အပြန် အပြန်လာဟေ့ အသွား အသွားပါဗျို့

avatar

image

လီဘရာ ထွက်လာပြီတဲ့။ ဝမ်းသာသလို
ဘာလိုလို။ သို့သော် သူထွက်လာလည်း
ကိုယ်နဲ့ သိပ်မဆိုင်ပါဘူး။ မဆိုင်ဆို
လုံးဝ မဆိုင်တာတော့မဟုတ်ဘူးပေါ့။
Crytocurrency လောကကြီးတော့
လှုပ်လှုပ်ရှားရှားဖြစ်သွားမလား။
ကိုယ့်တွေ့ရဲ့ဂရုမှာ တစ်ယောက်က
လီဘရာ ထွက်လာပြီးလို့ လာမန့်တော့
နည်းနည်းရင်ခုန်သွားတယ်။

သေချာသွားကြည့်မှ 2019 ခုနှစ်ကဟာကို
ပြန်ရှယ်ထားတာ။ မည်သို့ဆိုစေ ကိုဗစ်ကာလ
မှာ အင်တာနက်ငွေကြေးစီးဆင်းမှု Digital Currency က မဖြစ်မနေ လုပ်ဆောင်
ကြရပါတော့မည်။ မနေ့က ကြာသာပတေးနေ့မှာ
ရုံးမှဝန်ထမ်းများ KBZ bank သို့ ငွေစုစာအုပ်နှင့်
ငွေထုတ်ကတ်များ သွားရောက်လုပ်ကြရသည်။

img_0.943462875616184.jpg

ရုံးသူရုံးသားများအနေဖြင့် KBZ bank
ငွေထုတ်ကတ်ဖြင့် လစာထုတ်ယူရပါက
ပြဿနာမရှိပါ။ သို့သော် အောက်ရုံးများမှ
သံလမ်းလုပ်သားများအတွက် အနည်းငယ်အခက်အခဲဖြစ်စေမည်။ အခက်အခဲဆိုသော်လည်း
နှစ်လ သုံးလ လောက်သာ ခက်ခဲမည်ဟု
ကျွန်တော်ထင်ပါသည်။

လူတိုင်း နည်းပညာများဖြင့် ရင်းနှီးက
မစိမ်းတော့ပေမည်။ အစပထမတော့
အခက်အခဲများ၊ ပြဿနာများဖြစ်ပေမည်။
ကျွန်တော်တို့ရုံးအဖွဲ့များပင် ငွေထုတ်ကတ်ကို
အသုံးမပြုတတ်ကြသေးပေ။ KBZ bank
မှ ဝန်ထမ်းများက ပြသပေးမှသာ ငွေထုတ်ကတ်
ကို အသုံးပြုတတ်ကြသည်။

မည်သို့ဆိုစေ တဖြည်းဖြည်းဖြင့် နည်းပညာများ
ဆီသို့ တစ်လှမ်းချင်း တရွေရွေ့သွားရပေမည်။
အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင်
လိုက်ပါစီးမျှောရပေမည်။ ဒါမှသာ
ကျွန်တော်တို့တွေ သူများနောက်ကောက်ကျမှုကို
တတ်နိုင်သမျှ အမှီလိုက်နိုင်ပေတော့မည်။
သူများတွေက ပြန်လာပြီ ကိုယ်တွေက
ခုမှ သွားတုန်းပေါ့လေ။

@htwegyi



0
0
0.000
10 comments
avatar

သွားနေရင်ကို တော်လှပါပြီဗျာ

0
0
0.000
avatar

ဒါလည်း ဟုတ်တာပဲဗျို့ ရပ်မနေပဲ သွားနေတာဆိုတော့

0
0
0.000
avatar

ကျနော် ဘာပြောရမှန်းမသိပါ ဆရာ

0
0
0.000
avatar

သိတာပဲ ပြောပါဗျာ

0
0
0.000
avatar

အဆင်ပြေသလို ပြောပါ ဆရာဗစ်

0
0
0.000
avatar

ခေတ်မီနိုင်ငံတော်ကြီး ဆီသို့

0
0
0.000
avatar

ခေတ်မီအောင်ပင် မြန်မာမြေတစ်ဝှမ်းမှာ Cryto အစွမ်းကိုပြမည်

0
0
0.000
avatar

Hivepay ဆိုပြီးတော့ CTP အဖွဲ့စည်းကတော့ လုပ်ဆောင်ဖို့ ​ကြိုးပမ်းနေတယ်။
Hivepay နဲ့အွန်းလိုင်းပေါ်က ငွေပေးချေဖို့အတွက်ပေါ့။ မြန်မာနိုင်ငံကို
ရောက်လာဖို့ကတော့....

0
0
0.000
avatar

စောင့်မျှော်ရသူ မောလှပြီပေါ့ကွယ်

0
0
0.000