ဘုရားပန်းကပ်သည့် အကြောင်းနှင့် စပ်လျှဉ်း၍

မင်္ဂလာပါ။

ဒီနေ့တော့ ကိုယ်နေတဲ့ အခန်းလေးက ဘုရားစင် မှာ ကပ်လှူထားသော ပန်းတွေ အကြောင်း ပြောပါဦးမယ်။

ကျွန်တော်တို့က မိရိုးဖလာဗုဒ္ဓဘာသာဝင် ဆိုတော့ကာ မိမိနေထိုင်ရာ အိမ် ဖြစ်ဖြစ်၊ အ‌ခန်းဆောင် ဖြစ်ဖြစ်၊ ဆိုင်ခန်း ဖြစ်ဖြစ် ဘုရားစင်လေးတော့ ထားရှိကြပါတယ်။
ဘုရားစင်မှာ ဗုဒ္ဓရုပ်ပွားတော် သို့မဟုတ် ပုံတော် ထားရှိကာ ပူဇော်ကြပါတယ်။

ဘုရားစင် ဟု ပြောရတာ မကောင်းပါဘူး။
ဘုရားဆောင် ဟု သုံးနှုန်းရင် ပိုကောင်းပါမယ်။
သို့ပေသော်လည်း ကိုယ်နေတာကမှ ၇ပေ ၁၂ပေ အခန်းလေးထဲ ဆိုတော့ကာ ဘုရားစင် ဟုသာ။ ဆိုမိပါတော့သည်။

ဘုရားစင် နှင့် ဘုရားပုံတော် နှင့် ဆိုတော့ အနည်ဆုံးတော့ သောက်တော်ရေချမ်း ကပ်လှူ ဖြစ်ပါတယ်။
ထို့အပြင် သပ်ပါရဖြစ်အောင် နှင့် ဓလေ့အရ ပန်း ကပ်လှူပူဇော်ပါသည်။
မြတ်စွာဘုရား လက်ထပ်တော်က ဘုရားပန်းကပ်သည့် အလေ့အထ ရှိမရှိ မသိပါ။
ဘုရားပန်း သည် ဘုရား အတွက် အလှအပ လား။
ရနံ့ကောင်းဖို့လား ဘာရည်ရွယ်ချက်လဲ ရှင်းလင်းစွာ မသိပါ။

ယခုခေတ် ကျော်စောသော ဘုန်းကြီးများ တရားပွဲကျင်းပရာ၌လည်း ဘုန်းကြီး ထိုင်သော ပလ္လင် ၌ ပန်းမျိုးစုံ လှပဝေဆာစွာ ဆင်မြန်းတတ်ကြပါသည်။
သံသရာဝဲဩဃ မှ လွတ်လမ်းကို ဟောကြားမည့်သူတို့မှာ အဆင်းအနံ့အရသာ လောကီစည်းစိမ်အပေါ်သာယာနေသလို ဖြစ်နေပါသည်။

အမှန်စင်စစ် ဘုရားရှင်ကိုယ်တော်မြတ် ရှေ့မှာ ပန်းမျိုးစုံ အလှဆင်ထားသည်ကိုတော့ မြတ်စွာဘုရား က ကြိုက်နှစ်သက်လိမ့်မည် မထင်ပါ။

အင်း အကျွင်္နုပ် လည်း ဘုရားပန်း ကပ်လှူတာကို တောင်တွေး ‌မြောက်တွေးနဲ့ ဖိရိုးဖလာဗုဒ္ဓဘာသာ ဆိုတော့လည်း ဝိဝါဒတွေ များပါဘိဗျာ။
မိတ်ဆွေတို့ရော အဘယ်သို့ သဘောရကြပါသလဲ။

@golden.future



0
0
0.000
20 comments
avatar

အဲဒါက ပြောရခက်ပါတယ်။ မြတ်စွာဘုရားကတော့ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူတွေက ကြည်ညိုစိတ် သဒ္ဓါနဲ့ ပူဇော်ကြတာကနေ ရိုးရာဓလေ့ဖြစ်သွားတာလို့ ထင်ပါတယ် !LOLZ

0
0
0.000
avatar

ရိုးရာကတော့ အများသား
!PIZZA
!MEME
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @naythan

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ရိုးရာထဲ ရောပါနေသူပါ

0
0
0.000
avatar

မည်သို့ပင်ဆိုစေ ဘုရားပန်းကပ်တော့ ပန်းကပ်တဲ့ ကုသိုလ်ဖြစ်ပြီပေါ့...စိတ်ကလေးပဲ ထားတတ်ဖို့လိုမှာပေါ့...!LUV !MEME

0
0
0.000