နွားမွေးမြူရေး နှင့် နွားစားကျက်
မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဒီရက်ပတ် ကျွန်တော် နေထိုင်ရာ အနားက လမ်းမှာတော့
နွားအုပ်တွေ ဖြတ်သွားနေတာ ခဏခဏ မြင်တွေ့နေရပါတယ်။
ဒါက ငါန်းဇွန် ၊ မြို့သာ နယ်တွေက နွားအုပ်တွေပါ။
ထိုဒေသမှာ နွားစားကျက် ရှားပါးလာတာနဲ့ နွားစာကျက်
ကောင်းရာ မတ္တရာမြို့နယ် ဘက်သို့ ရွှေ့ပြောင်းကြခြင်း
ဖြစ်ပါတယ်။
နွားကောင်ရေ များသည့် အတွက် ခြံထဲမှာပဲ ထားပြီး
ကျွေးမွေးဖို့ ကုန်ကျစရိတ် များတာကြောင့် စားကျက်ကွင်းထဲ
လွှတ်ကျောင်းနိုင်မယ့် နေရာသို့ ပြောင်းပြီး နွားမွေးမြူရေး
လုပ်ကြခြင်းပေါ့။
ဒီအရွယ်ရောက် နွားမ တစ်ကောင်ဆို မြန်မာငွေ ကျပ် ၁၀ သိန်း
ဝန်းကျင် တန်ဖိုး ရှိပါတယ်။ ခုခေတ်မှာတော့ နွားမွေးပြီး
တရုတ်ပြည်ဘက် တင်ပို့ ရောင်းကြတာ များပါတယ်။
အမဲသားဈေး ကောင်းတာကြောင့် ရင်းနှီးငွေ များများ ရှိပြီး၊
အပင်ပန်း ခံနိုင်ရင် နွားမွေးရတာ အဆင်ပြေပါတယ်။
ကဲ ဘယ်လိုလဲ မွေးကြဦးမလား။
0
0
0.000
နွားတွေ များလှချည်လား
ကိုယ့်နွားမှ မဟုတ်ဘဲလေ
အားကျစရာကြီးဗျာ
ကိုယ်နွားတွေသာ ဆိုရင်
နွားကျောင်းသား ပျော်ပါးပါတဲ့ သိုက်မြုံ
လမ်းမပေါ် နွားတွေကျောင်းတာ အန္တရာယ်တော့များမယ်
စားကျက် ရွှေ့တာ ဆိုတော့လည်း လမ်းမပေါ်ပဲ သွားကြပေါ့။
လမ်းရှုတ် ကားရှုတ် အန္တရာယ်တော့ ရှိတာပေါ့။