We love BG

avatar

FB_IMG_1599214068459.jpg

M2 ပြိုင်ပွဲကတော့ ပြီးသွားခဲ့ပြီ ဖြစ်၏။ မြန်မာနိုင်ငံ ကိုယ်စားပြု BG အသင်းကတော့ Final မှာ ဖိလစ်ပိုင် နိုင်ငံမှ BREN အသင်းကို ရှုံးနိမ့်ပြီး 1 st runner up ဆုနှင့်သာ ကျေနပ်ခဲ့ရ၏။ champion မဖြစ်ခဲ့ပေမယ့် လက်စွမ်းအားဖြင့်တော့ မနိမ့်ကျခဲ့ပေ။ under dog, dark horse အစရှိသဖြင့် မြန်မာ အသင်းကို သမုတ်ခဲ့ကြပေမယ့် မြန်မာ အသင်း အနေနှင့် မည်သူမှ မထင်မှတ်ထားသည့် စွမ်းရည်တွေကို ပြသခဲ့၏။ အစောပိုင်းက မြန်မာအသင်းကို အထင်သေးခဲ့သူများပင် တအံတသြ တလေးတစားနှင့် ပြန်လည် ချီးကျူးရသည် အထိပင် ဖြစ်၏။ champion မဖြစ်ပေမယ့် BG အတွက် ကျနော်တို့က ဂုဏ်ယူပါ၏။ နောက်ထပ် ပြိုင်ပွဲတွေ ရှိနေဦးမည် ဖြစ်သဖြင့် အကောင်းဆုံး လက်စွမ်း အကောင်းဆုံး စွမ်းရည်များ ဆက်လက်ပြသပါဦးလို့ ဂုဏ်ယူ အားပေးလိုက်ရပါသည်။

img_0.9586745709782747.jpg

Don Jaun



0
0
0.000
0 comments