280ကျပ် နှင့် ညားခဲ့ရသော စတီး

avatar

image

Steemit မှ Hive သို့ပြောင်းသည့်အခါ
steem 1200ကျော်ခန့်ရှိခဲ့သည်။
Steem 1200ဖြစ်၍ Hive 1200 ရရှိခဲ့သည်။
ဒါက Steemit မှ Hive အပြောင်းအလဲကာလ
ကျွန်တော်တို့ပိုစ့်ရေးသားသူများ အမြတ်ရရှိခဲ့ခြင်း
ဖြစ်ပေသည်။ ကျန်ရှိခဲ့သည့် steem များကို
တစ်ဝက်ရောင်းပြီး တစ်ဝက်ကို hive
ပြောင်းရန်စိတ်ကူးခဲ့သည်။

ကျွန်တော် အင်္ဂါနေ့က စတီး 400 ရောင်း
လိုက်သည်။ 280ကျပ်ဈေးနှုန်းဖြင့်ရောင်း
လိုက်သည်။ အမှန်တကယ်ရည်ရွယ်ချက်က
ဈေးနှုန်း500ကျပ်ဖြစ်မှရောင်းမည် စိတ်ကူးထားသည်။ ကျွန်တော့်ရည်မှန်းချက်က
တော်တော်နှင့်မရောက်နိုင်။ 500ကျပ်ထိ
ဈေးမရောက်နိုင်၍ 380ကျပ်ဈေးတွင်ရောင်း
မည်ဟု ဆုံးဖြတ်လိုက်သည့်အခါ ကိုယ့်ရဲ့
စတီးများက ပါဝါမဒေါင်းရသေးပေ။

20200723_134035.jpg

380ကျပ်မှနေ၍ ယခုအချိန်ထိ 300ကျပ်ထိ
ဈေးနှုန်က တက်မလာပေ။ ကိုယ်ရဲ့
စတီးများကလည်း ပါဝါဒေါင်းပြီးဖြစ်သည်။
350ကျပ်နှင့်ရောင်းမည့်စိတ်ကူးသည်
ဈေးမတက်နိုင်သဖြင့် 300ကျပ်ဖြင့်ရောင်း
ရန်စိတ်ကူးပြန်သည်။ ကိုယ့်စိတ်ကူးကို
ဈေးကွက်က သိလားမသိပေ။
300ကျပ်ထိကို ပေးမရောက်ပေ။
စိတ်ပေါက်ပေါက်နှင့် ဒီလောက်ရှိတာ
ရောင်းမယ်ဟ ဆိုပြီ ဝယ်သူထံကို
အကြောင်းကြားလိုက်တော့။

"ဟုတ်ကဲ့ steem မဝယ်သေးပါရှင်"

တဲ့။ မှတ် ဟ။

ကိုင်း ဒါနဲ့ ဒီလောက်ရှိတာ ပစ်ထားလိုက်မယ်ပေါ့။

တစ်ပတ်လောက်အကြာမှာ steem ပြန်ဝယ်
ပါသည်ဟု အကြောင်းကြားလာသည်။
300ကျပ်ရောက်မှ ရောင်းမယ်ဟု
အကြောင်းပြန်လိုက်သည်။ သို့သော်
မိတ်ဆွေမှ 20 ပဲကွာတာ ရောင်းလိုက်ပါ
နင့်ဟာက ရောင်းမယ်စိတ်ကူးတာ
ကြာနေပြီ ဟုပြောသည်။ ကျွန်တော်ကလည်း
ဟန်ပင်မဆောင် အားနာတတ်သူ
ဆိုတော့ကာ ကဲ 280ကျပ်နဲ့
ရောင်းမည်ဟု အကြောင်းပြန်၍
ရောင်းလိုက်ပါတော့သည်။

500ကျပ်မှရောင်းမည့်စိတ်ကူးက
500ကျပ် မရောက်ခဲ့‌ပေ။
380ကျပ်မှာ ရောင်းချင်ပါသော်လည်း
ပါဝါက မဒေါင်းရသေး။
အော် 280ကျပ်မှ ညားရ‌လေသလား
စတီးရယ်။

@htwegyi



0
0
0.000
2 comments
avatar

တိုက်ရိုက် မရောင်းရဘူးဗျ
Exchange မှာ trade ရတယ် မြတ်တာ ရောင်းထုတ်မယ်

0
0
0.000
avatar

နို့ သိမှ မသိပဲကို ကိုယ်တေွက steem ကနေ hive ပြောင်းတာတောင် တိုင်ပတ်နေတာ။

0
0
0.000