ဓာတ်တော်တောင် ရောက်ခဲ့စဉ်

avatar
(Edited)

image

လွန်ခဲ့သော 4 နှစ်က ဘဲလင်းအနီး စွန်ရဲအင်း
ကြာကန်ကြီးသည် လူပြောများသလို သွားသူ
များခဲ့သည်။ ကြာကန်ကြီးမှ ကြာပန်း ကြာဖူး
များကို လှေစီးရင်း ဓာတ်ပုံရိုက်ကာ
အလွန်စည်ကားခဲ့သည်။ကြာချည်ထုတ်လုပ်ရန်အတွက် အဆိုပါစွန်ရဲအင်းအတွင်း ကြာပန်းများစိုက်ပျိုးထားသည်။

မန္တလေးမြို့မှ လူအများအပြားသွားရောက်
အပန်းဖြေပြီ ဓာတ်ပုံရိုက်ကြသည်။ ကားဖြင့်
တစ်မျိုး၊ ဆိုင်ကယ်ဖြင့်တစ်မျိုး မိသားစု၊
သူငယ်ချင်း အဖွဲ့လိုက်သွားရောက်ကြသည်။
‌ထိုအချိန်က အတော်စည်ကား လူပြောများ
ခဲ့သည်။ ကျွန်တော်ရောက်သွားသည့်အခါမှာ
တော့ လူတို့သည် ကြာပန်း ကြာဖူးများကို
ဓာတ်ပုံရိုက်သည်မက ချိုးယူကြသဖြင့်
အလှပျက်ခဲ့သည်။

FB_IMG_1593873570706.jpg

FB_IMG_1593873566916.jpg

အလှပျက်နေသော စွန်ရဲအင်းကြီးအား
ကြည့်၍ စိတ်မသက်မသာဖြစ်မိသည်။
အင်းအတွင်း လှေစီး၍ ဓာတ်ပုံ အရိုက်ခံကြသူ
က များ၍ လှေသမားတို့က မျက်စိမဖွင့်ကြပေ။
ကျွန်တော်တို့အဖွဲ့သည် လှေစီးရန်စောင့်ရသည်ကို
စိတ်မရှည်၍ အခြားတစ်နေရာသွားရန်
စဉ်းစားကြသည်။

အဖွဲ့မှပါလာသူတစ်ဦးက ဒီစွန်ရဲအင်းကနေ
ရှေ့ဆက်သွားရင် ဓာတ်တော်တောင်ရှိကြောင်း
ပြောသည်။ ဓာတ်တော်တောင်သည် စွန်ရဲအင်း၏ အရှေ့တောင်ဘက် ၅မိုင်အကွာတွင်တည်ရှိသည်။
ကျွန်တော်တို့အဖွဲ့လည်း တက်ညီ လက်ညီဖြင့်
ဓာတ်တော်တောင်သို့ ချီတက်ခဲ့ကြသည်။

ဓာတ်တော်တောင်သွားရာလမ်းက လှပပေသည်။
သစ်ပင်တောတောင်တို့၏ အေးမြသည့် အငွေ့
အသက်၊ လတ်ဆတ်သည့် လေကောင်းလေသန့်
များကို ခံစားရသည်။ မျက်စိအကြည်ဓာတ်တို့
အေးမြလှပေသည်။ အဆုတ်ကသန့်ရှင်းသည့်
လေကို ရှုရသည့်အတွက် အံ့ဩပေမည်။

FB_IMG_1593873550620.jpg

FB_IMG_1593873541779.jpg

တောင်ခြေဘုန်းကြီးကျောင်းဝင်းအတွင်း
ကားရပ်ပြီ တောင်ပေါ်သို့ စတင်တက်ရောက်သည်။
တောင်ပေါ်လမ်းတလျှောက် လှပသည့်ရှုခင်းများ
ကိုကြည့်ရင်း တက်ရင်း၊ အမောဖြေရင်း
တောင်ပေါ်ရောက်ရှိခဲ့သည်။ တောင်ပေါ်
ဘုန်းကြီးကျောင်းတွင် အလှူပွဲရှိ၍
အလှူရှင်များက ဖိတ်ခေါ်ကျွေးမွေးသဖြင့်
နေ့လည်စာ စားခဲ့ရသည်။

တောင်ပေါ် တွင်လှိုင်ဂူရှိသည်။ လှိုင်ဂူအတွင်း
လျှောင်းတော်မူရုပ်ပွားတော်စံပယ်သည်။
လှိုင်ဂူအတွင်း၌ လင်းနို့ချေးနံ့က ပြင်းလှသည်။
ဆရာတော်များအား ကန်တော့ခဲ့ပြီး
ဓာတ်ပုံများ ကိုယ်စီရိုက်ကာ တောင်အောက်သို့
ပြန်ဆင်းခဲ့ကြသည်။

@htwegyi



0
0
0.000
4 comments
avatar

မရောက်ဖူးဘူး..... သွားချင်လိုက်ပါဘိ..

0
0
0.000
avatar

အခါကောင်းတဲ့အချိန် မိသားစုလိုက်လာခဲ့ပါလေ။

0
0
0.000
avatar

စွန်ရဲအင်းတော့ ရောက်ဖူးတယ်
ဓာတ်တော်တောင်တော့ မရောက်ဖူးသေး။
သွားဖို့ရာ မှတ်ထားဦးမှဗျာ

0
0
0.000
avatar

ရှုခင်းကလှတယ် အေးချမ်းတယ် အစားအသောက်ဝယ်သွားရင်ကောင်းတယ်။

0
0
0.000