ခုတစ်မျိုး တော်ကြာတစ်မျိုး ကိုဗစ်ရောဂါပိုး

avatar

image

ကိုဗစ်ပိုးတွေ့ ပထမအချိန်က ကျွန်တော်တို့
တိုက်တန်း မှာ ရန်ကုန်မှ လာသူတစ်ဦးကြောင့်
ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ထို ရန်ကုန်မှလာသူ
ရောက်လာသည်မှာ 2ရက် 3ရက်ခန့်ရှိပြီဖြစ်သည်။
တစ်ဦးပြော နှစ်ဦးပြောစကားကြောင့်
ရပ်ကွက်လူကြီးများ၊ ဆယ်အိမ်မှူးများနှင့်
မီးရထားလူကြီးများလာရောက် စစ်ဆေးသဖြင့်
တိုက်တန်းမှာ ပွက်လောရိုက်သွားသည်။

ထိုသူမှာ ရန်ကုန်ရှိ သူ့အလုပ်မှ ခဏအနားပေးသဖြင့်
မိဘရှိရာ မန္တလေးသို့ ပြန်လာခြင်းဖြစ်သည်။
ထိုသူအား ထိုအချိန်က နေအိမ်မှာ နှစ်ပတ်နေ၍
အပြင်မထွက်ရန် ဝိုင်းဝန်းပြောသည်။
ထိုသူတွင် ရောဂါပိုးမရှိခဲ့ပါ။

ယခု ကျွန်တော်တို့ တိုက်တန်း တိုက်အမှတ်(7)
ဒုတိယထပ်တွင် ရောဂါပိုးရှိသူတစ်ဦးတွေ့ရှိရသည်။
ရန်ကုန်အခေါ် ပထမထပ်ဖြစ်သည်။ ထိုပိုးတွေ့
သူမှာ 17/18နှစ်အရွယ် ယောက်ျာလေးဖြစ်သည်။
နေမကောင်းတာရှည်၍ ဆေးရုံးကြီးသို့ ပြသ
ကုသသောအခါမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရခြင်းဖြစ်သည်။

20201018_173054.jpg

ထိုအိမ်နေသူများမှာ ဖခင်ကဝန်ထမ်း၊ သမီးက
အရောင်းစာရေးမ၊ မိခင်က အိမ်မှာနေသူ၊
ရောဂါပိုးတွေ့သူ သားက ကျောင်းသားဖြစ်သည်။
ကျွန်တော် ပြောချင်တာက အမှန်တကယ်
ရောဂါပိုတွေ့သည့်အခါ မှာတော့ တာဝန်ရှိသူ
တစ်ဦးတစ်ယောက်မျှ ပေါ်လာခြင်းမရှိပေ။

ထိုမိသားစု Qဝင်ရန်အတွက် ဆယ်အိမ်မှူး
တစ်ဦးနှင့် တိုက်အုပ်ဆိုသူများမှ ကမ ကဌ
ပြုလုပ်၍ Qစင်တာသို့ တိတ်ဆိတ်စွာ
ပို့ဆောင်ပေးလိုက်ကြသည်။ ထိုမိသားစုကို
ကြာသာပတေးနေ့ ညနေက ခေါ်ဆောင်
သွားသည်။ တိုက်ခန်းနေသူများမှ
အဆိုပါမိသားစုများတွင် ရောဂါပိုးရှိ၊ မရှိ
သိရှိလိုကြသည်။

နောက်တစ်နေ့ သောကြာ ရောက်သည့်အခါ
ရောဂါပိုးရှိ၊ မရှိ သတင်းကို တိုက်တန်းနေသူ
တို့က နားစွင့်နေကြသည်။ သောကြာနေ့တစ်နေ့
ကုန်သွားသည် မည်သည့်သတင်းမှ မရရှိပေ။
ဒီလိုနှင့် တိုက်တန်းသားများ ဈေးဝယ်လိုက်၊
စားလိုက်သောက်လိုက်၊ သွားလာလိုက်နှင့်
နောက်တစ်နေ့ စနေနေ့သို့ရောက်ရှိခဲ့သည်။
ရောဂါပိုးတွေ့ရှိသူကိုပင် မေ့လျှော့နေကြပေသည်။

အားလုံးမေ့နေကြသည့်အချိန် စနေနေ့ည
8နာရီအချိန်ခန့်၌ ဆယ်အိမ်မှူးနှင့် ဆေးဖြန်းသူ
လူငယ်နှစ်ဦးရောက်ရှိလာပြီး တိုက်(7) ဒုတိယထပ်
ရောဂါပိုးတွေ့ရှိသူအခန်းအား ဆေးများထပ်မံ
ဖြန်းပါသည်။ ထိုအခါမှ တိုက်တန်းသားများ
ရုတ်ရုတ်သဲသဲပြန်ဖြစ်ကာ ဘယ်သူကို ပိုးထပ်တွေ့သေးလဲ အသဲအသန် မေးမြန်းကြသည်။

အမေဖြစ်သူအား ရောဂါပိုးတွေ့ကြောင်း၊
တိုက်လှေကားနှစ်စင်းမှ ပိုးတွေ့သည့်အိမ်ဖက်မှ
လှေကားကို ပိတ်ထားမည်။ အခြားလှေကားမှ
အတက် အ‌ဆင်းပြုလုပ်ကြရန် တိုက်(7)
နေသူများကို ဆယ်အိမ်မှူးမှပြောသည်။
အမေဖြစ်သူက ဈေးဝယ်သဖြင့် တိုက်တန်းဈေးကို
နှစ်ပတ်ပိတ်မည် အကြောင်းပြောသည်။
သားအမိနှစ်ဦးအား မည်သည့်မှ ပိုးကူးသည်ကို
မသိရပေ။

တနင်္ဂနွေနေ့ မနက်မှာတော့ တိုက်တန်းဈေး
ရောင်းသူ ဈေးသူဈေးသားများက တိုက်တန်း
အတွင်းဈေးမရောင်ပဲ တိုက်တန်းအပြင်ဖက်
ကားလမ်းမပေါ်သို့ ပြောင်းရွှေ့ရောင်းချကြသည်။
တိုက်တန်းသားတို့ကလည်း စားလိုက်သောက်လိုက်၊ သွားလိုက်၊ လာလိုက်နှင့် နေမြဲအတိုင်း နေကြ
ပါလေသည်။

@htwegyi
18-10-2020



0
0
0.000
6 comments
avatar

မမြင်ရသည်က ဆန်းလေစွ

0
0
0.000
avatar

အသံတိတ် သယ်ဆောင်သူ တဲ့ တော်တော်တော့ ကြောက်စရာ သတိထားစရာပါ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာတာပ။

0
0
0.000
avatar

ဘယ်က ကူးမှန်း မသိ ခက်လှပါ၏

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ဘယ်က ဘယ်လို လာမှန်းမသိ။

0
0
0.000
avatar

အသံတိတ် လူသတ်သမားကြီးဗျ။

0
0
0.000
avatar

ဟုတ်သဗျို့ အတော်သတိထားရမယ်

0
0
0.000