ကျွန်တော်နှင့် ဈေးသည်များ
ကျွန်တော့်ပတ်ဝန်းကျင်မှာရှိသည့် ဈေးသည်များ
အနက် ပဲပြုတ်ရောင်းသည့် ပဲပြုတ်သည်အပျိုကြီးအကြောင်း ရေးပြချင်ပါသည်။ အဆိုပါ
ပဲပြုသည်အပျိုကြီးသည် ဘုရာကြီးအရပ်မှနေ၍
ကျွန်တော်တို့ မီးရထားတိုက်တန်းစျေးသို့
လာရောက် ရောင်းချခြင်းဖြစ်သည်။
သူမ၏ပဲပြုတ်သည် အလွန်စားကောင်းသည်။
အခြားပဲပြုတ်သည်များရှိသော်လည်း သူမက
ပိုမိုရောင်းကောင်းသည်။
သူမသည် ပဲပြုတ် ရောင်ကောင်းသည့် အလျောက်
ပဲပြုတ်ဝယ်ရန်အတွက် သူမကိုစောင့်စားရသည်။
သူမသည် မနက် 8 နာရီအချိန်မှ ရောက်ရှိသည်။
မနက်စာ စောစောစားသူများအဖို့ သူမပဲပြုတ်ကို
မစားရချေ။
"အပျိုကြီးရယ် စောစောလာပါ"
ဟုပြောသော်လည်း အိမ်လုပ်စရာရှိတာလုပ်ပြီးမှ
လာရတာ။ အေးအေးဆေးဆေးပေါ့ ဟု ပြောတတ်သည်။ သူမ၏ပဲပြုတ်ကို စားချင်သူ
စောင့်ပေရော့။ သူမက ပဲပြုတ်နှင့် ငချိပ်ပေါင်း
ပူးတွဲရောင်းသည်။
သူမသည် မနက်ပိုင်း ပဲပြုတ် ရောင်း၍
နေ့ခင်းပိုင်းတွင် မုန့်လက်ကောက်၊ ငှက်ပျောကြော်နှင့် အခြားအကြော်များ ကြော်ရောင်းသေးသည်။
အတော်စီးပွားရေးသောင်းကျန်သူဟု
မထင်ပါနဲ့အုံး။ ကျွန်တော်တို့တိုက်တန်းမှ
ငွေတိုးပေးသူ၊ ငွေချေးငှားသူများကိုလည်း
သူမက ပွဲစားပြုလုပ် ပေးပါသေးသည်။
ထိုအပြင် သူမက ကျွန်တော်တို့တိုက်တန်းမှာ
ကိုဗစ်ရောဂါအတွက် ထောက်ပံ့ကြေးပစ္စည်း
များ ပေးဝေသည့်အခါလည်း ရရှိသူဖြစ်သည်။
သူမအားဆိုင်ကယ်ဖြင့် ကြို ပို့လုပ်ပေးသူက
သူမ တူဖြစ်သည်။ တစ်နေ့ တူဖြစ်သူ
လာမကြို၍ တိုက်တန်းမှ မိတ်ဆွေအမျိုးသမီး
တစ်ဦးအား အိမ်ပို့ခိုင်းသည်။ ထိုအမျိုးသမီးက
တိုက်တန်းက လူများကို ပြန်ပြောသည်မှာ
"အံမယ်လေး အပျိုကြီးက ခေသူမဟုတ်ဘူး
ဟေ့၊ တိုက်နဲ့ မြေနဲ့ တို့ထက်ချမ်းသာသဟေ့၊
သူကမှ အိမ်ပိုင် ယာပိုင်ရှိသေး။ တို့က အစိုးရအိမ်
ကပ်နေ နေရတာ။ ပင်စင်ထိုင်ရင် ခွေးနေရာ
မရဖြစ်ရအုံးမယ်။ အပျိုကြီးလျော့တွက်တာ
မှားမပေါ့"
ထိုအမျိုးသမီးအပြောကြောင့် ပဲပြုတ်သည်
အပျိုကြီး၏ အကြောင်းကိုကြားသိရပြီး
တိုက်တန်းနေသူတို့ တစ်ယောက်တစ်ပေါက်
ပြောဆိုနေကြပေတော့သည်။
ဟင်းရွက်သည်တွေလည်း ရွှေတွဲလဲ ပါပဲဗျ
ဈေးသည်တွေ လျော့မတွက်နဲ့လေး မလှူနိုင်ဈေးရောင်းတဲ့
အင်း အားကျပါ့ပေ ။ ပဲပြုပ်သည်ရဲ့ ဇွဲလုံ့လကို ချီးကြူးမိတယ်။