ပြည်သူ့သံပုံး (ဗုံး) (၉၁)

avatar

img_0.7396728979294764.jpg

တဖြည်းဖြည်း
လျှော့ပေါ့ ဖြေလျော့ပေး သလိုလိုနဲ့
အခြေအနေတွေပဲ
အေးဆေး တည်ငြိမ်သွား သလိုလိုနဲ့

ဒီကောင်တွေက လိမ်စရာ မရှိ
မှန်ထိုင်ကြည့်ပြီး
ကိုယ့်ကို ပြန်လိမ်ကြမယ့်
လူစားမျိုးတွေ

အဲ့ကြောင့်လည်း ပြောကြတာ
ဘာတဲ့
အရူးတကာ အရူးတွေထဲ
ဥစ္စာရူးနဲ့ အာဏာရူး အဆိုးဆုံးပဲ

ခု...
ပြည်သူကို နှိပ်စက်
ပြည်ဖျက်နေတဲ့ ကောင်တွေကိုကြည့်
2 in 1 တွေ
နှစ်မျိုးပေါင်း ရူးနေတာ
ခိုးဆိုးလုယက်နေတာများ
ဗီလိန် ဇာတ်ရုပ်နဲ့
အကယ်ဒမီတွေ အထပ်အထပ်
ရမယ့်ဟာတွေ

မကြာခင်
ဒီကောင်တွေ
အရူး အဆင့်ထပ်တိုးလို့
သွေးရူးသွေးတမ်းနဲ့
ခွေးရူးဖြစ်ပြီး
မရှုမလှ ဇာတ်သိမ်းရဦးမှာ

အာဏာရူးတွေရဲ့
ဇာတ်သိမ်းခန်းဟာ
အပြုံးပန်း မဝေဘဲ
သေပန်းတွေ ပွင့်ဝေနေခဲ့ပေါ့

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun



0
0
0.000
2 comments
avatar

ဒင်းတို့တွေ သေပန်းပွင့်ကြတော့မှာပါ...
ပြည်သူ့မေတ္တာစူးတော့မှာပါ...

!PIZZA

0
0
0.000