ပြည်သူ့သံပုံး (ဗုံး) (၁၀၃)

avatar

img_0.7396728979294764.jpg

တနေ့တနေ့ တလံ
ပုဂံ ဘယ်မရွေ့တဲ့
ဒီမိုကရေစီ ပန်းတိုင်ကို
လှမ်းကိုင်နိုင်ဖို့
ငါတို့ အရောက်ချီမယ်

စိပ်စိပ်လှမ်းနိုင်သူက လှမ်း
ကျဲကျဲလှမ်းနိုင်သူက လှမ်း
ဘယ်လိုမှ မလှမ်းနိုင်သူက
ဘေးကနေ အားပေးပေါ့

စနစ်ဆိုး အိပ်မက်ဆိုးကြီးနေ
နိုးထဖို့
ငါတို့ ဒီတချီ အပီဝုန်း (ရုန်း) လိုက်ရအောင်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun



0
0
0.000
0 comments