Home Stay (Chapter 94)

avatar

IMG_4862-01.jpeg

အိမ်ရောက်တော့ စက်ဆင်ပြီး remote ကို စမ်းကြည့်၏။ ဟိုမှာ စမ်းပြီးပေမယ့် သေချာအောင် ထပ်စမ်းကြည့်ခြင်း ဖြစ်၏။ စလောင်းကို အိမ် အနောက်ဘက် သန့်စင်ခန်း ခေါင်မိုးပေါ်မှာ တင်ထားလိုက်၏။ တခုခုဆို လုပ်လို့ ပြုလို့ လွယ်အောင်ပေါ့။ စလောင်းကို အနောက်ဘက် (အနောက် တောင်ဘက်) သို့ လှည့်ထားလိုက်၏။ signal စစ်ကြည့်ရမည် ဖြစ်၏။ signal ကောင်းမှ လိုင်းငြိမ်မည် မဟုတ်လား။

စဖမ်းစမှာ လိုင်းက သုည ဖြစ်၏။ သုည ကနေ ရွှေ့ရင်း ဖမ်းရင်း (၆၀) တော့ ဖြစ်သွား၏။ သူက ဗုဒ္ဓလိုင်းကို အခြေခံပြီး လိုင်းဖမ်းရခြင်း ဖြစ်၏။ ဗုဒ္ဓလိုင်းနှင့် MRTV 4 (၂) လိုင်းကို ချိန်ရခြင်း ဖြစ်၏။ ထို (၂) လိုင်းလုံး လိုင်းကောင်းလျှင် ကျန်တဲ့ လိုင်းတွေလည်း အိုကေပြီ ဖြစ်၏။ ခုက ဗုဒ္ဓလိုင်း တခုပဲ တက်သေး၏။ MRTV 4 က သုညပဲ ရှိနေသေး၏။ သို့နှင့် လွိုင်လင်က စလောင်း ဆင်ပေးသည့် အကိုကို လှမ်းမေးတော့ ဗုဒ္ဓလိုင်း ကောင်းကောင်းမိသည့် နေရာဆိုလျှင် MRTV 4 လည်း မိပြီ ဟု ပြော၏။

IMG_20200704_121535.jpg

သို့နှင့် နေရာပြောင်းရပြန်၏။ ဗန်းကို နည်းနည်း ကစားပေးရင်း လိုင်းဖမ်း၏။ တနေရာ အရောက်မှာ ဗုဒ္ဓလိုင်း၏ signal က (၈၀) ဖြစ်သွား၏။ ဒီလောက်ဆိုလျှင်တော့ ရပြီ ထင်၏။ အခြား လိုင်းတွေ လည်း တက်လောက်ပြီပေါ့။ သို့ပေမယ့် လက်တွေ့မှာတော့ ထိုသို့ မဟုတ်နေပေ။ အခြား လိုင်းတွေက မတက်လာပေ။ သို့နှင့် လွိုင်လင်က အကိုကို ထပ်ဆက်ရပြန်၏။ network activate မလုပ်ရသေးလို့ဟု ပြောသဖြင့် setting ထဲ ဝင်ပြီး လုပ်ရသေး၏။

သို့မှသာ အခြား လိုင်းတွေလည်း တက်လာတော့၏။ လိုင်းလည်း ငြိမ်၏။ လိုင်းကောင်းကောင်း ငြိမ်ငြိမ် ရဖို့ အရေး ဗန်းချိန် ဗန်းထားနေရတာက အတော်လေး ကြာသွား၏။ ပြောရလျှင် ထိုဗန်းချိန်ရသည့် အလုပ်က အကြာဆုံး အလုပ် ဖြစ်၏။ ထို ဗန်းချိန်သည့် နေရာမှာ တော်တော်လေး အချိန်ပေးလိုက်ရ၏။ လူလည်း တော်တော်လေး ပင်ပန်းသွား၏။ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပြေနှင့် ရသွားတော့ ပျော်ရ၏။ ခုဆိုလျှင် ယခင်ထက် လိုင်းစုံအောင် ကြည့်ရတော့မည် ဖြစ်၏။ အထူးသဖြင့် ကျနော့် အကြိုက် ဘောလုံးပွဲတွေပေါ့။

Don Jaun



0
0
0.000
2 comments
avatar

ဘာစလောင်း ဆင်တာလဲဗျ

0
0
0.000
avatar

နောက်ဆုံးတော့ ဘော်လုံးပွဲ ကြည့်ချင်လို့ အဲသလောက် ကြိုးစားနေတာကိုး.....

0
0
0.000