ပြည်သူ့သံပုံး (ဗုံး) (၁၇၄)

avatar

img_0.7396728979294764.jpg

ဘာမှ ပြောစရာမရှိ
မပြောနိုင်တော့ တာ
ပြောစရာ စကားမရှိတော့တာ
ရင်တွေလည်း နာလှပြီ

ငိုရလွန်းလို့ မျက်ရည်တွေလည်း
ထပ်မကျနိုင်တော့ဘူး

ရက်စက်လွန်း
လူမဆန်လွန်း လိုက်တာ
အလိမ်အညာတွေနဲ့
နှိပ်စက် သတ်ဖြတ်ခဲ့

ခုလည်း ကျည်မကုန်ဘဲ
လူတွေ ထပ်သတ်လို့
တနိုင်ငံလုံး သေရင်တောင်
ဒင်းတို့က အေးဆေးပဲ
ယုတ်မာချက်က ကမ်းကုန်

လုပ်ကြပေါ့
တူဖြစ်တုန်းလေး ထုထားကြဦးပေါ့
ဘဝတိုတိုလေးကို
ဒုက္ခ ပေါင်းစုံ ပေးနိုင်သူကြီး

ပြည်သူ့ မျက်ရည် သွေးတွေကို
စတေးပြီး ရတဲ့နေရာ
ကြာကြာမြဲမယ် ထင်သလား

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar



0
0
0.000
0 comments