
ကိုယ့်ရပ်ကွက်မဟုတ်ပဲ အခြားရပ်ကွက်များသို့
သွားရောက်ကြရသည်။

20201029_182351.jpg

နယ်၌ တာဝန်ကျသည့် ဆရာ၊ ဆရာမတို့က
ပို၍ပင်ပန်းကြပေသည်။ တစ်နေ့က သတင်းမှာ
ကြည့်လိုက်ရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား
ရှိဆရာ၊ ဆရာမများ ဝေးလံသည့် ဒေသတွင် မဲရုံတာဝန်ကျ၍ ကိုယ်ကျသည့်မဲရုံရှိရာဒေသသို့
ကြိုတင်သွားရရှာသည်။ မြစ်ကြီးနားသို့ ကြိုတင်
သွားရပြီ ထိုမှတဆင့် တာဝန်ကျရာ မဲရုံသို့
ဆက်လက်သွားရပေသည်။ သူရို့နှင့်စာလျှင်
ကိုယ်တွေက အများကြီးသက်သာပေသည်။

2020ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို
အောင်မြင်စွာ ပြီဆုံးစေချင်ပါသည်။ အေးချမ်းစွာ
အောင်မြင်စွာ ပြည်သူလိုလားသော အစိုးရတစ်ရပ်
ပေါ်ပေါက်လာဖို့ လူတိုင်း၊ အသက်18နှစ်ပြည့်
သူတိုင်း မဲပေးကြပါစို့ လို့ တိုက်တွန်းလိုက်ပါသည်။
ယနေ့ 29-10-2020 ကြာသာပတေးနေ့မှစ၍
အသက်60ပြည့်သူတို့က ဆန္ဒမဲများ စတင်ပေးနေကြပြီဖြစ်သည်။ လာမည့် နိုဝင်ဘာလ (8)ရက်နေ့တွင်
ကျွန်တော်တို့အားလုံး နိုင်ငံသားတာဝန်ကျေပြွန်ဖို့
မဲပေးကြပါစို့။

@htwegyi



0
0
0.000
2 comments