Home Stay (Chapter 275)

avatar

FB_IMG_1599214068459.jpg

ဒီကာလမှာ ပွဲငတ်နေခဲ့တာ ကြာပြီ။ ပွဲလမ်း သဘင်တွေလည်း လုပ်မရ၊ လုပ်ခွင့်ကလည်း မရှိပေ။ ကျနော် ကြိုက်သည့် တန်ဆောင်တိုင်ပွဲတောင် မရှိခဲ့ဘူးကိုး။ တခါတလေ ကြိုကြားကြိုကြား ကျင်းပလေ့ရှိသည့် ဂီတ ဖျော်ဖြေပွဲတွေတောင် မကြည့်ရတာ အတော်ကြာပေါ့။ ကြာဆို show ပွဲတွေလည်း မရှိဘူးကိုး။ Online live show တွေ ရှိသည် ဆိုပေမယ့် အပြင်မှာ ကိုယ်တိုင်ကြည့်ရတာလောက်တော့ မကောင်းပေ။ အရသာကော ခံစား သက်ဝင်မှု ပိုင်းမှာပါ သိသာ၏။

သို့ပေမယ့် ရသေ့ စိတ်ဖြေလည်း ရှိတာ၊ ရတာလေး ကြည့်ပေါ့။ နှစ်သစ်ကူး countdown live show ပွဲ တွေလည်း December 31 က ကျင်းပ၏။ သိသည့်အတိုင်း online virtual live show ပဲပေါ့။ ကျနော်တော့ မကြည့်ဖြစ်ပေ။ နှစ်သစ်ကူးညတိုင်း Trekking သွားနေကြ မဟုတ်လား။ ဒီနှစ် မသွားရတော့ လူက နေရထိုင်ရ အဆင်မပြေပေ။ နေမထိ ထိုင်မသာနှင့် ဘာကို မကျေနပ်လို့ ဘာကို စိတ်ဆိုးရမှန်း မသိနေပေ။

Screenshot_2021-01-13-22-59-51-493_com.gse.plus365.jpg

December 31 countdown show မကြည့်ဖြစ်ပေမယ့် January 31 မှာ ကျင်းပမည့် show ပွဲကိုတော့ ကြည့်ဖြစ် ကြည့်ရပေလိမ့်မည်။ ဖျော်ဖြေမည့်သူတွေက IC က rocker ညီနောင် လေးဖြူနှင့် အငဲ။ ကိုယ့် အကြိုက် ကိုယ့် idol တွေ။ ဒီကာလကြီးဆိုတော့ ထုံးစံအတိုင်း online live show ပေါ့။ free တော့ မဟုတ်။ ဒါပေမယ့် စျေးလည်း မကြီးပေ။ လက်မှတ် တစောင်မှ 1000 ကျပ် ထဲရယ်။ ပြီး အနှီတထောင်က တယောက်ထဲ ကြည့်ဖို့မှ မဟုတ်ဘဲ phone တလုံးကို သူငယ်ချင်းတွေ အားလုံး ဝိုင်းကြည့်လို့ ရသည် မဟုတ်လား။ တန်ချက်။ ဒါပေမယ့် အဆိုပါ 1000 ကျပ်က ရက်သတ်မှတ်ချက် ရှိ၏။ 21 ရက် ညနေ ၅နာရီ မတိုင်မီထိသာ လက်မှတ် တစောင်ကို တထောင်နှင့် ရမည် ဖြစ်ပြီး ထို နာရီ ထိုရက် ကျော်လွန်သွားပါက တစောင် 3000 ကျပ် ပေးရမည် ဖြစ်။

ထို့ကြောင့် ကိုယ်တွေကတော့ စောစောစီးစီးပဲ လက်မှတ် ဖြတ်ထားလိုက်၏။ စောစောထသည့်ငှက် အစဝသည် မဟုတ်လား၊ ဘာပဲ ဖြစ်ဖြစ် early bird ပဲ။ (စျေးသက်သာသည် မဟုတ်လား) လက်မှတ် ဖြတ်ဖို့က ဘာမှ မခက် 365+ ဆိုသည့် app လေးထဲကနေ ဝယ်လိုက်ရုံပဲ။ လက်မှတ်ခကို phone bill နဲ့လည်း ပေးချေလို့ရသေးတယ်။ ကဲ ဦးကြီး ဘာလိုသေးလဲဗျာ။ Application link လေးပါ ထည့်ထားပေးမယ်။ Home Stay ရင်း rock နိုင်ကြပါစေ။

https://play.google.com/store/apps/details?id=com.gse.plus365

Don Jaun



0
0
0.000
0 comments