Hive $100 ဖြစ်သည့်အခါ

avatar

image

လူ့သဘော လူ့မနော လူ့စိတ်တို့က
တစ်ခါတစ်ရံ အထင်နှင့်အမြင်လွဲမှားတတ်သည်။
ရွှေမန်းတင်‌မောင်၏သီချင်းထဲကလို
အိုနှင့်သရက်၊ မိုးနှင့် ဘာဆိုလား။
အဟဲသိတော့ဘူး သိတဲ့လူ ကိုယ့်ဟာကိုယ်
ဖြည့်ဖတ်ပေးပါ။

ရေအိုးလေးများဟာ အပြင်ကကြည့်ရင်အေးမလို
နှင့် အတွင်းမှာ နွေးနေတတ်သည်။

သရက်သီးများဟာလည်း အပြင်မှာကြည့်တော့
ဝါဝင်းပြီး ချိုမလိုနှင့် ချဉ်တတ်သည်။

မိုးဆိုသည်မှာလည်း ကောင်းကင်ပြင်တစ်ခုလုံး
မည်းမှောင်နေသော်လည်း၊ မိုးခြိမ်းသံများပေးသော်လည်း မိုးရွာသွန်ချင်မှ ရွာ‌ပေမည်။

ကျွန်တော်တို့၏ အတွင်းသဏ္ဌန်မှာဖြစ်ပေါ်
နေသည့် စိတ်ဆိုသည့်အရာသည်လည်း
လိုက်၍ အဖမ်းခက်လှသည်။ လူ့စိတ်သည်
တစ်ခဏလေးအတွင်းမှာပင် အမျိုးမျိုး
ပြောင်းလဲနေသည်။ တောင်ရောက်
မြောက်ရောက် ရောက်ချင်ရာ ရောက်နေ
တော့သည်။

  • 20200804_145505.jpg

ရုံးသူရုံးသားများအတွက် သူ့တို့အရာရှိ စိတ်ကြည်လင်
နေ့သည့် အချိန်သည် ကံကောင်းသည့်နေ့ဖြစ်သည်။
စိတ်မကြည်လင်သည့်နေ့ကတော့ သိတော်မူကြသည့်အတိုင်း။

ဈေးသည်များအတွက် ဈေးရောင်းကောင်းသည့်နေ့
သည် စိတ်ပျော်ရွှင်သည့်နေ့ဖြစ်သည်။ ကိုယ့်ဆိုင်က
ရောင်းမကောင်းပဲ ပြိုင်ဖက်ဆိုင်က ရောင်းကောင်း
သည့်နေ့ဆိုပါလျှင် ဘယ်လိုများတောင်ပြောရမှန်း
မသိ အားကြီးစိတ်ဆိုမိပေသည်။

လောင်းကစားပြုသူများ၏ စိတ်က ပိုသိသာလှသည်။
နှစ်လုံး၊ သုံးလုံးမထွက်ခင် စိတ်က စိတ်ကူးယဉ်၍
အလွန်ကောင်းနေသည်။ ကိုယ့်စိတ်ကူးနှင့်ကိုယ်
ကိုယ့်အတွေးနဲ့ကိုယ် သာယာနေသည်။
နှစ်လုံး၊ သုံးလုံးထွက်၍ ကိုယ့်ဂဏန်းမပါသည့်အခါ
မပေါက်သည့်အခါမှာ စိတ်မှာ ပူလောင်ညှိုးနွမ်း
မောပန်းကြရသည်။

စိတ်က အလွန်ဆန်ကြယ်သည်။ စိတ်ဖြင့်
ကမ္ဘာပတ်နိုင်သည်။ စိတ်ဖြင့် အရာရာကို
စိတ်ကူးနိုင်စေသည်။ ဒီတော့ ကျွန်တော်တို့ရဲ့
Hive ဈေးများ 10,100 $ ကျော်သွားမည်ဟု
စိတ်ဖြင့် စိတ်ကူးကြည့်အခါ အိုဘယ်လိုတွေ
များတောင် စိတ်ကူးကကောင်းလိုက်မလဲ
ဆိုတာ hive ပရိတ်သတ်ကြီး ကိုယ်တိုင်သာ
စိတ်ကူးကြည့်ကြပါကုန်လေ။

@htwegyi



0
0
0.000
4 comments
avatar

ရင်ခုန်ရလွန်းလို့ရူးမှာပဲ 😁

0
0
0.000
avatar

ရင်ခုန်ရင် အချစ် အဲ အမှန်ပဲ😁

0
0
0.000
avatar

ဟိုက်ဈေးရာကျော် ပျော်တယ်နော်

0
0
0.000
avatar

ပျော်စရာ‌ေကာင်းပေါ့

0
0
0.000