ကျွန်တော်နှင့် တီးဆရာစုံတွဲ

avatar

image

ကျွန်တော်နှင့် ဈေးသည်များအကြောင်း
ဆက်လက် ရေးသားတင်ပြပါမည်။
ယခင်က ရှမ်းခေါက်ဆွဲသည်နှင့်
ပဲသည်အပျိုကြီးအကြောင်း ရေးသား
တင်ပြပြီးဖြစ်ပါသည်။ ယခုအခါ
လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ
နှစ်ယောက်ကြောင်း ရေးသားပြပါမည်။

သူတို့နှစ်ဦးသည် ယခင် ဇနီးမောင်နှံ
မဖြစ်ခင်က ယောက်ျားဖြစ်သူက
မန္တလေးမြို့ နာမည်ကြီးလက်ဘက်ရည်ဆိုင်
တစ်ဆိုင်တွင် အဖျော်ဆရာလုပ်ခဲ့သည်။
အမျိုးသမီးဖြစ်သူက မုန့်ဆိုင်တွင် မုန့်ထုပ်
ပေးသူအဖြစ် အလုပ်လုပ်ခဲ့သည်။
သူတို့နှစ်ဦးအကြောင်းပါတော့ ကျွန်တော်တို့
တိုက်တန်းမှာ အိမ်ငှားနေကြသည်။

အိမ်ငှားနေရင်းက တိုက်တန်းမှာ လက်ဘက်ရည်
ဆိုင်လေးဖွင့်ကြသည်။ လက်ရည်ကောင်းသူဖြစ်
သောကြောင့် ဆိုင်လေးက တဖြည်းဖြည်းရောင်း
အားကောင်းလာသည်။ ဇနီးမောင်နှံနှစ်ဦး
လက်ချညီညီရောင်းချသောကြောင့်
စီးပွားရေးတိုးတက်ကောင်းမွန်လာသည်။
ကားနှင့် တိုက်နှင့် ကိုယ်ပိုင်အိမ်နှင့် ဖြစ်လာ
ကြသည်။

img_0.7170046680970353.jpg

မြို့သစ်အရှေ့ဖက်ရပ်ကွက်တွင် နေထိုင်ပြီး
နေ့စဉ် ကားဖြင့်လာကာ လက်ဘက်ရည်ရောင်း
ကြသည်။ နေ့စဉ်မနက် 5 နာရီ ထိုးသည်နှင့်
သူရို့ဇနီးမောင်နှံ၏ ကားလေးဆိုက်လာပြီး
ပဌာန်းတရားဖွင့်၍ ဆိုင်ခင်းကြသည်။
သို့သော် သူရို့ဇနီးမောင်နှံမှာ ကလေးကုသိုလ်ကံ
မကောင်းရှာပေ။ သားသမီးမထွန်းကားချေ။

ကံဇာတ်ဆရာက တဖြည်းဖြည်းနှင့်တရွေ့ရွေ့
မျက်နှာသာပေးပါသော်လည်း သူရို့က
မတင်းတိမ်နိုင်ကြပေ။ လင်ဖြစ်သူက
ဘောလုံးလောင်း၊ မယားဖြစ်သူက နှစ်လုံး
သုံးလုံးထိုးလေသောအခါ။ လက်ကောက်
တစ်တောင်ဆစ်ထိရှိသော ရွှေကုန်လေသည်။

ရှိပြီးသား ကားနှင့် အိမ်တော့ မကုန်ပေ။
နေ့စဉ် ဈေးရောင်းရသမျှ နေ့ပြန်တိုးပေးကာ
ပေးဆပ်နေကြရလေတော့သည်။
ဘယ်ချိန် ဘယ်ကာလထိ ဆပ်နေရမည်မသိ။
အလုံးပိုင် အပြီးကွ ဆိုလေတိုင်း ယနေ့ထိ
လောင်းကစားသံသရာမှာ မကျွတ်လွတ်
နိုင်ကြသေးပေ။

@htwegyi



0
0
0.000
6 comments
avatar
(Edited)

လောင်းကစား စမိပြီဆိုရင် ဖြတ်ဖို့မလွယ်ဘူးထင်တယ်။
ကျွန်တော်တောင် ဘောလုံးမောင်းစွဲဖူးတယ်ဗျ။ နောက်ကျ မနဲကိုဖြတ်ယူရတယ်။

0
0
0.000
avatar

ဟုတ်တယ် လောင်းကစားက ကိုယ်မကျွမ်းကျင်ခင် ကိုယ့်ကိုစွဲလန်းအောင်
လုပ်တတ်တယ်။

0
0
0.000
avatar

အလောင်းအစားတော့ ကြောက်ပါပေ့ဗျာ

0
0
0.000
avatar

သို့ပေသိ လောဘသားတွေကိုးဗျ

0
0
0.000