ပြည်သူ့သံပုံး (ဗုံး) (၁၈၁)

avatar

img_0.7396728979294764.jpg

၆ လကျော်လာခဲ့ပြီ
ချွေးတွေ သွေးတွေ အသက်တွေ
စတေးခဲ့ရ ပေးဆပ်ခဲ့ရပြီ

ဘယ်လိုပင် ပေးဆပ်ခဲ့ရပါစေ
ခုချိန်ထိ တောင့်ခံလာနိုင်ခဲ့တာကိုက
ပြည်သူတွေရဲ့
အား၊ စည်းလုံးမှုကို မြင်ရတယ်

တခါမှ မဖြစ်ပေါ်ဖူးတဲ့
မုန်းတီးခြင်းမျိုးနဲ့
အာဏာရှင်ကို မုန်းတီးကြပြီး
ရှိသမျှ ခွန်အားနဲ့
တွန်းလှန်နေကြတာကိုသာကြည့်

စနစ်ဆိုးကြီး
သက်ဆိုး ထပ်မရှည်ဖို့
အသက်တွေ စတေးပြီး
ပြန်လည် တိုက်ထုတ်နေတာသာ ကြည့်

ပင်ပန်းသမျှ နာကျင်သမျှ ရင်နာရသမျှကို
ခါးစီးခံပြီး
ဒီမိုကရေစီ ပန်းတိုင်ကို
မရောက် ရောက်အောင် ချီတက်နေကြတာ
အဆုံးဖြတ်ပေးမယ့်
အဆုံးသတ် တိုက်ပွဲ အတွက်
ငါတို့
ဆက်အားမွေး အားပေး လိုက်ရအောင်လား

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar



0
0
0.000
1 comments