ဓမ္မနှင့် အဓမ္မ

avatar

image

ဓမ္မနှင့် အဓမ္မကြား လွန်ဆွဲပွဲမှာ ကျွန်‌တော်တို့
ခင်ဗျားတို့ ဘယ်ဖက်မှာပါနေလဲ။ အမှန်တရား
ဘက်မှာ ရပ်တည်ကြရင် အားလုံးသဘောကျ
သည်။ ရုပ်ရှင်၊ ပွဲ ကြည့်သည့်အခါ လူဆိုးကို
မင်းသားက ထိုးကြိတ်သည့်အခါ လွတ်သဘောကျ
လက်ခုပ်လက်ဝါးတီးအားပေးခဲ့ကြသည်။
လူကြမ်းတွေ လဲကျရင် အရမ်းသဘောကျခဲ့သည်။

img_0.7813476309156706.jpg

တစ်ခါတစ်‌လေ ကိုရီးယားဇာတ်ကားလို
လူဆိုးကို အနိုင်ရဖို့ အချိန်ပေးကြည့်ရသည်။ လူယုတ်မာကို ကလဲ့စားချေဖို့ အခွင့်အခါ
စောင့်ရသည်။ ထိုအခါ ကြည့်ရှုသူက
စိတ်မရှည်နိုင်တော့ပေ။ စိတ်မရှည်တော့
ဇာတ်ကား၏ အပိုင်းအချို့ အရစ်ရှည်
ပေရှည်သည့် အခန်းအချို့ကို ကျော်ခွ
ကြည့်ပစ်ကြသည်။

ယခုကျွန်တော်တို့ ကြည့်နေရသည့်
ဓမ္မနှင့် အဓမ္မကြား လွန်ဆွဲပွဲကို
ကျွန်တော်တို့သည် ကြည့်နေရသူ
ဖြစ်သလို ကိုယ်တိုင်ပါဝင် သရုပ်ဆောင်
နေရသူများလည်ဖြစ်သည်။
သွေး၊ မျက်ရည်
နာကြီးမှု၊ ခံပြင်းမှု
အနိုင်ကျင့်စော်ကားမှုများ။
မဟုတ်ကို အဟုတ်လုပ်
အမှားကို အမှန်ဖြစ်ရန် မတရားအနိုင်ကျင့်
ပြုမှုများကို တွန်းလှန်ဖို့ ကျွန်တောတို့
စုပေါင်းပါဝင်သရုပ်ဆောင်ကြရင်း။
ဓမ္မနှင့် အဓမ္မကြား တော်လှန်ရေးဇာတ်ကားကြီး
ကို မည်သူမျှ ကျော်ကြည့်မရသလို
ဇာတ်ကားပြီးဆုံးသည်ထိအောင်။
ဓမ္မဇာတ်ကားကြီး အဖြစ်အောင်မြင်ပြီးစီးဖို့
ဝိုင်းဝန်းပါဝင် ကြိုးစားကြပါစို့။

@htwegyi



0
0
0.000
1 comments