ကာလရွေ့လျား ငွေကြေးတန်ဘိုးများ

avatar

image

ကျွန်တော့်အဖေ ရရှိသည့် မြေကွက်နှင့်ပတ်သက်၍
ဗဟုသုတ တော်တော်လေးရရှိခဲ့သည်။ အခြားသူများကတော့ ရှေ့နေများကို ငွေပေး၍ သက်တမ်းတိုး
ခိုင်းကြသည်။ ကျွန်တော်တို့ကတော့ ရှေ့နေလည်း
မငှားနိုင် ကိုယ်တိုင် ဗဟုသုတရရန်အတွက်
ကိုယ်တိုင်သက်တမ်းတိုးခဲ့သည်။ အမှန်ကတော့
ရှေ့နေပေးရမည့်ငွေ နှမြောလို့ 😁။

ယခုပိုစ့်အကြောင်းအရာက လမ်းကြောင်းကြီးနှင့်
မဆိုင်ပါ။ ကျွန်တော့်ပတ်ဝန်းကျင်မှ မိတ်ဆွေများ၏
အဖြစ်အပျက်များကို ဝေမျှခြင်းသာဖြစ်ပါသည်။
ကျွန်တော်တို့ရဲ့ hive အဖွဲ့သားများ ဗဟုသုတရရန်လည်းဖြစ်ပါသည်။ ကျွန်တော်တို့ မြေကွက်နှင့်
တစ်ကွက်ကျော်က အဖေ့ညီ နှစ်ဝမ်းကွဲရရှိသည်။
သူကလည်း မီးရထားမှအလုပ်လုပ်သူဖြစ်သည်။

အဆိုပါ အဖေ့ညီက သူရရှိသည့်မြေကွက်များကို
သုံးလေးနှစ်အတွင်းမှာ ပြန်ရောင်းချခဲ့သည်။
အမေက မရောင်းပါနဲ့ မြို့မှာ တို့တွေအတူတူ
လုပ်ကိုင်စားသောက်ရအောင်ပြောသည်။

"တော်ပြီ အစ်မရာ သားသမီးတွေကလည်း
သိပ်အားမကိုးရဘူး၊ ရတဲ့ငွေနဲ့ ရွာပြန်ပြီး
အေးအေးလူလူနေမယ် စိတ်ကူးတယ်"

"မင်းတို့နဲ့ကွယ် တောမှ ရှားပါးလို့ မြို့တက်ပြီး
အလုပ်လာလုပ်ကြတာ။ ဘယ်နဲ့ တောပြန်မယ်
ဆိုတာ စိတ်ကူးမလွဲစမ်းပါနဲ့"

20200713_152836.jpg

အမေ မည်သို့ပင်တားတား သူတို့သည်
ရရှိသည့်မြေကွက်အားငွေ 130000 ကျပ်ဖြင့်
ရောင်းချသွားကြသည်။ သူတို့ရောင်းချပြီး
တောပြန်သွားသည့်နောက်မှာ မြေကွက်များက
ဈေးတက်သွားခဲ့သည်။ ယခုမန္တလေးမြို့
ဈေးကွက်များက အများသိသည့်အတိုင်း
ဈေးမြောက်လှပေသည်။

အဲ မြေကွက်အကြောင်း လိုရင်းပျောက်သွားသည်။
ဟိုတလောကမှ သူတို့လင်မယားနှစ်ဦးသေဆုံးသွားကြသည်။ သားတစ်ဦးက မီးရထားတွင်တစ်ယောက်
ကျန်ခဲ့သည်။ ယခုအခါ မြေကွက်များ သက်တမ်း
တိုးရမည်ဖြစ်၍ မူလပိုင်ရှင်ကို လာရှာကြသည်။
သူတို့တွင် သားသမီး 5ဦးရှိသည်။ မြေကွက်ဝယ်သူ
မှ သူတို့သားသမီးများအား GP လွှဲရန်လာရောက်
ဆက်သွယ်သည့်အခါ GP လွှဲခ 15သိန်း‌ပေး
လေသည်။

လွန်ခဲ့သောနှစ်များဆီက ရောင်းရငွေ
130000ကျပ်ရရှိခဲ့သော မြေကွက်သည်
ယခုအခါ GPလွှဲခအဖြစ် 15သိန်းရရှိလေသည်။
ခေတ်အလိုက် ငွေကြေးတန်ဘိုးက အံ့ဩဖွယ်
ကောင်းလှပေသည်။

@htwegyi



0
0
0.000
2 comments
avatar

ဘယ်လိုပြောရမလဲပေါ့နော်...... လူဦးရေက တိုးလာတာလေ.... မြေနေရာတွေက တိုးလာတာ မဟုတ်တော့......

0
0
0.000
avatar
(Edited)

မြေကွက်တွေလဲ မြို့ကွက်သစ်တွေဖော်ပေးတယ်
ဘယ်လိုပြောမလဲ ဦးခင်ညွန်ုလက်ထက်မှာ တရုတ်ပြည်က တရုတ်ရယ်၊
ဝ ကိုးကန့်တွေအလုံးအရင်းဝင်လာတာ မန္တလေးမြို့ကလူတွေ
မြို့ပြင်ရောက်ကုန်တာပ။ ငွေမဲတွေနဲ့ အိမ်တွေကိုကြိုက်ဈေးပေး
ဝယ်ကြတာ။

0
0
0.000