Hive သာဈေးတက်လို့ကတော့

avatar

image

တစ်နေ့တစ်နေ့ စာရေးသားဖို့ စဉ်းစားရသည်မှာ
တွေး၍ ရသည့်အခါလည်းရှိသည် တွေးမရသည့်
အခါလည်းရှိသည်။ တခါတရံမှာတော့ အတွေးများက
စုပြုံရောက်လာပြီ တခါတရံမှာတော့တွေးမရ
အောင်ပင် ဖြစ်ရသည်။

ကိုယ်စာရေးကြည့်သည့်အခါမှ စာရေးဖို့စိတ်ကူး
ကြသည့် စာရေးဆရာများကို လေးစားမိတော့သည်။
ကိုယ်တွေမှာ စာဖတ်သူ စိတ်ဝင်စားသည်ဖြစ်စေ
စိတ်မဝင်စားသည်ဖြစ်စေ စာလုံးများထွက်ပေါ်
လာရန် ရေးသားဖို့ အတော်အားစိုက်ရသည်။

ဖတ်ကောင်းသည့်စာသည် စာဖတ်သူကို
ကြိုတင်သိမှုကို နှစ်ခြိုက်စရာနည်းလမ်းတို့ဖြင့်
ပေးတတ်သည့် စာပေမျိုးဖြစ်သည်ဟု
ဖတ်ရှုဖူးသည်။ ထိုအပြင် ဝတ္ထုဖြစ်ဖြစ်၊
ရုပ်ရှင် ဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုတိုင်းတွင်
အနည်းဆုံး အားနှစ်ခုရှိတတ်သည်။

20200725_170816.jpg

ထိုအားနှစ်ခုသည် အချင်းချင်း အကြိတ်အနယ်
သူတပြန်ငါတပြန် အားပြိုင်တက်ကြလေသည်။
ထိုအားပြိုင်မှုကို စိတ်ဝင်စားအောင်ရေးသားဖော်ပြ
ရိုက်ကူးတင်ဆက်နိုင်ပါက ဖတ်ရှုသူ၊ ကြည့်ရှုသူတို့
သဘောတွေ့ပေမည်။

ကိုယ်တွေက စာရေးဆရာမဟုတ်သည့်အခါ
တွေ့ကရာ၊ ခေါင်းထဲပေါ်လာတာ၊ မျက်စိထဲ
မြင်ယောင်သည်များကို အလျှင်သင့်သလို
ရေသာခဲ့သည်။ ကိုယ်နှင့်နီးစပ်ရာ၊ ကိုယ်ဘဝ
ဖြတ်သန်းခဲ့သည့် အကြောင်းအရာများကို
စာဖြစ်ပြီးရော ရေးသာခဲ့သည်။

ဒါတောင် အတော်ပင်ကြိုးစားရေးသားခဲ့ရသည်။
ဖတ်သူရှိချင်ရှိမည်။ မဖတ်သူလည်းရှိမည်။
ကိုယ့်စာကလည်း စိတ်ဝင်စားစရာမှ
မကောင်းတာ ဖတ်သူမရှိလို့ စိတ်ဆိုးပါဘူး။
Hive တွေရနေတာပဲဟာ။ hive သာ
ဈေးတက်လို့ကတော့ ဖတ်သူမရှိလည်း
စိတ်မဆိုးဘူး ဆက်ရေးအုံးမယ်လို့
သက်လား။

@htwegyi



0
0
0.000
8 comments
avatar

မန်းလေးမ်ြု့ကနေ ဘယ်ထန်းတောသွားတာလဲ

0
0
0.000
avatar

အမေကြီးပွဲသွားတုန်းက ယင်းမာပင်နယ်မှာရိုက်ထားတာပါ။

0
0
0.000
avatar

ရေးသာရေး တင်သာတင်
ဟိုက်ရဖို့င အဓိက ဟဟဟ

0
0
0.000
avatar

ဒါပေ့ါ ဂလိုအားပေးစမ်းဘာ။

0
0
0.000
avatar

ရေးမယ်ဗျာ ရေးမယ် ဘယ်သူဖတ်ဖတ် မဖတ်ဖတ်။

0
0
0.000
avatar

ကြိတ်လိုက်စမ်း ကောင်လေး။

0
0
0.000
avatar

Hive သာစျေးတက်လို့ကတော့ကွာ..... တက်ကြည့်လိုက်စမ်းပါ။

0
0
0.000
avatar

အဲ့ဒါပြောတာ တက်ကြည့်လိုက်စမ်းပါ။

0
0
0.000