2020 ရွေးကောက်ပွဲကြီးမှာ အားဖြည့်ပါဝင်ခဲ့ပြီ

avatar

image

ပင်ပန်းရသလောက် ကြည်နူးဝမ်းသာရပါသည်။
8-11-2020 နေ့ နံနက် 4:30 နာရီအရောက်
မဲရုံသို့ သွားရသည်။ နံနက် 6နာရီမှ 12နာရီအထိ
မဲစာရွက် ရေးပေးရသည်မှာ ရေမသောက်၊
အပေါ့‌အ‌လေးမသွား တောက်လျှောက် ထိုင်ကာ
ရေးပေးရသည်။

လူနည်းပါးသွားမှ မတ်တပ်ရပ်၍ခါး‌ဆန့် အနည်းငယ်
လှုပ်ရှားသည့်အခါ မျက်လုံးတို့က ပြာ၍ ဝါးတားတား
ဖြစ်နေသည်။ နေ့လည်ပိုင်းရောက်ချိန်မှာ
လူအနည်းငယ် ပါးသွား၍ တော်ပေသေးသည်။
တာဝန်ကျရာ မဲရုံမှာ ချမ်းအေးသာစံမြို့နယ်၊
ဟေမာဇလရပ်ကွက်၊ မဲရုံအမှတ် (2) မန္တလေးမြို့
ဖြစ်သည်။

မဲပေးသူ 2077 ဦးရှိသည်အနက် ကြိုတင်မဲ
500 ကျော်ပေးထားပြီးဖြစ်သည်။ မဲလာရောက်
မပေးသူ တစ်ရာကျော်ရှိသည်။ နံနက် 6နာရီ
မထိုးမီ မဲရုံမဖွင့်မီကပင် မဲပေးသူပြည်သူတို့က
မဲရုံရှေ့သို့ တန်စီရောက်ရှိနေကြသည်။

20201109_193504.jpg

ညနေ 4နာရီထိုးသည့်အခါ မဲရုံပိတ်သည်။
မဲစာရင်းများစစ်ဆေးသည့်အခါ ကြိုတင်မဲများကို
စတင်ရေတွက်ရသည်။ မဲရုံစောင့်ကြည့်
လေ့လာသူတို့က 10ဦးအထက်ရှိသည်။
ကြိုတင်မဲ ရေတွက်သည့်အခါ ညနေ6နာရီ
ရှိပေသည်။ မဲပုံအတွင်းမှ ကြိုတင်မဲစာအိတ်များကို
ပြည့်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်
တိုင်းဒေသကြီးလွှတ်တော်ဟူ၍ စာအိတ်များခွဲထုတ်ရသည်။

ခွဲထုတ်ပြီးသော ကြိုတင်မဲစာအိတ်များကို
ဖွင့်ဖောက်ရေတွက်ပြရသည်။ ကြိုတင်မဲရေတွက်ပြီးသည့်အခါ ည 7နာရီရှိပြီဖြစ်သည်။ ဆက်လက်
၍ ခိုင်လုံမဲများ စ၍ရေတွက်သည်။
မဲပုံးလေးပုံးအနက်တစ်ပုံးမှာ တိုင်းရင်သားမဲပုံးဖြစ်၍
မဲအနည်းဆုံးဖြစ်သည်။ ကျန်သုံးပုံးကို ရေတွက်ရာမှာ
တစ်ပုံးကို 45မိနစ်ကြာစွာ ရေတွက်ပြသရသည်။
ခိုင်လုံမဲရေတွက်သည့်အခါ ပယ်မဲများကိုတွေ့ရှိရသည်။ ကြိုတင်မဲတွင်လည်း ပယ်မဲများပါရှိသည်။
မဲများတွက်ချက်ရေတွက်၍ ချိပ်ပိတ်ကာ
ကော်မရှင်ရုံးပို့ပေးရသည်။ အိမ်ပြန်ရောက်ချိန်မှာတော့ ည12နာရီရှိပေသည်။

အချို့ပယ်မဲများသည် အလွန်ဆိုးဝါးလှပေသည်။
တံဆိပ်တုံးထုရမည့် အကွက်များကို အပေါ်မှ
အောက်သို့ တောက်‌လျှောက်ပွတ်ဆွဲထားသည်။
တော်တော်ဆိုးရွားလှပေသည်။ အချို့မဲများက
တံဆိပ်တုံးကို နှစ်ကွက်ထုထားသည်။
အချို့က တံဆိပ်တုံးကို နှစ်ကွက်ခွထုထားသည်။
အချို့က တစ်ကွက်မှ တံဆိပ်တုံးထုမထားပေ။
မည်သို့ပင်ဆိုစေ အထွေထွေရွေးကောက်ပွဲကြီးက
အောင်မြင်စွာပြီးဆုံးခဲ့‌ပြီဖြစ်သည်။

@htwegyi



0
0
0.000