ဓမ္မဖက်က အလေးသာလိုက်ရအောင်
ဒီနေ့ ပိုစ့်ရေးတင်ရမှာဆိုတော့ ရေးဖို့
မစဉ်စားရသေးဘူး။
ထရန့် နဲ့ ဘိုင်ဒန်ကလည်း
ခုထိ သဲသဲကွဲကွဲမသိရသေးဘူး။
သူရို့က အကြိတ်အနယ် ပြိုင်နေ ကြသည်။
စောင့်ကြည်သူ ကိုယ်တွေတောင် ရင်ခုန်ရင်
ကိုယ်တိုင်သမားတွေဖြစ်တဲ့ သူရို့နှစ်ဦး
ဘာပြောကောင်းပါ့။
ဘယ်သူနိုင်ရင်ဖြင့် မြန်မာပြည်အတွက်
ကောင်းတယ်၊ မကောင်းဘူးဆိုတာထက်
လောလောဆယ် သူတို့ခမျများ သုရို့နိုင်ဖို့အတွက်
စိတ်ထဲ ယောက်ယက်ခတ်နေကြမှာ။
သူရို့ပြီးရင် ကျုပ်တို့ ယောက်ယက်ခတ်တဲ့
အလှည့်။ လာမည့်နိုဝင်ဘာ 8 ရက်က ကျုပ်တို့
အတွက် ခေတ် စနစ်ပါ ပြောင်းလဲမှုအတွက်
အရေးကြီးတဲ့ အချိန်ပါ့။
သူရို့ စိတ်လှုပ်ရှားတာထက် ကျုပ်တို့က ပိုမယ်
ထင်ပါ့။ ကျုပ်တို့ရဲ့ ယောက်ယက်ခတ် မှုက
သူရို့ထက် အဆတစ်ရာ ပိုတယ်ထင်တာပါပဲ။
အမှန်တကယ်လည်း ပိုပါတယ်လေ။
ကဲ နိုဝင်ဘာ 8 ရက်မှာ အတူတူ
ယောက်ယက်ခတ်ရင် ဓမ္မနဲ့ အဓ္မကြား
ဓမ္မဖက်က အလေးသာလိုက်ကြရအောင်လား။
0
0
0.000
https://twitter.com/Htwegyi1/status/1323919058228580352
အမေစုက တည်တည်ငြိမ်ငြိမ်နဲ့ မဲပေးကြပါတဲ့။
ဓမ္မ ဘက်က နိုင်စမြဲပါဗျာ
ဟုတ်သဗျို့ တည်ငြိမ်စွာ မဲပေးကြပါစို့
Red Wave
အနီတွေပဲ နိုင်မှာပါ
Trump လည်း အနီ
အမေစု လည်း အနီ
US က ခုထိမပြီသေးဘူး