ကိုဗစ်နှင့် ရထား

avatar

image

ကိုဗစ်ရောဂါကြောင့် အင်း ဒီကိုဗစ်အကြောင်းပဲ
ပြောနေရတာ။ ဒီရောဂါကပ်ဆိုးကြီးက အမြန်ဆုံး
လွန်မြောက်ချင်ပါပြီလေ။ ကိုရိုနာဗိုင်းရပ်စ်
ရောဂါပိုးက ယခုအခါမှာ ကျွန်တော်တို့
မြန်မာပြည်အား တိုး၍ ဒုက္ခပေးလျှက်ရှိသည်။
အထူးသဖြင့် ရန်ကုန်သူ ရန်ကုန်သားတို့
ပိုဒုက္ခတွေ့ရှာကြရသည်။

ကိုဗစ်က ကျွန်တော်တို့ မန္တလေးကိုလည်း
အလွတ်မပေးပါ။ သို့သော် ရန်ကုန်ကဲ့သို့
ရောဂါပိုးတွေ့သူ လူမများပေ။ ယခုအထိ
တော့ပေါ့လေ။ ယနေ့ 25-9-2020 တွင်
ရန်ကုန်သို့ထွက်ခွာသည့် လူစီးရထားများအားလုံး
ဖျက်သိမ်းလိုက်ပါသည်။ ကုန်ရထားများသာ
ရန်ကုန်သို့ ထွက်ခွာသည်။

အခြား မြစ်ကြီးနား၊ လားရှိုးရထားများကတော့
ထွက်ခွာသေးသည်။ ယနေ့ ရန်ကုန်ရထားမထွက်
သည်ကို မသိရှိသေးသော ရထားစီးခရီးသည်များက
မန္တလေးဘူတာသို့ ရထားစီးရန်လာရောက်ကြသည်။
အဆိုပါခရီးသည်များအား ရန်ကုန်ရထားမထွက်ပါကြောင်း ပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများက
ပြောကြားပေးသည်။

ထိုသို့ ရန်ကုန်ရထားစီးမည့် ခရီးသည်များတွင်
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါလာသည်။
မွေးရက်နီး၍ မိဘရှိရာ ရန်ကုန်ပြန်မွေးရန် ရထား
လာရောက်စီးခြင်း ဖြစ်ပါသည်။ ဖြစ်ချင်တော့
လက်မှတ်ရုံအနီးတွင် လက်မှတ်ဝယ်ရာ ရထားမထွက်တော့၍ လက်မှတ်မရောင်းကြောင်း လက်မှတ်ရောင်းမှ ပြောသည်။ အဆိုပါ မျိုးသမီးသည် ဒုက္ခပါပဲ
ညည်းရင်း ဘူတာအောက်သို့ ဆင်းသွားသည်။

20200925_202327.jpg

ဘူတာအောက် အရောက်မှာတော့

"အံ မ လေး လုပ်ကြပါအုံး၊ ဗိုက်က နာလာတယ်၊
အား ကျွတ်ကျွတ်"

သူမ အသံကြောင်း လက်မှန်စစ်၊ လက်မှတ်ရောင်း
စာ‌ရေးများ ဝိုင်းလာကာ

"ဟ ဟ သုံးဘီးခေါ်ပါဟ"

"ဗဟို အမျိုးသမီးဆေးရုံ ပို့ကြပါဟ"

"ဟေ့ ကားခ ငါပေးမယ်ဟေ့"

"ဟေ့ ကလေးမ အဆင်ပြေရဲ့လား"

တစ်ယောက်တပေါက် ပြောဆိုကာ
ကိုယ်ဝန်သယ် အမျိုးသမီးအား မီနီအိုဝေသုံးဘီး
ကားပေါ်တင်လွှတ်လိုက်ကြလေသတည်း။

မှတ်ချက်။ ကိုယ်ဝန်‌ဆောင်အမျိုးသမီး၏ခင်ပွန်း
ပါ၍ တော်သေးသည်😁

@htwegyi



0
0
0.000
4 comments
avatar

ငဗစ်ကာလ ယူတတ်ရင် ကုသိုလ် ရစရာ များပါ့

0
0
0.000
avatar

ဟုတ်တယ်ဗျို့ တိုင်းပြည်ဒုက္ခရောက်တဲ့အချိန်မှာ ကူညီးသူများရှိသလို
ကိုယ်ကျိုးရှာသူတွေလည်းရှိသပ

0
0
0.000
avatar

ရန်ကုန် အဝင်အထွက် လက်မခံဘူး ကြေညာထားတာ ကြာသော်လည်း
လူစီးရထား က ဒီနေ့မှာ စရပ်နားတာလား
အာဏာမတည်သော အစိုးရ ရုံးလုပ်ငန်းများပါပေ

0
0
0.000
avatar

ရုံးလုပ်ငန်းတွေက ရပ်တန့်မရဘူးလေး အစိုးရယန္တရားလည်ပတ်ဖို့ရပ်တန့်သွားမှာမို့လို့

0
0
0.000